ငလ်င္ (သို႔) အရိပ္မဲ့ရန္သူ ( အသိပညာေပး ေဆာင္းပါး )

ငလ်င္ (သို႔) အရိပ္မဲ့ရန္သူ ( အသိပညာေပး ေဆာင္းပါး )
စက်တင်ဘာ 16, 2016
By Tachileik News Agency
ငလ်င္ (သို႔) အရိပ္မဲ့ရန္သူ။ ။ ဦးခင္ေမာင္ျမင့္(ေရႊမဟာ)

"ေရ၊ မီး၊ မင္း၊ ခိုးသူ၊ မခ်စ္ မႏွစ္ မသက္ေသာသူ"ဆိုတဲ့ ရန္သူမ်ိဳးငါးပါးရဲ႕ ေဘးဒုကၡကို ဘိုးဘြားဘီဘင္
လက္ထက္ကတည္းက ေျပာဆိုခဲ့ေလေတာ့ နားရည္လည္းဝေနပါၿပီ။

ဒါေပမဲ့ ကာလေရြ႕ေလ်ာလာတာနဲ႔အမွ် ရန္သူမ်ိဳးဟာ ငါးပါးသာမကေတာ့ဘဲ မိမိ ယံုၾကည္အားထား
ရပ္တည္ေနရတဲ့ ကမာၻေျမထုနဲ႔ ေလထုေတြကိုေတာင္ စိတ္မခ်ျဖစ္လာရပါၿပီ။

ကြ်န္ေတာ့တစ္သက္တာမွာ ငလ်င္လႈပ္တာကို သိမိလိုက္တယ္ ဆိုတာထက္ ပိုၿပီးခံစားခဲ့ရတာေတာ့ မရွိေသးပါဘူး။ ၂၀၁၁ခုႏွစ္ မတ္လ(၂၄)ရက္ေန႔  ည(၈း၃၀)မွာ လႈပ္ခဲ့တဲ့ ရစ္တာစေကး(၆.၈)ရွိတဲ့ တာေလငလ်င္မွာလည္း ေတာင္ႀကီးမွာ ရွိေနတုန္းမို႔ ျပင္းျပင္းထန္ထန္ မခံစားလိုက္ရသလို၊ ဒီႏွစ္ ၂၀၁၆ခုႏွစ္ ၾသဂုတ္လ (၂၄)ရက္ေန႔ ညေန(၅)နာရီ(၅)မိနစ္ေလာက္မွာျဖစ္ခဲ့တဲ့ ရစ္တာစေကး(၆.၈)ရွိတဲ့ ပုဂံငလ်င္ကိုလည္း မခံစားခဲ့ရပါဘူး။

ပုဂံငလ်င္ေၾကာင့္ ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသမွာ ေစတီ(၁၇၁)ဆူ၊ စေလေဒသမွာ (၉)ဆူ၊ ေျမာက္ဦး ေဒသမွာ(၃)ဆူ၊ စစ္ကိုင္းေဒသမွာ(၇)ဆူ ၿပိဳပ်က္ခဲ့တာ၊ ထီးေတာ္ေတြ ေျမခခဲ့တာေတြ ၾကားသိခဲ့ရေတာ့
စိတ္မေကာင္းရံုအျပင္ ဘာမွမတတ္ႏိုင္ခဲ့ပါ။

ငယ္စဥ္က ငလ်င္နဲ႔ပတ္သက္တဲ့ ယံုတမ္းစကားေတြ၊ ယံုၾကည္ခ်က္ေတြကို အမ်ားအျပား ၾကားခဲ့ဖူးပါတယ္။

ေရွး႐ိုးစဲြ ပုဂၢိဳလ္ေတြက မင္းေျပာင္းမင္းလဲြျဖစ္မယ္၊ စစ္မက္ျဖစ္ပြားမယ္၊ တိုင္းျပည္မၿငိမ္ မသက္ျဖစ္မယ္ စသျဖင့္ အဆိုးျမင္နဲ႔ ေျပာၾကသလို၊ ပညာရည္ခ်ိဳ႕တဲ့ၾကတဲ့ အပိုင္းကေတာ့ ကမာၻႀကီးကို ထမ္းထား ႀကတဲ့ ျဗဟၼာႀကီးေလးဦးဟာ ဘယ္ညာ ပုခံုးေျပာင္းတာလို႔ဆိုၾကျပန္တယ္။

