ျမန္မာႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ အခမ္းအနား တာခ်ီလိတ္၌ က်င္းပ

ျမန္မာႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ အခမ္းအနား တာခ်ီလိတ္၌ က်င္းပ
စက်တင်ဘာ 13, 2016
By Tachileik News Agency
ျမန္မာႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္ရွိ ဟုတ္တက္ခန္းမတြင္ စက္တင္ဘာလ (၁၃)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္သည္။ 
အခမ္းအနားတြင္ လူကုန္ကူးမႈဆုိင္ရာ အေၾကာင္းအရာမ်ားကုိ တာ၀န္ရွိသူမ်ားမွ ေျပာၾကားခဲ့ၿပီး ႏိုင္ငံေတာ္ ဒုတိယသမၼတ၏ သ၀ဏ္လႊာအား ဖတ္ၾကားခဲ့ကာ အေျခခံပညာေက်ာင္းမ်ားမွ တစ္ခန္းရပ္ျပဇာတ္မ်ားျဖင့္ အခမ္းအနားသို႔ တက္ေရာက္လာသူမ်ားအား ကျပေဖ်ာ္ေျဖခဲ့ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားအား တာခ်ီလိတ္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ World Vision တို ႔ ပူးေပါင္း၍ က်င္းပျခင္းျဖစ္ၿပီး၊ အခမ္းအနားတြင္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္ရွိ ဌာနဆိုင္ရာမ်ား၊ ပညာေရးဌာနမွ ဆရာ/မမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ တိုင္းရင္းသားအဖြဲ႕မ်ား အျပင္ ထိုင္းႏိုင္ငံမွ တာ၀န္ရွိသူမ်ားလည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက်ခန်းမတွင် စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများကို တာဝန်ရှိသူများမှ ပြောကြားခဲ့ပြီး နိုင်ငံတော် ဒုတိယသမ္မတ၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ကာ အခြေခံပညာကျောင်းများမှ တစ်ခန်းရပ်ပြဇာတ်များဖြင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် World Vision တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး၊ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့များ အပြင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~