မံုရြာၿမိဳ႕ စက္မႈဇုန္ရပ္ကြက္ရွိ ဂြမ္းဖတ္စက္ရံုအတြင္း မီးေလာင္မႈျဖစ္

မံုရြာၿမိဳ႕ စက္မႈဇုန္ရပ္ကြက္ရွိ ဂြမ္းဖတ္စက္ရံုအတြင္း မီးေလာင္မႈျဖစ္
စက်တင်ဘာ 2, 2016
By Tachileik News Agency

မံုရြာၿမိဳ႕ စက္မႈဇုန္ရပ္ကြက္ရွိ ဂြမ္းဖတ္စက္ရံုအတြင္း စက္တင္ဘာလ(၁)ရက္ေန႔ ည(၉)နာရီခြဲအခ်ိန္ခန္႔က စက္လည္ပတ္ရာမွ ဂြမ္းဖတ္စတြင္ ေက်ာက္ခဲပါ၍ မီးေလာင္ကၽြမ္းမႈျဖစ္ပြားခဲ႔ျပီး စက္ရံု၀န္းအတြင္းရွိ စက္ရံုအေဆာက္အဦ အပါအ၀င္ အလုပ္သမားေနထိုင္သည့္ တဲအိမ္(၂)လံုးမီးေလာင္ကၽြမ္းခဲ့ေၾကာင္း သိရသည္။

"ဂြမ္းဖတ္စက္ဆိုတာ စက္လည္ပတ္တဲ႔ေနရာမွာ ဂြမ္းမွတပါး တျခားမာေက်ာတဲ႔ပစၥည္းပါသြားရင္ မီးေလာင္တတ္ပါတယ္။ အခုေလာင္ကၽြမ္းတာလဲ အဲလို ေက်ာက္ခဲစပါသြားလို႔ ေလာင္ကၽြမ္းခဲ႔တာပါ။ အစက စက္ရံုအရင္ေလာင္တယ္။ ေနာက္ၿပီး စက္ရံုဝန္းထဲက အလုပ္သမားေတြေနတဲ့ အိမ္ ႏွစ္လံုးဘက္ကို ကူးစက္သြားတာပါ" ဟု တိုင္းမီးသတ္ဦးစီးဌာနမွ ဦးစီးမွဴး ဦးမင္းစန္းေအးက ေျပာသည္။

စက္ရံုမီးေလာင္ကၽြမ္းမႈအား မီးသတ္ယာဥ္ (၁၂)စီး၊ ေရသယ္ယာဥ္ (၁၁) စီး၊ အရံမီးသတ္တပ္သား (၁၀၀) ခန္႔ႏွင့္ ၿမိဳ႕ခံ ျပည္သူမ်ားမွ ဝိုင္းဝန္းၿငႇိမ္းသတ္ခဲ႔ရၿပီး ေလာင္ကၽြမ္းမႈေၾကာင့္ ဆံုးရွံဳးသည့္တန္ဖိုးမွာ က်ပ္(၆၂၀,၀၀၀)ရွိေၾကာင္း မီးသတ္ဦးစီးဌာနမွ သိရသည္။

"ကြ်န္မက မီးခိုးေတြအူလို႔ လွမ္းၾကည့္လိုက္ေတာ့ အတြင္းထဲ မီးေလာင္ေနတာကို ေတြ႕ရတယ္ မီးညႊန္႔က ေတာ္ေတာ္ႀကီးတယ္ ကြ်န္မျမင္လိုက္ရတဲ့ အခ်ိန္မွာေတာ့ မီးညႊန္႔က ဟိုဘက္တဲကို ကူးစက္ေနၿပီ"ဟု အဆိုပါ စက္ရံုအနီးေနထိုင္သူ ေဒၚျမင့္ျမင့္ဝင္းက ေျပာသည္။

မီးေလာင္ကၽြမ္းခဲ႔ေသာ စက္ရံုမွာ စက္မႈဇုန္ရပ္ကြက္ ၃၉ လမ္းအတြင္းရိွ ဟြန္ဒါဂြမ္းဖတ္စက္ရံုျဖစ္ၿပီး အလ်ား (၃၀) ေပ အနံ (၂၄) ေပ အျမင့္ (၁၈) ေပ ရိွေသာ စက္ရံုအေဆာက္အဦမွ စတင္ကာ ေလာင္ကၽြမ္းခဲ့ ျခင္းျဖစ္ကာ စက္ရံုဝန္းအတြင္းရိွ အလုပ္သမားတဲအိမ္ ႏွစ္လံုးသုိ႔ ကူးစက္ေလာင္ကၽြမ္းခဲ့ ေၾကာင္းသိရသည္။