ငယ္စဥ္တုန္းကေတာ့ ဟုတ္ႏိုးႏိုးထင္ခဲ့မိေပမဲ့၊ ကမာၻႀကီးတည္တံ့ေစခ်င္ရင္ ေမတၱာ၊ က႐ုဏာ၊ မုဒိတာ၊ ဥေပကၡာတရားျဖစ္တဲ့ ျဗဟၼစိုရ္တရားေလးပါးကို ေစာင့္ထိန္းၾကဖို႔ ၫႊန္းဆိုထားတာကို ကမာၻႀကီးကို ျဗဟၼာေလးဦးက ထမ္းတယ္လို႔ မွားယြင္းစြာ ေတြးခဲ့ ေျပာခဲ့ၾကေၾကာင္း ေနာင္အခါမွ သိရွိလာရေတာ့တယ္။

ျမတ္ဘုရား ဗ်ာဒိတ္ခံယူစဥ္၊ ဖြားေတာ္မူစဥ္၊ ေတာထြက္ေတာ္မူစဥ္၊ ဘုရားပြင့္ေတာ္မူစဥ္၊ ပရိနိဗၺာန္စံဝင္
ေတာ္မူစဥ္တုန္းက ငလ်င္လႈပ္၊ ေတာ္လဲတယ္လို႔ မွတ္သားဖူးေပမဲ့၊ ကာလအားျဖင့္ အလွမ္းကြာေဝး
လြန္းလွပါတယ္။

ဒါေၾကာင့္ ငလ်င္ဟာ အတိတ္နိမိတ္ထက္၊ ကမာၻႀကီးရဲ႕ျဖစ္တည္မႈ၊ ေရ၊ ေျမ၊ ေလ၊ မီး စတဲ့ ဓာတ္ႀကီး ေလးပါး မွ်တမႈ၊ သယံဇာတ မွ်ေျခမွာ ရွိေနမႈ အေပၚတည္ရွိေနတာဘဲလို႔၊ လက္ေတြ႕ဆန္ဆန္
ခံယူမိပါတယ္။

အမွန္ေတာ့ ႀကီးမားတဲ့ အလႊာပါး အပိုင္းႀကီးမ်ားနဲ႔ ဖဲြ႕စည္းထားတဲ့ ကမာၻ႔မ်က္ႏွာျပင္ဟာ
ကီလိုမီတာ (၁၀၀)ေလာက္ထူပါတယ္။ အဲဒီ ေျမလႊာအပိုင္းႀကီးေတြ ျပင္းျပင္းထန္ထန္ တိုက္ခိုက္မိတဲ့အခါ ငလ်င္ျဖစ္ေပၚရတာပါ။

  ေျမလႊာပိုင္းႀကီးေတြ ထိခိုက္မိတာဟာ စကၠန္႔ပိုင္းသာၾကာေပမဲ့၊ တုန္ခါမႈဟာ ငလ်င္စတင္ျဖစ္ေပၚ
တဲ့ ဗဟို"epicentre"က ငလ်င္လိႈင္းအျဖစ္နဲ႔ ေရြ႕လ်ားေတာ့တာပါဘဲ။

ေျမလႊာပိုင္းႀကီးေတြ ထိခိုက္မႈျပင္းထန္တဲ့အခါ ငလ်င္ဗဟိုနဲ႔နီးတဲ့ ေဒသေတြမွာ ပ်က္စီးမႈ အမ်ားဆံုးျဖစ္ရပါတယ္။

တစ္ခါတစ္ရံမွာ ငလ်င္ရဲ႕ဗဟိုဟာ သမုဒၵရာ ေအာက္ေျခမွာျဖစ္ရင္ေတာ့ ဆူနာမီ"tsunamis"လို႔ေခၚတဲ့ ပင္လယ္လိႈင္းလံုးႀကီးေတြျဖစ္လာၿပီး၊ သမုဒၵရာကို နာရီေပါင္းမ်ားစြာ ျဖတ္သန္းသြားပါတယ္။ အဲဒီ
ဆူနာမီ လိႈင္းလံုးႀကီးေတြဟာ (၁၅)မီတာေလာက္ထိ ျမင့္မားၿပီး၊ ကုန္းေျမကို ေရာက္တဲ့အခါ၊ ကမ္းေျခမွာ
ရွိတဲ့ၿမိဳ႕ ရြာေတြ၊ ကၽြန္းစုေလးေတြကို တိုက္ခ်ဖ်က္ဆီးပစ္ေတာ့တာပါဘဲ။

ဒါေၾကာင့္ ငလ်င္ဗဟိုကေဝးတဲ့ ကမ္း႐ိုးတန္းေဒသေတြမွာ ေရလႊမ္းမိုးမႈ၊ ကမ္းေျခေတြ၊ ၿမိဳ႕ေတြကို
ပ်က္စီးေစတဲ့ အထိျဖစ္ႏိုင္ပါတယ္။

