ရှမ်းပြည်နယ်တွင်း ငွေကြေး တရားမဝင် ကောက်ခံနေသည့်ဂိတ်များ ပပျောက်ရေး ညှိနှိုင်းဆောင်ရွက်နေ
ရှမ်းပြည်နယ်တွင်း ငွေကြေး တရားမဝင် ကောက်ခံနေသည့်ဂိတ်များ ပပျောက်ရေး ညှိနှိုင်းဆောင်ရွက်နေ
စကျတငျဘာ 24, 2016
By Tachileik News Agency
ကုန်သွယ်မှုလမ်းကြောင်းများပေါ် တရားမ၀င် ငွေကြေးကောက်ခံနေသည့် ဂိတ်များ ပပျောက်ရေးမှာ ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုအပေါ် မူတည်သည်ဟု ရှမ်းပြည်နယ်ကုန်သွယ်မှု တိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက် လမ်းကြောင်းများ ကြီးကြပ်ရေး၊ ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ဆိုသည်။
ပြည်နယ်အတွင်း လမ်းတံတားဂိတ်ကြေး ကောက်ခံခြင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းတံတား ဦးစီးဌာနနှင့် စည်ပင်သာယာရေး ဦးစီးဌာနများမှ လေလံအောင်မြင်ထားသူအား ကောက်ခံခွင့် ပေးထားခြင်း ဖြစ်သော်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ ဆက်သွယ်ထားသည့် တာချီလိတ် - တောင်ကြီးလမ်းကြောင်းတွင် အဆိုပါ ဌာနများမှ ခွင့်ပြုထား ခြင်းမရှိသည့် ဂိတ်ပေါင်း(၁၀)ဂိတ်လည်း ရှိနေခြင်းကြောင်း ၎င်းထံမှ သိရသည်။
တရားမဝင်ဂိတ်များပါ ရှိနေသဖြင့် အဆိုပါလမ်းကြောင်းမှ ဖြတ်သန်းသွားလာသည့် ယာဉ်များ အနေဖြင့် တောင်ကြီး - တာချီလိတ် ခရီးလမ်းကြောင်း တစ်ခေါက်လျှင် ဂိတ်ကြေး ကျပ်ငါးသောင်းကျော် ကုန်ကျနေကြောင်း သိရသည်။
သတင်း - ကိုဇက်
~~~~~~~~⊰❂ unicode ~~~~~~~~
ကုန်သွယ်မှုလမ်းကြောင်းများပေါ် တရားမဝင် ငွေကြေးကောက်ခံနေသည့် ဂိတ်များ ပပျောက်ရေးမှာ ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုအပေါ် မူတည်သည်ဟု ရှမ်းပြည်နယ်ကုန်သွယ်မှု တိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက် လမ်းကြောင်းများ ကြီးကြပ်ရေး၊ ရှမ်းပြည်နယ်အစို်းရ ကိုယ်စားလှယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ဆိုသည်။
"ဒီလိုတရားမဝင် ဂိတ်တွေမှာ ငွေကြေးကောက်ခံတာနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာဌာန တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ချက်ချင်း ပပျောက်ဖို့ဆိုတာ ဌာနတွေအားလုံး ပူးပေါင်းဆောင်ရွက်မှ ရမှာ။ နိုင်ငံရေး အခြေအနေနဲ့ ခေတ်စနစ်အရ လူတွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲဖို့ လိုအပ်တဲ့အတွက် အားနည်းနေသေးတယ်။ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဘဲ ပေါင်းစပ်ညှိနှိုင်းမှုတွေနဲ့ ကောက်ခံခြင်း မရှိအောင် ဆောင်ရွက်နေပါတယ်"ဟု ရှမ်းပြည်နယ်ကုန်သွယ်မှု တိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက် လမ်းကြောင်းများ ကြီးကြပ်ရေး၊ ရှမ်းပြည်နယ်အစို်းရ ကိုယ်စားလှယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ဆိုသည်။
ပြည်နယ်အတွင်း လမ်းတံတားဂိတ်ကြေး ကောက်ခံခြင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းတံတား ဦးစီးဌာနနှင့် စည်ပင်သာယာရေး ဦးစီးဌာနများမှ လေလံအောင်မြင်ထားသူအား ကောက်ခံခွင့် ပေးထားခြင်း ဖြစ်သော်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ ဆက်သွယ်ထားသည့် တာချီလိတ် - တောင်ကြီးလမ်းကြောင်းတွင် အဆိုပါ ဌာနများမှ ခွင့်ပြုထား ခြင်းမရှိသည့် ဂိတ်ပေါင်း(၁၀)ဂိတ်လည်း ရှိနခြေင်းကြောင်း၎င်းထံမှ သိရသည်။
"တစ်လမ်းလုံး ပိုက်ဆံတောင်းတဲ့ ဂိတ်တွေကတော့ အများကြီးပဲ။ တစ်ချို့ကလည်း မြို့ဝင်ကြေး၊ တချို့က လည်း လမ်းအသုံးပြုခ အနေနဲ့ ကောက်တယ်။ အဓိက ကားသမားတွေက ခရီးလမ်း အရစ်မခံရဘဲ အေးအေး ဆေးဆေးသွားရဖို့ ပေးပြီးသွားနေရတယ်။ ဒါတွေကောက်ခံနေလို့ သယ်ယူ ပို့ဆောင်ခ စားရိတ်တွေ ကြီးမြင့်နေတာပါ"ဟု ရှမ်းပြည်နယ်အတွင်း ခရီးစဉ်များပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုဘာဒဲလ်က ပြောသည်။
တရားမဝင်ဂိတ်များပါ ရှိနေသဖြင့် အဆိုပါလမ်းကြောင်းမှ ဖြတ်သန်းသွားလာသည့် ယာဉ်များ အနဖြေင့် တောင်ကြီး - တာချီလိတ် ခရီးလမ်းကြောင်း တစ်ခေါက်လျှင် ဂိတ်ကြေး ကျပ်ငါးသောင်းကျော် ကုန်ကျနေကြောင်း သိရသည်။
သတင်း - ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~