ေတာင္ႀကီးခရိုင္ NLD ဥကၠဌအား ဦး၀င္းထိန္မွ ထုတ္ပယ္

ေတာင္ႀကီးခရိုင္ NLD ဥကၠဌအား ဦး၀င္းထိန္မွ ထုတ္ပယ္
စက်တင်ဘာ 4, 2016
By Tachileik News Agency

ေတာင္ႀကီးခရိုင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ခရိုင္ဥကၠဌမွာ လူမႈကြန္ရက္ ေဖ့ဘုတ္တြင္ "ႏိုင္ငံေရးသမိုင္းက ေငြေပး၀ယ္လို႔မရဘူး"ဟု ေရးသားသျဖင့္ NLD ဗဟိုအလုပ္အမႈေဆာင္ ဦး၀င္းထိန္က ေတာင္ႀကီးခရိုင္ NLD ဥကၠဌအား ပါတီမွ ထုတ္ပယ္လိုက္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္ Facebook မွာေရးတယ္ ႏိုင္ငံေရးသမိုင္းက ေငြေပး၀ယ္လို ႔မရဘူးလို႔ေရးတယ္ အဲ့ဒါေၾကာင့္ ထုတ္တယ္လို႔ ေျပာတယ္၊ ျပည္နယ္ CEC ကို ျပန္ေရြးမယ္လို႔ေျပာတယ္ ဗဟိုက တရား၀င္ စာရြက္စာတမ္း၊ ညႊန္ၾကားခ်က္ တစ္စံုတစ္ရာ မပါဘဲနဲ႔ အခုလို လာေျပာတာ လက္မခံဘူးလို႔ ေျပာလို႔တဲ့"ဟု ေတာင္ႀကီးခရိုင္ အမ်ိဳးသားဒီမိုကေရစီဥကၠဌ ဦးတင္ေမာင္တိုးက ေျပာသည္။

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္(NLD)ပါတီမွ ဗဟိုအလုပ္အမႈေဆာင္ ဦး၀င္းထိန္မွ ေတာင္ႀကီးၿမိဳ႕သို႔ ေရာက္ရွိလာၿပီး ျပည္နယ္အဆင့္ CEC အားျပန္လည္ေရြးခ်ယ္ရန္ အစည္းအေ၀းေခၚရာမွ ဦးတင္ေမာင္တိုးအား ပါတီမွ ထုတ္ပယ္သည္ဟု စက္တင္ဘာလ(၄)ရက္ေန႔ နံနက္ပိုင္းတြင္ ေျပာၾကားျခင္းျဖစ္ေၾကာင္း၊ ပါတီမွ တရား၀င္ ထုတ္ပယ္ရန္ စည္ကမ္းထိန္းသိမ္းေရး ေကာ္မတီ၏ စစ္ေဆးဆံုးျဖတ္ခ်က္အရသာ ထုတ္ပယ္ခြင့္ရွိသျဖင့္ တရား၀င္ အျပစ္ရွိေၾကာင္း စစ္ေဆးေပၚေပါက္မွသာလွ်င္ ထုတ္ပယ္ျခင္းအား လက္ခံမည္ျဖစ္ေၾကာင္း ၎မွ ေျပာသည္။

ေတာင္ႀကီးခရိုင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးတင္ေမာင္တိုးအား ပါတီမွ ထုတ္ပယ္သည့္အေပၚ ေတာင္ႀကီးၿမိဳ႕ရွိ ပါတီ၀င္အခ်ိဳ႕မွလဲ လက္မခံေၾကာင္း ဆႏၵျပဳ လက္မွတ္မ်ားေကာက္ခံကာ NLD ပါတီ ဥကၠဌ ျဖစ္သည့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ ေပးပို႔သြားရန္ ျပင္ဆင္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခရိုင်ဥက္ကဌမှာ လူမှုကွန်ရက် ဖေ့ဘုတ်တွင် "နိုင်ငံရေးသမိုင်းက ငွေပေးဝယ်လို့မရဘူး"ဟု ရေးသားသဖြင့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က တောင်ကြီးခရိုင် NLD ဥက္ကဌအား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

"ကျွန်တော် Facebook မှာရေးတယ် နိုင်ငံရေးသမိုင်းက ငွေပေးဝယ်လို့မရဘူးလို့ရေးတယ် အဲ့ဒါကြောင့် ထုတ်တယ်လို့ ပြောတယ်၊ ပြည်နယ် CEC ကို ပြန်ရွေးမယ်လို့ပြောတယ် ဗဟိုက တရားဝင် စာရွက်စာတမ်း၊ ညွှန်ကြားချက် တစ်စုံတစ်ရာ မပါဘဲနဲ့ အခုလို လာပြောတာ လက်မခံဘူးလို့ ပြောလို့တဲ့"ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီဥက္ကဌ ဦးတင်မောင်တိုးက ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်မှ တောင်ကြီးမြို့သို့ ရောက်ရှိလာပြီး ပြည်နယ်အဆင့် CEC အားပြန်လည်ရွေးချယ်ရန် အစည်းအေဝးခေါ်ရာမှ ဦးတင်မောင်တိုးအား ပါတီမှ ထုတ်ပယ်သည်ဟု စက်တင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းတွင် ပြောကြားခြင်းဖြစ်ကြောင်း၊ ပါတီမှ တရားဝင် ထုတ်ပယ်ရန် စည်ကမ်းထိန်းသိမ်းရေး ကော်မတီ၏ စစ်ဆေးဆုံးဖြတ်ချက်အရသာ ထုတ်ပယ်ခွင့်ရှိသဖြင့် တရားဝင် အပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက်မှသာလျှင် ထုတ်ပယ်ခြင်းအား လက်ခံမည်ဖြစ်ကြောင်း၎င်းမှ ပြောသည်။

တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးအား ပါတီမှ ထုတ်ပယ်သည့်အပေါ် တောင်ကြီးမြို့ရှိ ပါတီဝင်အချို့မှလဲ လက်မခံကြောင်း ဆန္ဒပြု လက်မှတ်များကောက်ခံကာ NLD ပါတီ ဥက္ကဌ ဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သွားရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~