သမုဒၵရာေအာက္ေျခမွ အစျပဳခဲ့တဲ့ ငလ်င္ေၾကာင့္ျဖစ္လာတဲ့ဆူနာမီ ပင္လယ္လိႈင္းေတြေၾကာင့္
လူေတြ ေသေၾကၾက၊ ၿမိဳ႕ေတြေပ်ာက္ကြယ္သြားၾကတာ သာဓက အမ်ားႀကီးရွိပါတယ္။

(၁၈၉၆)မွာ ဆူနာမီေၾကာင့္ ဂ်ပန္ႏိုင္ငံမွာလူဦးေရ(၂၇,၀၀၀)ခန္႔ ေသခဲ့သလို၊ (၁,၅၅၆)ခုႏွစ္ တ႐ုတ္ႏိုင္ငံ
ေျမာက္ပိုင္းမွာျဖစ္ခဲ့တဲ့ ငလ်င္ဟာ လူဦးေရ(၈၃၀,၀၀၀)အထိ ေသေစခဲ့တာေၾကာင့္ ငလ်င္ျဖစ္ေပၚမႈ
သမိုင္းမွာ အဆိုးရြားဆံုး အေျခအေနပါ။

ဒီတုန္းက ငလ်င္ျဖစ္ေပၚမႈ ပမာဏကို တိုင္းတာႏိုင္တဲ့ ရစ္တာစေကး"Richter scale"ေတြ မရွိေသး
ေတာ့ ဘယ္၍ဘယ္မွ် ျပင္းထန္ခဲ့တယ္ဆိုတာ ေျပာဖို႔ခက္ပါတယ္။

(၁၉၃၅)ခုႏွစ္ေရာက္မွ သိပၸံပညာရွင္ေတြဟာ ငလ်င္လိႈင္းကိုတိုင္းတာႏိုင္တဲ့ ရစ္တာစေကးကို
အသံုးျပဳခဲ့ၾကပါတယ္။ ျပင္းထန္စြာပ်က္စီးမႈျဖစ္ေစတဲ့ ငလ်င္ဟာ ရစ္တာစေကး(၆.၅)နဲ႔အထက္မွာရွိပါ
တယ္။

 ဒါေၾကာင့္တာေလၿမိဳ႕နဲ႔ ပုဂံမွာျဖစ္ခဲ့တဲ့ ငလ်င္ဟာ (၆.၅)ရစ္တာစေကးအထက္မွာ ရွိတာမို႔ အပ်က္
အစီး မ်ားခဲ့တာ ျဖစ္ပါတယ္။

တစ္ခါတစ္ရံမွာေတာ့ မီးေတာင္ေပါက္ကဲြမႈနဲ႔ အတူ ငလ်င္ျဖစ္တတ္ပါတယ္။ ငလ်င္ေၾကာင့္မီးေတာင္
ေပါက္ကဲြတာ ျဖစ္ႏိုင္သလို၊ မီးေတာင္ေပါက္ကဲြလို႔လည္း ငလ်င္ျဖစ္တတ္ပါတယ္။ ဥပမာေျပာရရင္
(၁၉၈၄)ခုႏွစ္ ႏိုဝင္ဘာလေလာက္မွာ၊ ကိုလံဘီယာႏိုင္ငံမွာ အားေကာင္းတဲ့ငလ်င္ေတြေန႔စဥ္လိုလို
လႈပ္ရာက၊ ကိုလံဘီယာမွာရွိတဲ့"နယ္ဗယ္ဒို ဒယ္ ႐ု မီးေတာင္"ဟာ(၁၉၈၅)ခုႏိုဝင္ဘာ(၁၄)ရက္ေန႔မွာ ေပါက္ကဲြခဲ့တယ္။

အနီးမွာရွိတဲ့ျမစ္ေတြဟာ ရံႊ႕ပင္လယ္ျဖစ္သြားၿပီး၊ ၿမိဳ႕(၄)ၿမိဳ႕ကို ဝါးၿမိဳပစ္ခဲ့ပါတယ္။ ငလ်င္ဘယ္မွာ ျဖစ္မယ္။ ဘယ္ေတာ့ျဖစ္မယ္ဆိုတာ ကိုတိက်စြာ မေျပာႏိုင္ၾကေသးေပမဲ့၊ ငလ်င္ဟာ ျပန္႔က်ဲ ျဖစ္ေပၚေနတာမဟုတ္၊ အခ်ိဳ႕ေသာ ျဖစ္ႏိုင္ေျခရွိတဲ့ ေဒသေတြမွာသာ ျဖစ္ေလ့ရွိတယ္လို႔ ငလ်င္ေလ့လာေရး ပညာရွင္"Seismologists "ေတြက ဆိုပါတယ္။

