လိြဳင္ေကာ္၌ အိမ္အကူမိန္းကေလးကို ႏွိပ္စက္သည့္ အိမ္ရွင္မ်ားအား အမႈဖြင့္ထား

လိြဳင္ေကာ္၌ အိမ္အကူမိန္းကေလးကို ႏွိပ္စက္သည့္ အိမ္ရွင္မ်ားအား အမႈဖြင့္ထား
စက်တင်ဘာ 28, 2016
By Tachileik News Agency

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕၊ မင္းစုရပ္ကြက္၊ အုပ္စု(၁၁)၊ အိမ္အမွတ္ (မင္း/၂၅၉)၊ ဆင္မင္းငါးမုန္႔ေၾကာ္လုပ္ငန္းမွ ဦးေကာင္ေလး၊ေဒၚျဖဴသြယ္၏ ေနအိမ္တြင္ အိမ္အကူအျဖစ္ ခိုင္းေစေနေသာ အသက္(၁၈)ႏွစ္ေက်ာ္ရွိ မထက္(ခ)မိထက္အား အိမ္႐ွင္မ်ားမွ ညဥ္းပန္းႏွိပ္စက္သျဖင့္ အေရးယူေဆာင္ရြက္ေပးရန္ အမႈ႔ဖြင့္တိုင္တန္းထားျပီျဖစ္ေၾကာင္း သိရသည္။

"သူ႕ထပ္ၿပီးေဆးစစ္ဖို႔ေတြရွိေသးတယ္။ ခုကဓါတ္မွန္ေတြရုိက္ထားတယ္။ စိတ္ဆရာဝန္နဲ႔ ျပဖို႕ရွိတယ္။ ကေလးကို စိတ္မမွန္ဘူးလို႔ေျပာတယ္။ ကြ်န္မတို႔အကုန္ အုပ္ခ်ဳပ္ေရးမွဴးေတြေရာ စကားေျပာၿပီးၿပီ။ ကေလးက အားလုံးေကာင္းတယ္။ သူအကုန္ေျပာႏိုင္တယ္။ ကေလးက အရမ္းကို ရုိက္ႏွက္ ခံထားရတာျဖစ္လို႔ သူ႔တစ္ကိုယ္လုံးေတာင္ သိပ္ထိလို႔ မရတာေတြရွိတယ္။ ဒီအေပၚမွာ ဥပေဒအရ ထိထိေရာက္ေရာက္ လုပ္ေဆာင္သြားဖို႕ေတြရွိတယ္ "ဟု အနာဂတ္အမ်ိဳးသမီးအဖြဲ႕မွ မစႏၵာဝင္းက ေျပာသည္။

စက္တင္ဘာလ (၂၇)ရက္ေန႔ညတြင္ ဥပေဒအိမ္အဖြဲ႕၊ အမ်ိဳးသမီးအဖြဲ႕မ်ား၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ YKBWA အဖြဲ႕ ႏွင့္ ရပ္ကြက္ရွိတာဝန္ရွိသူမ်ား ပါဝင္သည့္အဖြဲ႕သည္ ညႇင္းပန္းႏွိပ္စက္ခံေနရသည့္ အိမ္အကူမိန္းကေလးအား သြားေရာက္ေခၚေဆာင္ကာ အိမ္ရွင္မ်ားအား လိြဳင္ေကာ္ရဲစခန္းတြင္ အမႈဖြင့္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ အုပ်စု(၁၁)၊ အိမ်အမှတ် (မင်း/၂၅၉)၊ ဆင်မင်းငါးမုန့်ကြော်လုပ်ငန်းမှ ဦးကောင်လေး၊ဒေါ်ဖြူသွယ်၏ နေအိမ်တွင် အိမ်အကူအဖြစ် ခိုင်းစေနေသော အသက်(၁၈)နှစ်ကျော်ရှိ မထက်(ခ)မိထက်အား အိမ်ရှင်များမှ ညဉ်းပန်းနှိပ်စက်သဖြင့် အရေးယူဆောင်ရွက်ပေးရန် အမှု့ဖွင့်တိုင်တန်းထားပြီဖြစ်ကြောင်း သိရသည်။

"သူ့ထပ်ပြီးဆေးစစ်ဖို့တွေရှိသေးတယ်။ ခုကဓာတ်မှန်တွေရိုက်ထားတယ်။ စိတ်ဆရာဝန်နဲ့ ပြဖို့ရှိတယ်။ ကလေးကို စိတ်မမှန်ဘူးလို့ပြောတယ်။ ကျွန်မတို့အကုန် အုပ်ချုပ်ရေးမှူးတွေရော စကားပြောပြီးပြီ။ ကလေးက အားလုံးကောင်းတယ်။ သူအကုန်ပြောနိုင်တယ်။ ကလေးက အရမ်းကို ရိုက်နှက် ခံထားရတာဖြစ်လို့ သူ့တစ်ကိုယ်လုံးတောင် သိပ်ထိလို့ မရတာတွေရှိတယ်။ ဒီအပေါ်မှာ ဥပဒေအရ ထိထိရောက်ရောက် လုပ်ဆောင်သွားဖို့တွေရှိတယ် "ဟု အနာဂတ်အမျိုးသမီးအဖွဲ့မှ မစန္ဒါဝင်းက ပြောသည်။

စက်တင်ဘာလ (၂၇)ရက်နေ့ညတွင် ဥပဒေအိမ်အဖွဲ့၊ အမျိုးသမီးအဖွဲ့များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ YKBWA အဖွဲ့ နှင့် ရပ်ကွက်ရှိတာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့သည် ညှင်းပန်းနှိပ်စက်ခံနေရသည့် အိမ်အကူမိန်းကလေးအား သွားရောက်ခေါ်ဆောင်ကာ အိမ်ရှင်များအား လွိုင်ကော်ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~