ရွှေဈေးမြင့်တက်လာမှုနှင့် ကုန်သွယ်ခွန်ပေးဆောင်ရမည့် သတင်းကြောင့် ရွှေထည် အရောင်းအ၀ယ် အေးလာ

ရွှေဈေးမြင့်တက်လာမှုနှင့် ကုန်သွယ်ခွန်ပေးဆောင်ရမည့် သတင်းကြောင့် ရွှေထည် အရောင်းအ၀ယ် အေးလာ
စကျတငျဘာ 3, 2016
By Tachileik News Agency




မန္တလေးမြို့မှ ရွှေဆိုင်လုပ်ငန်းရှင်များ သြဂုတ်လ (၁၄) ရက် အစည်းအဝေးတွင် နိုင်ငံတော်အစိုးရမှ (၅) ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းအား ပြန်လည်စိစစ်ပေးရန် တောင်းဆိုထားကြောင်းသိရသည်။

သတင်း - ရွှေဇော်

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မန္တလေးမြို့၊ ရွှေဈေးကွက်တွင် ရွှေဈေးမြင့်တက်လာမှုနှင့် ရွှေဝယ်ခြင်းအပေါ် ကုန်သွယ်ခွန်ပေးဆောင် ရမည်ဆိုသော သတင်းများကြောင့် ရွှေထည်အရောင်းအဝယ်နေကြောင်း သိရသည်။

 “ကုန်သွယ်ခွန်က ဘယ်တော့ပေးဆောင်ရမယ်လို့ သတင်းအတိအကျ မထွက်သေးပေမဲ့ ဝယ်သူတွေက အခွန်ဆောင်ရမှာလား မေးတယ်။ ဆောင်ရမယ်ဆိုတာနဲ့ မဝယ်ဘူး။ ဆိုင်ထဲကပြန်ထွက်သွားတယ်။ အဲဒီဂယက်ကြောင့်လည်း ဝယ်သူတော်တော်ပါးသွားတယ်။ ရွှေဈေးကလည်း တဖြည်းဖြည်းနဲ့ တက်လာတယ်။ ”ဟု ဇွဲထက်ရွှေဆိုင်မှ ကိုသက်လွင်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့၏ ရွှေပေါက်ဈေးမှာ (၈၆၀,ဝဝဝ) ဝန်းကျင်အထိရှိလာသဖြင့် ရွှေဝယ်သူ နည်းပါးလာပြီး ပြန်လည်ရောင်းသူများသာ ရှိလာကြောင်း သိရသည်။

မန္တလေးမြို့မှ ရွှေဆိုင်လုပ်ငန်းရှင်များ သြဂုတ်လ (၁၄) ရက် အစည်းအေဝးတွင် နိုင်ငံတော်အစိုးရမှ (၅) ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းအား ပြန်လည်စိစစ်ပေးရန် တောင်းဆိုထားကြောင်းသိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~