မီးေလာင္ကၽြမ္းမႈမွာ လည္ပတ္ေနေသာ ဂြမ္းဖတ္စက္အတြင္းရိွ ဂြမ္းစထိုးသြင္းရာတြင္ ေက်ာက္ခဲစ ပါ၀င္ခဲ့ရာမွ မီးပြင့္ကာ ေဘးပတ္လည္ ဂြမ္းစမ်ားအား ကူးစက္ေလာင္ကၽြမ္းျခင္းမွ စတင္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ကိုင္းတိုင္း မီးသတ္ဦးစီးဌာနမွ သိရသည္။

မီးေလာင္ကၽြမ္းမႈျဖစ္စဥ္ေၾကာင့္ မီးေလာင္လြယ္ကူေစေသာအရာအား ေပါ့ေလ်ာ့စြာအသံုးျပဳခဲ့သူ စက္ရံုမန္ေနဂ်ာ ဦးစိုးလင္းအား အေရးယူေပးရန္ မံုရြာနယ္ေျမရဲစခန္းမွ ရဲအုပ္ရဲေအာင္က တရားလိုျပဳလုပ္၍ ရာဇသတ္ၾကီးပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။ ရန္ႏိုင္စိုး

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်ရှိ ဂွမ်းဖတ်စက်ရုံအတွင်း စက်တင်ဘာလ(၁)ရက်နေ့ ည(၉)နာရီခွဲအချိန်ခန့်က စက်လည်ပတ်ရာမှ ဂွမ်းဖတ်စတွင် ကျောက်ခဲပါ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး စက်ရုံဝန်းအတွင်းရှိ စက်ရုံအဆောက်အဦ အပါအဝင် အလုပ်သမားနေထိုင်သည့် တဲအိမ်(၂)လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

"ဂွမ်းဖတ်စက်ဆိုတာ စက်လည်ပတ်တဲ့နေရာမှာ ဂွမ်းမှတပါး တခြားမာကျောတဲ့ပစ္စည်းပါသွားရင် မီးလောင်တတ်ပါတယ်။ အခုလောင်ကျွမ်းတာလဲ အဲလို ကျောက်ခဲစပါသွားလို့ လောင်ကျွမ်းခဲ့တာပါ။ အစက စက်ရုံအရင်လောင်တယ်။ နောက်ပြီး စက်ရုံဝန်းထဲက အလုပ်သမားတွေနေတဲ့ အိမ် နှစ်လုံးဘက်ကို ကူးစက်သွားတာပါ" ဟု တိုင်းမီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းစန်းအေးက ပြောသည်။

စက်ရုံမီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ် (၁၂)စီး၊ ရေသယ်ယာဉ် (၁၁) စီး၊ အရံမီးသတ်တပ်သား (၁၀၀) ခန့်နှင့် မြို့ခံ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး လောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသည့်တန်ဖိုးမှာ ကျပ်(၆၂၀,ဝဝဝ)ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

"ကျွန်မက မီးခိုးတွေအူလို့ လှမ်းကြည့်လိုက်တော့ အတွင်းထဲ မီးလောင်နေတာကို တွေ့ရတယ် မီးညွှန့်က တော်တော်ကြီးတယ် ကျွန်မမြင်လိုက်ရတဲ့ အချိန်မှာတော့ မီးညွှန့်က ဟိုဘက်တဲကို ကူးစက်နပြေီ"ဟု အဆိုပါ စက်ရုံအနီးနေထိုင်သူ ဒေါ်မြင့်မြင့်ဝင်းက ပြောသည်။

မီးလောင်ကျွမ်းခဲ့သော စက်ရုံမှာ စက်မှုဇုန်ရပ်ကွက် ၃၉ လမ်းအတွင်းရှိ ဟွန်ဒါဂွမ်းဖတ်စက်ရုံဖြစ်ပြီး အလျား (၃၀) ပေ အနံ (၂၄) ပေ အမြင့် (၁၈) ပေ ရှိသော စက်ရုံအဆောက်အဦမှ စတင်ကာ လောင်ကျွမ်းခဲ့ ခြင်းဖြစ်ကာ စက်ရုံဝန်းအတွင်းရှိ အလုပ်သမားတဲအိမ် နှစ်လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ ကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုမှာ လည်ပတ်နေသော ဂွမ်းဖတ်စက်အတွင်းရှိ ဂွမ်းစထိုးသွင်းရာတွင် ကျောက်ခဲစ ပါဝင်ခဲ့ရာမှ မီးပွင့်ကာ ဘေးပတ်လည် ဂွမ်းစများအား ကူးစက်လောင်ကျွမ်းခြင်းမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် မီးလောင်လွယ်ကူစေသောအရာအား ပေါ့လျော့စွာအသုံးပြုခဲ့သူ စက်ရုံမန်နေဂျာ ဦးစိုးလင်းအား အရေးယူပေးရန် မုံရွာနယ်မြေရဲစခန်းမှ ရဲအုပ်ရဲအောင်က တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~