ေသနတ္ျဖင့္ ခ်ိန္ရြယ္ကာ ၿခိမ္းေျခာက္ခဲ့သည့္ ဒုရဲအုပ္ကို ခ်ဳပ္ေႏွာင္ထားရွိၿပီး ရဲတရားရံုးဖြင့္လွစ္ကာ အေရးယူမည္ဟု ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔မွဴးဆို

ေသနတ္ျဖင့္ ခ်ိန္ရြယ္ကာ ၿခိမ္းေျခာက္ခဲ့သည့္ ဒုရဲအုပ္ကို ခ်ဳပ္ေႏွာင္ထားရွိၿပီး ရဲတရားရံုးဖြင့္လွစ္ကာ အေရးယူမည္ဟု ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔မွဴးဆို
စက်တင်ဘာ 9, 2016
By Tachileik News Agency
Photo: Thurin Naymin (Facebook)

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ လံုးခင္းေက်းရြာအုပ္စု ေမွာ္ပံုေက်းရြာမွ ရြာသားမ်ားအား ေသနတ္ျဖင့္ ခ်ိန္ရြယ္ကာ ၿခိမ္းေျခာက္ခဲ့သည့္ ဒုရဲအုပ္အား ရဲစည္းကမ္းအတိုင္း အေရးယူေဆာင္ရြက္ထားေၾကာင္း ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

"ဒုရဲအုပ္က ေက်ာင္းဆင္းခါစေလးဆိုေတာ့ ရဲလုပ္ငန္းအေတြ႕အၾကံဳသိပ္မရွိဘူး ေဘးပတ္၀န္းက်င္ကလဲ ေျမႇာက္ေပးတာေတြပါမွာေပါ။့ ဒါေၾကာင့္ျဖစ္သြားတာပါ ။ အခု သူ႔ကို သက္ဆိုင္ရာ လံုျခံဳေရး ရဲစစ္ေၾကာင္းက ရဲတရားရံုးဖြင့္လွစ္ၿပီး အေရးယူပါလိမ့္မယ္၊ အခုေတာ့ ခ်ဳပ္ထားတယ္လို႔ၾကားတယ္"ဟု ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ထြန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်းရြာသားမ်ားအား ေသနတ္ျဖင့္ ၿခိမ္းေျခာက္ျခင္းႏွင့္ ပတ္သက္၍ ေက်းရြာသားမ်ားမွ တိုင္ၾကားထားသျဖင့္ ဥပေဒအတိုင္း ရဲစည္းကမ္းျဖင့္ အေရးယူ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း၊ ယခုလက္ရွိ လံုျခံဳေရး ရဲစစ္ေၾကာင္းမွ စံုစမ္းစစ္ေဆးလွ်က္ရွိၿပီး ခ်ဳပ္ေႏွာင္ထားရွိကာ ရဲတရားရံုးဖြင့္လွစ္၍ အေရးယူေဆာင္ရြက္ရန္ စီစဥ္လွ်က္ရွိေၾကာင္း ၎မွေျပာသည္။

ဖားကန္႔ၿမိဳ႕နယ္၊ ေမွာ္ပံုေက်းရြာမွာ ရာအိမ္မႉး ေရြးခ်ယ္ေရးကိစၥႏွင့္ ပတ္သက္၍ အေခ်အတင္ စကားမ်ားၾကစဥ္ တိုက္ခိုက္ေရးရဲစစ္ေၾကာင္းမွ ဒုရဲအုပ္ စိုးေဇာ္ေဇာ္မွ ေသနတ္ထုတ္ကာ ခ်ိန္ရြယ္၍ ၿခိမ္းေျခာက္ၿပီး ရြာသားတစ္ဦးအား ကန္ေက်ာက္ရိုက္ႏွက္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

