ရွမ္းျပည္နယ္ေျမာက္ပိုင္းသို႔ တရားမဝင္တင္သြင္းသည့္ အစားအေသာက္မ်ားအား Mobile Team ျဖင့္ စစ္ေဆးေတာ့မည္

ရွမ္းျပည္နယ္ေျမာက္ပိုင္းသို႔ တရားမဝင္တင္သြင္းသည့္ အစားအေသာက္မ်ားအား Mobile Team ျဖင့္ စစ္ေဆးေတာ့မည္
စက်တင်ဘာ 6, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသမ်ားသို႔ နယ္စပ္ေဒသမ်ားမွ တရားမဝင္တင္သြင္းလာသည့္ စားသံုးရန္မသင့္ေသာ အစားအေသာက္မ်ားအား တားဆီးႏုိင္ေရး အတြက္ တရုတ္ႏုိင္ငံႏွင့္ နယ္စပ္ဂိတ္ သံုးခုမွ ဝင္လာသည့္ လမ္းေၾကာင္းမ်ားတြင္  Mobile Team ျဖင့္ စစ္ေဆးႏုိင္ရန္ ေဆာင္ရြက္ ေနေၾကာင္း သိရသည္။

Mobile Team စစ္ေဆးမႈမ်ားကို ျပည္နယ္အစိုးရအစီအစဥ္ျဖင့္ လုပ္ေဆာင္ႏုိင္ရန္ လ်ာထားေၾကာင္း လားရွိဳးၿမိဳ႕ စားသံုးသူေရးရာဦးစီးဌာနမွ သိရသည္။

"ရွမ္းျပည္နယ္ အစိုးရအဖြဲ႕က နယ္စပ္ဂိတ္ေတြျဖစ္တဲ့ ေလာက္ကိုင္၊ ခ်င္းေရႊေဟာ္၊ မူဆယ္နယ္စပ္ ဂိတ္ေတြကို လိုက္ၾကည့္ၿပီးေတာ့မွ ဘယ္ေနရာကေန ဘယ္လိုတားဆီး အေရးယူလို႔ရမယ္ဆိုတာကို ေျမျပင္ကြင္းဆင္း စစ္ေဆးသြားမယ္လို႔ သိရပါတယ္။ စစ္ေဆးၿပီးတာနဲ႔ ရွမ္းျပည္နယ္အစိုးရအစီအစဥ္နဲ႔ ဆက္ၿပီးေတာ့ ကြ်န္ေတာ္တို႔ လုပ္ေဆာင္သြားမွာပါ။"ဟု စားသံုးသူကာကြယ္ေရးဦးစီးဌာန(လားရွိဳး) ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက ေျပာသည္။

လက္ရိွတြင္ ရွမ္းျပည္နယ္အစိုးရအစီအစဥ္ျဖင့္ ေဆာင္ရြက္မည့္ Mobile Team သည္ တရားမဝင္တင္သြင္းလာမႈမ်ားကို ယခင္ကအတိုင္း ခ်က္ခ်င္းသိမ္းဆည္း အေရးယူမည္မဟုတ္ဘဲ ဒဏ္ေငြေဆာင္ေစမည္ျဖစ္ေၾကာင္း သိရသည္။

"တရားမဝင္ ဝင္ေရာက္လာတဲ႔ စားေသာက္ကုန္ေတြကို တားဆီးမယ္။ စားသံုးရန္မသင့္ဘူးဆိုရင္ လွည့္ျပန္ခိုင္းမယ္။ ဒါမွမဟုတ္ လက္ငင္းခ်က္ခ်င္း ဒဏ္ေငြေဆာင္ေစၿပီး သိမ္းဆည္းမယ္။ စားသံုးရန္ သင့္တယ္ ဒါေပမဲ့ အခြန္က မေဆာင္ရေသးဘူးဆိုရင္ ေဆာင္ခိုင္းမယ္ စသည္ျဖင့္ေပါ့။ ဒီလိုမ်ိဳးလုပ္လိုက္ရင္ အဆင္ေျပသြားမယ္။ ေတာ္ေတာ္ေလးကို ဟန္႔တားနိုင္ၿပီးေတာ့ ေစ်းကြက္ထဲကို သယ္လာတဲ႔ လမ္းေၾကာင္းမွာ ခက္ခဲသြားမယ္။ ေစ်းကြက္ထဲမွာလည္း အထူးတလည္ စစ္ေဆးေနစရာ မလိုေတာ့ဘဲ အလိုအေလ်ာက္ တားဆီးၿပီးသား ျဖစ္သြားပါမယ္"ဟု စားသံုးသူကာကြယ္ေရးဦးစီးဌာန(လားရွိဳး) ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက ေျပာသည္။

"တရုတ္ကလာတဲ႔ သေရစာေတြက မလတ္ဆတ္တာ မ်ားတယ္ဗ်။ အခုဆို ေဖ့စ္ဘြတ္ေပၚမွာ ျမင္ေနရတာပဲ။ အသားတုဆိုရင္ ဘာအသားေတြနဲ႔ လုပ္တယ္။ ဆီဆိုရင္ ဘယ္ကေရေတြနဲ႔ လုပ္တယ္ဆ္ိုတာ သိေနရပါတယ္။ ယံုရခက္ မယံုရခက္ပဲေလ။ ဒါေပမ့ဲ ကၽြန္ေတာ္ကေတာ့ လံုးဝကို တရုတ္တံဆိပ္ပါတဲ့ သေရစာဆိုရင္ စားကို မစားေတာ့ဘူး"ဟု လားရွိဳးၿမိဳ႕မွ ကိုေဇာ္လြင္မိုးက ဆိုသည္။

