မိုင္းတံုၿမိဳ႕၌ အေျခခံပညာ ေက်ာင္းေပါင္းစုံ မီနီမာရသြန္ၿပိဳင္ပဲြ က်င္းပ

မိုင္းတံုၿမိဳ႕၌ အေျခခံပညာ ေက်ာင္းေပါင္းစုံ မီနီမာရသြန္ၿပိဳင္ပဲြ က်င္းပ
စက်တင်ဘာ 30, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္အားကစားႏွင့္ကာယပညာဦးစီးဌာနႏွင့္ ပညာေရးဌာနတို႔ ပူးေပါင္း၍ အေျခခံပညာေက်ာင္းေပါင္းစုံ မီနီမာရသြန္ၿပိဳင္ပြဲကို စက္တင္ဘာလ (၃၀)ရက္ေန႔ နံနက္ပိုင္းက က်င္းပရာ ေက်ာင္းသား (၇၈) ဦးပါဝင္ယွဥ္ၿပိဳင္ေၾကာင္း သိရသည္။

"ၿပိဳင္ပဲြဝင္(၇၈)ဦး ဝင္ၿပဳိင္တယ္။ ပထမဆုက်ပ္ (၅) ေသာင္း၊ ဒုတိယဆုက်ပ္ (၃) ေသာင္း၊ တတိယဆုက်ပ္ (၂) ေသာင္း၊ ႏွစ္သိမ့္ဆု(၅)ဆုကုိ က်ပ္တစ္ေသာင္းစီ သတ္မွတ္ေပးထားတယ္။ ေနာက္ထပ္ ဒီဇင္ဘာန႔ဲေဖေဖာ္ဝါရီမွာ ထပ္မံျပဳလုပ္ဖို႔ရိွပါတယ္"ဟု ၿမိဳ႕နယ္အား/ကာနည္းစနစ္မွဴး ဦးေအာင္ကုိကုိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါၿပိဳင္ပြဲတြင္ အထကမိုင္းတံုမွ ေမာင္တင္ဆန္းဦး၊ ေမာင္က်ခူးရဲွႏွင့္ ေမာင္ပိုင္ေဇယ်ာေက်ာ္တို႔က ပထမ၊ ဒုတိယႏွင့္ တတိယဆုအသီးသီးရရိွသြားေၾကာင္း သိရသည္။

 သတင္း/ဓာတ္ပံု - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲကို စက်တင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ ကျောင်းသား (၇၈) ဦးပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။

"ပြိုင်ပွဲဝင်(၇၈)ဦး ဝင်ပြိုင်တယ်။ ပထမဆုကျပ် (၅) သောင်း၊ ဒုတိယဆုကျပ် (၃) သောင်း၊ တတိယဆုကျပ် (၂) သောင်း၊ နှစ်သိမ့်ဆု(၅)ဆုကို ကျပ်တစ်သောင်းစီ သတ်မှတ်ပေးထားတယ်။ နောက်ထပ် ဒီဇင်ဘာနဲ့ဖေဖော်ဝါရီမှာ ထပ်မံပြုလုပ်ဖို့ရှိပါတယ်"ဟု မြို့နယ်အား/ကာနည်းစနစ်မှူး ဦးအောင်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါပြိုင်ပွဲတွင် အထကမိုင်းတုံမှ မောင်တင်ဆန်းဦး၊ မောင်ကျခူးရှဲနှင့် မောင်ပိုင်ဇေယျာကျော်တို့က ပထမ၊ ဒုတိယနှင့် တတိယဆုအသီးသီးရရှိသွားကြောင်း သိရသည်။

 သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~