က်ိဳင္းတံုနည္းပညာတကၠသိုလ္က အမွတ္မမီသူမ်ားကို လက္ခံေတာ့မည္မဟုတ္

က်ိဳင္းတံုနည္းပညာတကၠသိုလ္က အမွတ္မမီသူမ်ားကို လက္ခံေတာ့မည္မဟုတ္
စက်တင်ဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ရွိ က်ဳိင္းတံုနည္းပညာတကၠသိုလ္တြင္ သတ္မွတ္လူဦးေရျပည့္မီရန္ ကန္႔သတ္အမွတ္ (၃၆၀) မျပည့္သူမ်ားကိုပါ လက္ခံေနသည့္စနစ္အား လာမည့္ပညာသင္ႏွစ္တြင္ လုပ္ေဆာင္ေတာ့မည္ မဟုတ္ေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ သတ္မွတ္ထားတဲ့အမွတ္နဲ ့ ၀င္လာတဲ့လူက (၁၆၀) မျပည့္ဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ ့ သတ္မွတ္လူဦးေရ ျပည့္ဖို႔အတြက္ (၃၂၂)မွတ္အထိ အမွတ္ေတြကိုႏွိမ့္ၿပီး ေခၚလိုက္ရတယ္။ "ဟု က်ိဳင္းတုံနည္းပညာတကၠသိုလ္မွ ေက်ာင္းအုပ္ႀကီး ေဒါက္တာေက်ာ္သာထြန္းက ေျပာသည္။

ယခုလာမည့္ ပညာသင္ႏွစ္အတြက္ ေက်ာင္းသားသစ္ (၁၆၀)အထိသာ လက္ခံရန္ လ်ာထားၿပီး ၂၀၁၅- ၂၀၁၆ ပညာသင္ႏွစ္က ဝင္ခြင့္အမွတ္ အနည္းဆုံး (၃၆၀)ျဖင့္ ေခၚယူခဲ့ရာ သတ္မွတ္ဦးေရ မျပည့္မီသည့္ အတြက္ (၃၂၂)မွတ္အထိ ေလွ်ာ့ခ်ေခၚယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို ့တုန္းကေတာ့ (၃၈၀)ရမွ ၀င္ခြင့္ရတာပါ။ ေနာက္ပိုင္းႏွစ္ေတြက်ေတာ့ ၀င္ခြင့္အမွတ္ေတြက အတည္တက် မရိွဘဲ အမ်ိဳးမ်ိဳးေျပာင္းလဲလာတယ္။ အခုေနာက္ဆုံး (၃၆၀)အထိ ေလွ်ာ့ခ်လိုက္တယ္။ အဲဒီေတာ့ (၁၀)တန္းကတည္းက နည္းပညာတကၠသိ္ုလ္တက္ဖို ့ ႀကိဳးစားခဲ့တဲ့လူေတြမွာ နစ္နာတယ္လို႔ ျမင္ပါတယ္။"ဟု အဆိုပါေက်ာင္းမွ တတိယႏွစ္ေက်ာင္းသား ေမာင္ေအာင္ၿဖိဳးေ၀က ေျပာသည္။

လက္ရိွပညာသင္ယူေနသည့္ ေက်ာင္းသား၊ေက်ာင္းသူ (၃၆၇)ဦးရိွသည့္ က်ိဳင္းတုံနည္းပညာ တကၠသိုလ္အား ၁၉၉၉ ခုႏွစ္တြင္ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္းအျဖစ္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး၊ ၂၀၀၁ ခုႏွစ္တြင္ အစိုးရနည္းပညာ ေကာလိပ္သို႔ လည္းေကာင္း၊ ၂၀၀၇ ခုႏွစ္တြင္ နည္းပညာ တကၠသိုလ္အျဖစ္ လည္းေကာင္း အဆင့္ျမႇင့္တင္ လိုက္ျခင္းျဖစ္သည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် သတ်မှတ်လူဦးရပြေည့်မီရန် ကန့်သတ်အမှတ် (၃၆၀) မပြည့်သူများကိုပါ လက်ခံနေသည့်စနစ်အား လာမည့်ပညာသင်နှစ်တွင် လုပ်ဆောင်တော့မည် မဟုတ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့နှစ်တုန်းကတော့ သတ်မှတ်ထားတဲ့အမှတ်နဲ့ ဝင်လာတဲ့လူက (၁၆၀) မပြည့်ဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သတ်မှတ်လူဦးရေ ပြည့်ဖို့အတွက် (၃၂၂)မှတ်အထိ အမှတ်တွေကိုနှိမ့်ပြီး ခေါ်လိုက်ရတယ်။ "ဟု ကျိုင်းတုံနည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာကျော်သာထွန်းက ပြောသည်။

ယခုလာမည့် ပညာသင်နှစ်အတွက် ကျောင်းသားသစ် (၁၆၀)အထိသာ လက်ခံရန် လျာထားပြီး ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်က ဝင်ခွင့်အမှတ် အနည်းဆုံး (၃၆၀)ဖြင့် ခေါ်ယူခဲ့ရာ သတ်မှတ်ဦးရေ မပြည့်မီသည့် အတွက် (၃၂၂)မှတ်အထိ လျှော့ချခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့တုန်းကတော့ (၃၈၀)ရမှ ဝင်ခွင့်ရတာပါ။ နောက်ပိုင်းနှစ်တွေကျတော့ ဝင်ခွင့်အမှတ်တွေက အတည်တကျ မရှိဘဲ အမျိုးမျိုးပြောင်းလဲလာတယ်။ အခုနောက်ဆုံး (၃၆၀)အထိ လျှော့ချလိုက်တယ်။ အဲဒီတော့ (၁၀)တန်းကတည်းက နည်းပညာတက္ကသို်လ်တက်ဖို့ ကြိုးစားခဲ့တဲ့လူတွေမှာ နစ်နာတယ်လို့ မြင်ပါတယ်။"ဟု အဆိုပါကျောင်းမှ တတိယနှစ်ကျောင်းသား မောင်အောင်ဖြိုးေဝက ပြောသည်။

လက်ရှိပညာသင်ယူနေသည့် ကျောင်းသား၊ကျောင်းသူ (၃၆၇)ဦးရှိသည့် ကျိုင်းတုံနည်းပညာ တက္ကသိုလ်အား ၁၉၉၉ ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်တွင် အစိုးရနည်းပညာ ကောလိပ်သို့ လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် နည်းပညာ တက္ကသိုလ်အဖြစ် လည်းကောင်း အဆင့်မြှင့်တင် လိုက်ခြင်းဖြစ်သည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~