ေငြလိမ္လည္မႈျဖင့္ အမႈဖြင့္ခံရသည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ထြက္ေျပးတိမ္းေရွာင္ေန

ေငြလိမ္လည္မႈျဖင့္ အမႈဖြင့္ခံရသည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ထြက္ေျပးတိမ္းေရွာင္ေန
စက်တင်ဘာ 11, 2016
By Tachileik News Agency

က်ပ္သိန္း (၃၀) ေခ်းယူၿပီး ျပန္မဆပ္သူဟုဆိုကာ မႏၲေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္ ဇဝင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးအား အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အငယ္တန္းစာေရးက အမႈဖြင့္လိုက္သျဖင့္ တိမ္းေရွာင္ေနေၾကာင္း သိရသည္။

စုိက္ပ်ိဳးေရးဘဏ္ေခ်းေငြျပန္မဆပ္သည့္ ေတာင္သူမ်ားအား ေခ်းေငြထပ္မံထုတ္ေခ်းမည္ မဟုတ္သျဖင့္ ေခ်းေငြ မဆပ္နိုင္ေသးေသာ ေတာင္သူမ်ားအတြက္ စိုက္ထုတ္ ဆပ္ေပးရန္ဟုဆိုကာ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္စိန္က ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ ၁၅ ရက္က အေထြေထြအုပ္ခ်ဳပ္ေရး အငယ္တန္းစာေရးထံမွ က်ပ္ေငြ သိန္း(၃၀) ေခ်းယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကုိျမင့္စိန္ဘာေတြ သုံးလုိက္တယ္ မသိဘူး၊ တခ်ိဳ႕ေတာင္သူေတြဆီကလည္း ပုိက္ဆံေတြပါသြားတယ္၊ ကုိစုိးပုိင္ကေတာ့ တလုံးတခဲတည္း အမ်ားဆုံးပါသြားတာ"ဟု ေဒသခံကုိေဇာ္ဝင္းက ေျပာသည္။

စိုက္ပ်ိဳးေရးဘဏ္မွ ေခ်းေငြမ်ား ျပန္လည္ထုတ္ေပးခ်ိန္တြင္ ျပန္လည္ ေပးဆပ္မည္ဟု ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ကတိျပဳခဲ့ေသာ္လည္း ဘဏ္ေခ်းေငြ ထုတ္ေပးၿပီးခ်ိန္အထိ ျပန္လည္ ေပးဆပ္ျခင္း မရိွသျဖင့္ စက္တင္ဘာလ (၉) ရက္က ဝမ္းတြင္းၿမိဳ႕မရဲစခန္းသို႔ တုိင္တန္းရာ ဝမ္းတြင္းၿမိဳ႕မရဲစခန္းမွ (ပ)၁၇၆/၂၀၁၆ ယံုၾကည္မႈအေပၚ လိမ္လည္ျခင္း ဥပေဒပုဒ္မ ၄၂၀ ျဖင့္ အမႈဖြင့္အေရးယူလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုလင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကျပ်သိန်း (၃၀) ချေးယူပြီး ပြန်မဆပ်သူဟုဆိုကာ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဇဝင်းကျေးရွာ အုပ်ချုပ်ရေးမှူးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေးက အမှုဖွင့်လိုက်သဖြင့် တိမ်းရှောင်နေကြောင်း သိရသည်။

စိုက်ပျိုးရေးဘဏ်ချေးငွပြေန်မဆပ်သည့် တောင်သူများအား ချေးငွေထပ်မံထုတ်ချေးမည် မဟုတ်သဖြင့် ချေးငွေ မဆပ်နိုင်သေးသော တောင်သူများအတွက် စိုက်ထုတ် ဆပ်ပေးရန်ဟုဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်က အထွေထွေအုပ်ချုပ်ရေး အငယ်တန်းစာရေးထံမှ ကျပ်ငွေ သိန်း(၃၀) ချေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကိုမြင့်စိန်ဘာတွေ သုံးလိုက်တယ် မသိဘူး၊ တချို့တောင်သူတွေဆီကလည်း ပိုက်ဆံတွေပါသွားတယ်၊ ကိုစိုးပိုင်ကတော့ တလုံးတခဲတည်း အများဆုံးပါသွားတာ"ဟု ဒေသခံကိုဇော်ဝင်းက ပြောသည်။

စိုက်ပျိုးရေးဘဏ်မှ ချေးငွေများ ပြန်လည်ထုတ်ပေးချိန်တွင် ပြန်လည် ပေးဆပ်မည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ကတိပြုခဲ့သော်လည်း ဘဏ်ချေးငွေ ထုတ်ပေးပြီးချိန်အထိ ပြန်လည် ပေးဆပ်ခြင်း မရှိသဖြင့် စက်တင်ဘာလ (၉) ရက်က ဝမ်းတွင်းမြို့မရဲစခန်းသို့ တိုင်တန်းရာ ဝမ်းတွင်းမြို့မရဲစခန်းမှ (ပ)၁၇၆/၂၀၁၆ ယုံကြည်မှုအပေါ် လိမ်လည်ခြင်း ဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~