"ေသနတ္နဲ႔ ထုတ္ခ်ိန္တဲ့ ဒုရဲအုပ္စုိးေဇာ္ေဇာ္ကုိယ္တုိင္သူ႔ တပ္ရင္းမွဴး ရဲမွဳးေတြနဲ႔ NLD တာဝန္ရွိသူေတြရဲ႕ ေရွ႕မွာ ရွိခုိးကန္ေတာ့ ေတာင္းပန္တယ္လုိ႔ သိရပါတယ္၊ ဘုန္းႀကီးေခါင္းေခါက္ၿပီးမွ ကန္ေတာ့ဆုိတာမ်ိဳးေပါ့ ကာယကံရွင္ေတြအေနနဲ ့သနားလုိ ့ဘဲျဖစ္ျဖစ္၊ ဘယ္လုိအၾကာင္းေၾကာင့္ဘဲ ျဖစ္ျဖစ္ နားလည္ ခြင့္လႊတ္ေပးလုိ ့ ရေပမဲ့ ကြ်န္ေတာ္တုိ႔ရဲ႕ ျပည္သူ႔အစုိးရတစ္ရပ္ အေနနဲ႔ ျပည္သူကုိ အကာအကြယ္ေပးရမဲ့ ေသနတ္နဲ ့ ျပည္သူကုိျပန္ၿခိမ္းေျခာက္တာမ်ိဳးကုိ လုံးဝလက္မခံႏုိင္ပါဘူး"ဟု ဖားကန္႔ၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးတင့္က ၎၏ facebook လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားေၾကာင္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာမှ ရွာသားများအား သေနတ်ဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက်ခဲ့သည့် ဒုရဲအုပ်အား ရဲစည်းကမ်းအတိုင်း အရေးယူဆောင်ရွက်ထားကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ဒုရဲအုပ်က ကျောင်းဆင်းခါစလေးဆိုတော့ ရဲလုပ်ငန်းအတွေ့အကြုံသိပ်မရှိဘူး ဘေးပတ်ဝန်းကျင်ကလဲ မြှောက်ပေးတာတွေပါမှာပေါ။့ ဒါကြောင့်ဖြစ်သွားတာပါ။ အခု သူ့ကို သက်ဆိုင်ရာ လုံခြုံရေး ရဲစစ်ကြောင်းက ရဲတရားရုံးဖွင့်လှစ်ပြီး အရေးယူပါလိမ့်မယ်၊ အခုတော့ ချုပ်ထားတယ်လို့ကြားတယ်"ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျေးရွာသားများအား သေနတ်ဖြင့် ခြိမ်းခြောက်ခြင်းနှင့် ပတ်သက်၍ ကျေးရွာသားများမှ တိုင်ကြားထားသဖြင့် ဥပဒေအတိုင်း ရဲစည်းကမ်းဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိ လုံခြုံရေး ရဲစစ်ကြောင်းမှ စုံစမ်းစစ်ဆေးလျှက်ရှိပြီး ချုပ်နှောင်ထားရှိကာ ရဲတရားရုံးဖွင့်လှစ်၍ အရေးယူဆောင်ရွက်ရန် စီစဉ်လျှက်ရှိကြောင်း၎င်းမှပြောသည်။

ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာမှာ ရာအိမ်မှူး ရွေးချယ်ရေးကိစ္စနှင့် ပတ်သက်၍ အချေအတင် စကားများကြစဉ် တိုက်ခိုက်ရေးရဲစစ်ကြောင်းမှ ဒုရဲအုပ် စိုးဇော်ဇော်မှ သေနတ်ထုတ်ကာ ချိန်ရွယ်၍ ခြိမ်းခြောက်ပြီး ရွာသားတစ်ဦးအား ကန်ကျောက်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"သေနတ်နဲ့ ထုတ်ချိန်တဲ့ ဒုရဲအုပ်စိုးဇော်ဇော်ကိုယ်တိုင်သူ့ တပ်ရင်းမှူး ရဲမှုးတွေနဲ့ NLD တာဝန်ရှိသူတွေရဲ့ ရှေ့မှာ ရှိခိုးကန်တော့ တောင်းပန်တယ်လို့ သိရပါတယ်၊ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ဆိုတာမျိုးပေါ့ ကာယကံရှင်တွေအနေနဲ့သနားလို့ဘဲဖြစ်ဖြစ်၊ ဘယ်လိုအကြာင်းကြောင့်ဘဲ ဖြစ်ဖြစ် နားလည် ခွင့်လွှတ်ပေးလို့ ရပေမဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့အစိုးရတစ်ရပ် အနေနဲ့ ပြည်သူကို အကာအကွယ်ပေးရမဲ့ သေနတ်နဲ့ ပြည်သူကိုပြန်ခြိမ်းခြောက်တာမျိုးကို လုံးဝလက်မခံနိုင်ပါဘူး"ဟု ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးတင့်က၎င်း၏ facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~