ေဘာလခဲ၌ ေတာင္က်ေခ်ာင္းေရ ႏွင့္အတူ ႏွမ္းစိုက္ေတာင္သူ တစ္ဦး ေရနစ္ေမ်ာပါ ေပ်ာက္ဆုံး

ေဘာလခဲ၌ ေတာင္က်ေခ်ာင္းေရ ႏွင့္အတူ ႏွမ္းစိုက္ေတာင္သူ တစ္ဦး ေရနစ္ေမ်ာပါ ေပ်ာက္ဆုံး
စက်တင်ဘာ 15, 2016
By Tachileik News Agency

ကယားျပည္နယ္ ေဘာလခဲၿမိဳ႕နယ္ ခ်ိကြဲ႕ေက်းရြာအုပ္စုအနီးရွိ ေတာင္ယာမွ ျပန္လာေသာ ႏွမ္းစိုက္ေတာင္သူတစ္ဦးမွာ စက္တင္ဘာလ(၁၄)ရက္ေန႔က မိုးသည္းထန္စြာ ရြာသြန္းျခင္းေၾကာင့္ ေတာင္က်ေခ်ာင္းေရ ႏွင့္အတူ ေမ်ာပါ ေပ်ာက္ဆုံး ေနေၾကာင္းသိရသည္။

"အဲ့ဒီေခ်ာင္းက အစက ေရက နည္းနည္းပဲရွိတာ ဆိုင္ကယ္လည္းသြားလို႔ရတယ္၊ ဒီမနက္မွ မိုးအရမ္းရြာေတာ့ ေတာင္က်ေရက်လာၿပီး ေရစီးသန္လာတာ ။

ေခ်ာင္းကိုျဖတ္ဖို႔ ဆိုင္ကယ္ကို ေခ်ာင္းေဘးမွာထားၿပီး လူပဲကူးသြားရင္း ေမ်ာပါသြားတယ္လို႔ ေျပာတယ္။
ေခ်ာင္းေဘးက ေတာင္ယာထဲက လူေတြလည္း ေတြ႕တယ္ေလ"ဟု ေဒသခံတစ္ဦးက ေျပာသည္။
မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေဘာလခဲၿမိဳ႕နယ္ ခ်ိကြဲ႔ေက်းရြာႏွင့္ နန္းေနာက္ေက်းရြာ ၾကား၊ မိုင္တိုင္အမွတ္ ၉/၂-၉/၃ၾကားရွိ ေတာင္က်ေခ်ာင္းတြင္ ေရမ်ားလာၿပီး ေရစီးျပင္းထန္ျခင္းျဖစ္ေၾကာင္း၊ ေတာင္ယာထဲ ႏွမ္းခုတ္သြား သည့္ ခ်ိကြဲ႔ေက်းရြာေန ဦးတင့္ေဇာ္ မွာ ႏွမ္းခုတ္ရန္ ႏွီးမ်ားကို ေတာင္ယာသို႔ သြားပို႔ရင္း ေတာင္က် ေခ်ာင္းေရႏွင့္အတူ ေမ်ာပါသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဦးတင့္ေဇာ္မွာ ေတာင္ယာသို႔ ႏွမ္းခုတ္ရာတြင္ အသုံးျပဳသည့္ ႏွီးမ်ား သြားပို႔ရန္ အလာတြင္ ယခင္က ေတာင္က်ေခ်ာင္း မွာ ေရအနည္းငယ္သာရွိၿပီး ယေန႔ မနက္တြင္ မိုးသည္းထန္စြာရြာသြန္း ထားမႈေၾကာင့္ ေတာင္က်ေခ်ာင္းေရမွာ အရွိန္ျပင္းစြာစီးေနၿပီး ေခ်ာင္းတစ္ဖက္ကမ္းသို႔ ျဖတ္ကူးရန္ ဆိုင္ကယ္ကို ေခ်ာင္းစပ္ရပ္ထား၍ ၎မွာ ေခ်ာင္းထဲဆင္းကာ ျဖတ္အကူးတြင္ ေမ်ာပါသြားျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေရးစီးထဲ ေမ်ာပါေပ်ာက္ဆုံးေနေသာ ဦးတင္ေဇာ္အား ေဘာလခဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႔ဝင္မ်ား၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရြာသားမ်ား ပိုက္စိပ္တိုက္ ရွာေဖြခဲ႔ရာ ဦးတင့္ေဇာ္ ကိုင္ေဆာင္ထားေသာ ႏွမ္းခုတ္ရာတြင္သုံးသည့္ ႏွီးႏွင့္မိုးကာအစသာ ရွာေဖြေတြ႕ရွိရၿပီး ဦးတင့္ေဇာ္ အား ညအထိ ရွာေဖြေတြ႕ရွိျခင္း မရွိေသးေၾကာင္းႏွင့္ ေရထဲေမ်ာပါသူအား ေတြ႕ရွိရန္ ဆက္လက္ရွာေဖြေဆာင္ရြက္လ်က္ရွိ ေၾကာင္းသိရွိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာအုပ်စုအနီးရှိ တောင်ယာမှ ပြန်လာသော နှမ်းစိုက်တောင်သူတစ်ဦးမှာ စက်တင်ဘာလ(၁၄)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တောင်ကျချောင်းရေ နှင့်အတူ မျောပါ ပျောက်ဆုံး နေကြောင်းသိရသည်။

