ေက်ာက္မဲၿမိဳ႕တြင္ မီတာခေနာက္က် ဒဏ္ေၾကးအား ျပန္လည္အသံုးျပဳမႈကို လွ်ပ္စစ္မီးသံုးစြဲသူမ်ား စိတ္ဝင္စား

ေက်ာက္မဲၿမိဳ႕တြင္ မီတာခေနာက္က် ဒဏ္ေၾကးအား ျပန္လည္အသံုးျပဳမႈကို လွ်ပ္စစ္မီးသံုးစြဲသူမ်ား စိတ္ဝင္စား
စက်တင်ဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕မွ လွ်ပ္စစ္မီးသံုးစြဲသူမ်ားက ေနာက္က်ဒဏ္ေၾကးအျဖစ္ ေပးေဆာင္ထားရသည့္ ေငြေၾကးအား ျပန္လည္အသံုးျပဳမႈကို သိရိွလိုေသာ္လည္း ၿမိဳ႕နယ္လ်ွပ္စစ္ အင္ဂ်င္နီယာရံုးမွ ေျဖၾကားေပးႏုိင္ျခင္း မရိွေၾကာင္း သိရသည္။

“မီတာအသံုးျပဳသူေတြက မီတာခေပးသြင္းဖို႔ တစ္ရက္ေနာက္က်ရင္ ဒဏ္ေၾကးေပးရတယ္။ အဲဒီဒဏ္ေငြေတြကို ဘယ္မွာျပန္သံုးတယ္ဆိုတာ ပြင့္ပြင့္လင္းလင္း မရွိဘူး။ ေဒသတြင္းမွာ ျပန္သံုးတာလည္း မေတြ႕ဘူး။ ဘယ္ေလာက္ရတယ္ဆိုတာလဲ မသိရဘူး”ဟု ေက်ာက္မဲၿမိဳ႕မွ လွ်ပ္စစ္မီတာ ေလွ်ာက္ထားအသံုးျပဳေနသူ ဦးကိုကိုက ေျပာသည္။

မီတာအသံုးျပဳခေပးသြင္းရမည့္ ေနာက္ဆံုးသတ္မွတ္ရက္ထက္ ေက်ာ္လြန္သြားပါက တစ္လအတြင္း ေပးသြင္းပါက က်ပ္ (၂၀၀၀)၊ ႏွစ္လအတြင္း ေပးသြင္းပါက က်ပ္ (၃၀၀၀)၊ သံုးလအတြင္း ေပးသြင္းပါက က်ပ္ (၄၀၀၀)ႏွင့္ သံုးလေက်ာ္လြန္သြားပါက လ်ွပ္စစ္မီတာအား ျဖဳတ္သိမ္းသည္အထိ အေရးယူသြားမည္ဟု စည္းကမ္းသတ္္မွတ္ထားေၾကာင္း သိရသည္။

“ေနာက္က်ေၾကး သတ္မွတ္တာက အခ်ိန္မီ လာမေဆာင္မွာစိုးလို႔ပါ။ အဲဒီလို ေကာက္ခံရရွိေငြေတြကိုလည္း အစိုးရကို ျပန္သြင္းေပးရတာပါ။ ဓါတ္အားလိုင္းေတြျပဳျပင္ဖို႔ အထက္ကျပန္ခ်ေပးတာက သပ္သပ္ပါ။ ကၽြန္ေတာ္တို႔ကေတာ့ ေကာက္ခံရသမ်ွေငြေတြကို စီးပြားေရးဘဏ္ကေန ျပန္သြင္းရပါတယ္”ဟု ေက်ာက္မဲ ၿမိိဳ႕နယ္လ်ွပ္စစ္အင္ဂ်င္နီယာရံုးမွ AE ဦးေသာင္းလြင္ဦးက ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ အိမ္သံုးရိုးရိုးမီတာအလံုးေပါင္း (၁၃,၀၀၀) ဝန္းက်င္ႏွင့္ ပါဝါမီတာ အလံုး (၂၀၀ ) ဝန္းက်င္တပ္ဆင္အသံုးျပဳေနၿပီး ၿမိဳ႕ေနအိမ္ေထာင္စု၏ ( ၅၀ ) ရာခိုင္ႏႈန္းခန္႔ လွ်ပ္စစ္မီတာေလ်ွာက္ထား အသံုးျပဳေနၾကေၾကာင္း ၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာရံုးမွ သိရသည္။

သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှ လျှပ်စစ်မီးသုံးစွဲသူများက နောက်ကျဒဏ်ကြေးအဖြစ် ပေးဆောင်ထားရသည့် ငွေကြေးအား ပြန်လည်အသုံးပြုမှုကို သိရှိလိုသော်လည်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဖြကြေားပေးနိုင်ခြင်း မရှိကြောင်း သိရသည်။

“မီတာအသုံးပြုသူတွေက မီတာခပေးသွင်းဖို့ တစ်ရက်နောက်ကျရင် ဒဏ်ကြေးပေးရတယ်။ အဲဒီဒဏ်ငွေတွေကို ဘယ်မှာပြန်သုံးတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း မရှိဘူး။ ဒေသတွင်းမှာ ပြန်သုံးတာလည်း မတွေ့ဘူး။ ဘယ်လောက်ရတယ်ဆိုတာလဲ မသိရဘူး”ဟု ကျောက်မဲမြို့မှ လျှပ်စစ်မီတာ လျှောက်ထားအသုံးပြုနေသူ ဦးကိုကိုက ပြောသည်။

မီတာအသုံးပြုခပေးသွင်းရမည့် နောက်ဆုံးသတ်မှတ်ရက်ထက် ကျော်လွန်သွားပါက တစ်လအတွင်း ပေးသွင်းပါက ကျပ် (၂၀၀၀)၊ နှစ်လအတွင်း ပေးသွင်းပါက ကျပ် (၃၀၀၀)၊ သုံးလအတွင်း ပေးသွင်းပါက ကျပ် (၄၀၀၀)နှင့် သုံးလကျော်လွန်သွားပါက လျှပ်စစ်မီတာအား ဖြုတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။

“နောက်ကျကြေး သတ်မှတ်တာက အချိန်မီ လာမဆောင်မှာစိုးလို့ပါ။ အဲဒီလို ကောက်ခံရရှိငွေတွေကိုလည်း အစိုးရကို ပြန်သွင်းပေးရတာပါ။ ဓာတ်အားလိုင်းတွပြေုပြင်ဖို့ အထက်ကပြန်ချပေးတာက သပ်သပ်ပါ။ ကျွန်တော်တို့ကတော့ ကောက်ခံရသမျှငွေတွေကို စီးပွားရေးဘဏ်ကနေ ပြန်သွင်းရပါတယ်”ဟု ကျောက်မဲ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ AE ဦးသောင်းလွင်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် အိမ်သုံးရိုးရိုးမီတာအလုံးပေါင်း (၁၃,ဝဝဝ) ဝန်းကျင်နှင့် ပါဝါမီတာ အလုံး (၂၀၀ ) ဝန်းကျင်တပ်ဆင်အသုံးပြုနပြေီး မြို့နေအိမ်ထောင်စု၏ ( ၅၀ ) ရာခိုင်နှုန်းခန့် လျှပ်စစ်မီတာလျှောက်ထား အသုံးပြုနကြေကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~