ၿပီးခဲ့သည့္ အစိုးရသက္တမ္းကာလအတြင္း ႏုို္င္ငံေတာ္သမၼတရံုး၏ အမိန္႔ေၾကာ္ျငာစာအမွတ္ (၉၇/၂၀၁၂)ျဖင့္ ၂၀၁၂ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္တြင္ တရားမဝင္ကုန္သြယ္မႈတားဆီးထိန္းခ်ဳပ္ေရးအဖြဲ႕(Mobile Team)အား စတင္ဖြဲ႕စည္းခဲ့ၿပီး နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားမွ တရားမဝင္တင္သြင္းလာမႈမ်ားကို စစ္ေဆး ဖမ္းဆီးေဆာင္ရြက္ေနရာမွ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၃၀ ရက္တြင္ အဆိုပါအဖြဲ႕မ်ားအား ဖ်က္သိမ္းလိုက္ျခင္းျဖစ္သည္။

သတင္း - #ေအာင္ျပည့္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ❂⊱~~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများသို့ နယ်စပ်ဒေသများမှ တရားမဝင်တင်သွင်းလာသည့် စားသုံးရန်မသင့်သော အစားအသောက်များအား တားဆီးနိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ်သုံးခုမှ ဝင်လာသည့် လမ်းကြောင်းများတွင် Mobile Team ဖြင့် စစ်ဆေးနိုင်ရန် ဆောင်ရွက် နေကြောင်း သိရသည်။

Mobile Team စစ်ဆေးမှုများကို ပြည်နယ်အစိုးရအစီအစဉ်ဖြင့် လုပ်ဆောင်နိုင်ရန် လျာထားကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

"ရှမ်းပြည်နယ် အစိုးရအဖွဲ့က နယ်စပ်ဂိတ်တွဖြေစ်တဲ့ လောက်ကိုင်၊ ချင်းရွှေဟော်၊ မူဆယ်နယ်စပ် ဂိတ်တွေကို လိုက်ကြည့်ပြီးတော့မှ ဘယ်နေရာကနေ ဘယ်လိုတားဆီး အရေးယူလို့ရမယ်ဆိုတာကို မြပြေင်ကွင်းဆင်း စစ်ဆေးသွားမယ်လို့ သိရပါတယ်။ စစ်ဆေးပြီးတာနဲ့ ရှမ်းပြည်နယ်အစိုးရအစီအစဉ်နဲ့ ဆက်ပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။"ဟု စားသုံးသူကာကွယ်ရေးဦးစီးဌာန(လားရှိုး) ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဆောင်ရွက်မည့် Mobile Team သည် တရားမဝင်တင်သွင်းလာမှုများကို ယခင်ကအတိုင်း ချက်ချင်းသိမ်းဆည်းအရေးယူမည်မဟုတ်ဘဲ ဒဏ်ငွေဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

"တရားမဝင် ဝင်ရောက်လာတဲ့ စားသောက်ကုန်တွေကို တားဆီးမယ်။ စားသုံးရန်မသင့်ဘူးဆိုရင် လှည့်ပြန်ခိုင်းမယ်။ ဒါမှမဟုတ် လက်ငင်းချက်ချင်း ဒဏ်ငွေဆောင်စပြေီး သိမ်းဆည်းမယ်။ စားသုံးရန် သင့်တယ် ဒါပေမဲ့ အခွန်က မဆောင်ရသေးဘူးဆိုရင် ဆောင်ခိုင်းမယ် စသည်ဖြင့်ပေါ့။ ဒီလိုမျိုးလုပ်လိုက်ရင် အဆင်ပြေသွားမယ်။ တော်တော်လေးကို ဟန့်တားနိုင်ပြီးတော့ ဈေးကွက်ထဲကို သယ်လာတဲ့ လမ်းကြောင်းမှာ ခက်ခဲသွားမယ်။ ဈေးကွက်ထဲမှာလည်း အထူးတလည် စစ်ဆေးနေစရာ မလိုတော့ဘဲ အလိုအလျောက် တားဆီးပြီးသား ဖြစ်သွားပါမယ်"ဟု စားသုံးသူကာကွယ်ရေးဦးစီးဌာန(လားရှိုး) ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။

လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် စားသုံးရန် မသင့်သော အစားအသောက်များ ဒေသတွင်း အများအပြား ဝင်ရောက်နေသဖြင့် Mobile Team ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်သင့်သည်ဟု ဒေသခံများထံမှ သိရသည်။

"တရုတ်ကလာတဲ့ သရေစာတွေက မလတ်ဆတ်တာ များတယ်ဗျ။ အခုဆို ဖေ့စ်ဘွတ်ပေါ်မှာ မြင်နေရတာပဲ။ အသားတုဆိုရင် ဘာအသားတွေနဲ့ လုပ်တယ်။ ဆီဆိုရင် ဘယ်ကရေတွေနဲ့ လုပ်တယ်ဆို်တာ သိနေရပါတယ်။ ယုံရခက် မယုံရခက်ပဲလေ။ ဒါပေမဲ့ ကျွန်တော်ကတော့ လုံးဝကို တရုတ်တံဆိပ်ပါတဲ့ သရေစာဆိုရင် စားကို မစားတော့ဘူး"ဟု လားရှိုးမြို့မှ ကိုဇော်လွင်မိုးက ဆိုသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းကာလအတွင်း နို်င်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၁၂)ဖြင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့(Mobile Team)အား စတင်ဖွဲ့စည်းခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တရားမဝင်တင်သွင်းလာမှုများကို စစ်ဆေး ဖမ်းဆီးဆောင်ရွက်နေရာမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် အဆိုပါအဖွဲ့များအား ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

သတင်း - #အောင်ပြည့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~