ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၂)စင်းအား ကြည့်ရှုစစ်ဆေး

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၂)စင်းအား ကြည့်ရှုစစ်ဆေး
စကျတငျဘာ 17, 2016
By Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ခရီးစဉ်တွင် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၂)စင်းအား စက်တင်ဘာလ (၁၇)ရက်နေ့ နံနက်(၁၀း၃၀)နာရီဝန်းကျင်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေမှ ခရီးသွား ဧည့်သည်များနှင့် ဒေသခံ လူဝင်/လူထွက်အပြင် တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းများအတွက် အသုံးပြုသည့် ချစ်ကြည်ရေး အမှတ်(၁) တံတားပေါ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီးနောက် ကုန်စည်စီးဆင်းရာတွင် အဓိက အသုံးပြုသည့် ချစ်ကြည်ရေး အမှတ်(၂) တံတား၏ အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တံတားပေါ်မှ ဌာနဆိုင်ရာ အသီးသီး၏ တာဝန်ရှိသူ အကြီးအကဲများက ဝန်ကြီး၏ မေးမြန်းမှုအပေါ် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှလည်း ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~