ကျိုင်းတုံ - တာချီလိတ် ခရီးသည်ယာဉ် တိမ်းမှောက်ရာမှ ပျောက်နေသည့် အလောင်းအား ရှာဖွေတွေ့ရှိ
ကျိုင်းတုံ - တာချီလိတ် ခရီးသည်ယာဉ် တိမ်းမှောက်ရာမှ ပျောက်နေသည့် အလောင်းအား ရှာဖွေတွေ့ရှိ
စကျတငျဘာ 17, 2016
By Tachileik News Agency
ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ပြေးဆွဲသည့် ရွှေရေကန်ခရီးသည်တင်ယာဉ်ငယ် တစ်စီးသည် စက်တင်ဘာလ (၁၆) ရက်နေ့က ကျိုင်းတုံ - မိုင်းဖြတ်အကြားတွင် ချောက်ထဲသို့ ကျသွားရာမှ ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်ပါဝင်သူ (၁၂) ဦးအနက် (၂)ဦးသေဆုံးသွားရာ သေဆုံးသူ တစ်ဦးအား ကနဦး ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိသည့် ပျောက်ဆုံးနေသော အမျိုးသမီး အလောင်းအား ယနေ့ စက်တင်ဘာလ (၁၇)ရက်နေ့ နေ့လယ်(၃)နာရီခွဲ ၀န်းကျင်က တွေ့ရှိပြီဖြစ်ကြောင်း မိုင်းဖြတ်မြို့ သင်္ဂဟ လူမှုကူညီရေးအသင်းမှ သိရှိရသည်။
"မနက်ကတည်းကနေ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေကြတာ၊ မိုးတအားရွာနေချိန် နေ့လယ် (၁)နာရီခွဲလောက်မှာ တွေ့တယ်၊ အလောင်းကို ရေချောင်းထဲက ကျောက်တုံးပေါ်မှာ တင်နေတာတွေ့တာနဲ့ စုပေါင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်ယူခဲ့ပြီး အခု မိုင်းဖြတ်ဆေးရုံက ရင်ခွဲရုံမှာ ပို့ထားပါတယ်"ဟု မိုင်းဖြတ်မှ သင်္ဂဟ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာက ပြောသည်။
ယာဉ်တိမ်းမှောက်ရာသို့ မိုင်းဖြတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သင်္ဂဟလူမှုကူညီရေးအသင်း အပါအ၀င် လူမှုရေးအသင်းအဖွဲ့များ၊ ရွာသူရွာသားများက အရေးပေါ်ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - သင်္ဂဟ လူမှုကူညီရေးအသင်း
~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ပြေးဆွဲသည့် ရွှေရေကန်ခရီးသည်တင်ယာဉ်ငယ် တစ်စီးသည် စက်တင်ဘာလ (၁၆) ရက်နေ့က ကျိုင်းတုံ - မိုင်းဖြတ်အကြားတွင် ချောက်ထဲသို့ ကျသွားရာမှ ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်ပါဝင်သူ (၁၂) ဦးအနက် (၂)ဦးသေဆုံးသွားရာ သေဆုံးသူ တစ်ဦးအား ကနဦး ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိသည့် ပျောက်ဆုံးနေသော အမျိုးသမီး အလောင်းအား ယနေ့ စက်တင်ဘာလ (၁၇)ရက်နေ့ နေ့လယ်(၃)နာရီခွဲ ဝန်းကျင်က တွေ့ရှိပြီဖြစ်ကြောင်း မိုင်းဖြတ်မြို့ သဂငှ် လူမှုကူညီရေးအသင်းမှ သိရှိရသည်။
"မနက်ကတည်းကနေ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနကြေတာ၊ မိုးတအားရွာနေချိန် နေ့လယ် (၁)နာရီခွဲလောက်မှာ တွေ့တယ်၊ အလောင်းကို ရေချောင်းထဲက ကျောက်တုံးပေါ်မှာ တင်နေတာတွေ့တာနဲ့ စုပေါင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်ယူခဲ့ပြီး အခု မိုင်းဖြတ်ဆေးရုံက ရင်ခွဲရုံမှာ ပို့ထားပါတယ်"ဟု မိုင်းဖြတ်မှ သဂငှ် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာက ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်း အပါအဝင် (၁၂)ဦးအနက် (၁၀)ဦးမှာ ဒဏ်ရာရရှိပြီး ကျန်ရှိသည့် (၂)ဦးတွင် အသက်(၅၂)နှစ်ရှိ အမျိုးသား တစ်ဦးနှင့် အသက်(၅၁)နှစ်ရှိ အမျိုးသမီးမှာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အခုတွေ့ရှိရတဲ့ အလောင်းကိုတော့ ရင်ခွဲရုံကို ပို့ထားပြီးပါပြီ၊ သူ့အမျိုးတွေက ကျိုင်းတုံကို ပြန်သယ်သွားမယ်လို့ ပြောပါတယ်။ အလောင်းကို ရှာဖွေတွေ့ရှိရတဲ့နေရာက ယာဉ်တိမ်းမှောက်မှု ဖြစ်တဲ့နေရာနဲ့ဆိုရင် (၁)မိုင်ကျော်လောက်မှာ တွေ့တာ"ဟု သဂငှ် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာက ပြောသည်။
ရွှေရေကန်ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်ငယ်တစ်စီး ကျိုင်းတုံ - မိုင်းဖြတ်မြို့ကြားရှိ ချောက်ထဲသို့ ပြုတ်ကျရာမှ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများအတွက် ခရီးသွားအာမခံပေးရန် အာမခံကုမ္ပဏီက စိစစ်နေကြောင်း ယာဉ်လိုင်းပိုင်ရှင်ဖြစ်သူ ဦးစိုင်းနွမ်းထံမှ သိရသည်။
“လက်ရှိမှာတော့ ကျွန်တော်တို့အနေနဲ့ ခရီးသည်တွေ အားလုံးအတွက် လိုအပ်တာတွေ လုပ်ပေးနေပါတယ်။ နောက်တစ်ပိုင်းကတော့ ခရီးသွားတွေအတွက် ကျွန်တော်တို့ယာဉ်လိုင်းက ကမ္ဘောဇအာမခံလုပ်ငန်းမှာ ခရီးသွား အာမခံထားပေးထားပါတယ်။ ခရီးသည် တစ်ဦးချင်းစီကနေ ငွေကျပ်သုံးရာစီ အမြဲကောက်ခံပြီး ပေးထားပါတယ်။ သူတို့(အာမခံလုပ်ငန်း) မနေ့က ဖုန်းဆက် လာတာတော့ သေဆုံးသွားတဲ့ လူတွေအတွက် အာမခံလျော်ကြေးနဲ့ ဒဏ်ရာ ရသူတွေကိုတော့ သူတို့ စိစစ်အုံးမယ် လို့ သိရပါတယ်”ဟု ရွှေရေကန် ယာဉ်လိုင်းပိုင်ရှင်ဖြစ်သူ ဦးစိုင်းနွမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
ယာဉ်တိမ်းမှောက်ရာသို့ မိုင်းဖြတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သဂငှ်လူမှုကူညီရေးအသင်း အပါအဝင် လူမှုရေးအသင်းအဖွဲ့များ၊ ရွာသူရွာသားများက အရေးပေါ်ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူအား မိုင်းဖြတ်မြို့မရဲစခန်းတွင် စက်တင်ဘာလ (၁၆) ရက်နေ့က ယာဉ်(ပ)၉/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃၀၄-က အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - သဂငှ် လူမှုကူညီရေးအသင်း 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~