"အဲ့ဒီချောင်းက အစက ရေက နည်းနည်းပဲရှိတာ ဆိုင်ကယ်လည်းသွားလို့ရတယ်၊ ဒီမနက်မှ မိုးအရမ်းရွာတော့ တောင်ကျရေကျလာပြီး ရေစီးသန်လာတာ။

ချောင်းကိုဖြတ်ဖို့ ဆိုင်ကယ်ကို ချောင်းဘေးမှာထားပြီး လူပဲကူးသွားရင်း မျောပါသွားတယ်လို့ ပြောတယ်။
ချောင်းဘေးက တောင်ယာထဲက လူတွေလည်း တွေ့တယ်လေ"ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာနှင့် နန်းနောက်ကျေးရွာ ကြား၊ မိုင်တိုင်အမှတ် ၉/၂-၉/၃ကြားရှိ တောင်ကျချောင်းတွင် ရေများလာပြီး ရေစီးပြင်းထန်ခြင်းဖြစ်ကြောင်း၊ တောင်ယာထဲ နှမ်းခုတ်သွား သည့် ချိကွဲ့ကျေးရွာနေ ဦးတင့်ဇော် မှာ နှမ်းခုတ်ရန် နှီးများကို တောင်ယာသို့ သွားပို့ရင်း တောင်ကျ ချောင်းရေနှင့်အတူ မျောပါသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးတင့်ဇော်မှာ တောင်ယာသို့ နှမ်းခုတ်ရာတွင် အသုံးပြုသည့် နှီးများ သွားပို့ရန် အလာတွင် ယခင်က တောင်ကျချောင်း မှာ ရေအနည်းငယ်သာရှိပြီး ယနေ့ မနက်တွင် မိုးသည်းထန်စွာရွာသွန်း ထားမှုကြောင့် တောင်ကျချောင်းရေမှာ အရှိန်ပြင်းစွာစီးနပြေီး ချောင်းတစ်ဖက်ကမ်းသို့ ဖြတ်ကူးရန် ဆိုင်ကယ်ကို ချောင်းစပ်ရပ်ထား၍၎င်းမှာ ချောင်းထဲဆင်းကာ ဖြတ်အကူးတွင် မျောပါသွားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရေးစီးထဲ မျောပါပျောက်ဆုံးနေသော ဦးတင်ဇော်အား ဘောလခဲမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများ ပိုက်စိပ်တိုက် ရှာဖွေခဲ့ရာ ဦးတင့်ဇော် ကိုင်ဆောင်ထားသော နှမ်းခုတ်ရာတွင်သုံးသည့် နှီးနှင့်မိုးကာအစသာ ရှာဖွေတွေ့ရှိရပြီး ဦးတင့်ဇော် အား ညအထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းနှင့် ရေထဲမျောပါသူအား တွေ့ရှိရန် ဆက်လက်ရှာဖွေဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~