အနီးစပ္ဆံုးက ကမာၻ႔ေျမမ်က္ႏွာျပင္မ်ား ထိစပ္ေနတဲ့ ေဒသမ်ားျဖစ္တဲ့ ေျမာက္နဲ႔ေတာင္ အေမရိက
တိုက္အေနာက္ဖက္ကမ္းေျခေဒသမ်ား၊ ေျမထဲပင္လယ္ေဒသ၊ အာရွတိုက္ရဲ႕ ပစိဖိတ္ကမ္း႐ိုးတန္း
မ်ားလို႔ဆိုပါတယ္။

ငလ်င္ျဖစ္ေပၚလာမယ္ဆိုတာ လူေတြထက္ တိရစၧာန္ေတြက ႀကိဳသိႏိုင္တယ္လို႔ ဆိုပါတယ္။
ၾကက္ကေလးေတြ သစ္ပင္ေပၚ ပ်ံတက္ၿပီးနားေနၾကမယ္၊ ငါးေတြေရျပင္ေပၚမွာ ခုန္ေနမယ္၊
ေႁမြေတြဟာ ကၽြင္းထဲက ထြက္လာေနမယ္၊ ဥေနက် ၾကက္မႀကီးေတြ ဥခ်တာ ရပ္သြားမယ္၊
တိရစၧာန္ေတြဟာ ျပဳမူေနက်ပံုစံကေန ထူးျခားမႈေတြ ရွိလာၿပီဆိုရင္ေတာ့ မၾကာမီ ငလ်င္လႈပ္ေတာ့မယ္လို႔
သတိျပဳသင့္တယ္လို႔ ဆိုပါတယ္။

ပင္လယ္ကမ္းေျခမွာ ေနတဲ့သူေတြကေတာ့ ပင္လယ္ေရမ်က္ႏွာျပင္ကိုၾကည့္ၿပီး ႀကိဳတင္သိႏိုင္ပါ
တယ္။ ပင္လယ္ေရမ်က္ႏွာျပင္ ႐ုတ္တရက္နိမ့္ဆင္းသြားရင္ ငလ်င္လႈပ္ေတာ့မဲ့ အေျခအေနလို႔ဆိုပါ
တယ္။

ငလ်င္ေၾကာင့္ပ်က္စီးမႈအနည္းအမ်ားဟာ  ငလ်င္ျဖစ္ေပၚတဲ့ ေဒသမွာရွိတဲ့ လူဦးေရ အစိပ္အက်ဲ၊
ေျမသားဖဲြ႕စည္းပံု၊ အေဆာက္အဦ ခိုင္ခံ့မႈအေျခအေန၊ ငလ်င္လႈပ္တဲ့ အခ်ိန္ အစရွိတာေတြအေပၚ
အမ်ားႀကီးမူတည္ေနပါတယ္။

ငလ်င္လႈပ္ၿပီးတဲ့အခါ ၾကံဳေတြ႕ရတဲ့ျပႆနာေတြကေတာ့ အစာေရစာျပတ္ေတာက္မႈ၊ေရနဲ႔ေဆးဝါး
ေထာက္ပံ့မႈ လံုေလာက္ဖို႔ပါဘဲ။

ဒီေန႔ေခတ္မွာေတာ့ ငလ်င္ေလ့လာေရးပညာရွင္"Seismologists "ေတြဟာ ငလ်င္ျဖစ္ေပၚလာမဲ့ အ
ခ်ိန္ေတြ၊ ျဖစ္ေပၚမဲ့ အရပ္ေဒသေတြကို အနီးစပ္ဆံုးခန္႔မွန္းႏိုင္ေနပါၿပီ။ ရစ္တာစေကး ဘယ္ေလာက္ရွိရင္
ဘယ္ေလာက္ပ်က္စီးႏိုင္တယ္၊ ငလ်င္လႈပ္ရင္ ဘယ္လိုကာကြယ္ရမယ္၊ငလ်င္ဒဏ္ခံႏိုင္ေအာင္
ဘယ္ေဒသမွာ ဘယ္လိုအေဆာက္အဦကို ေဆာက္သင့္တယ္ဆိုတာကအစ ပညာေပးေဟာေျပာမႈ
ေတြကို ေစတနာေမတၱာနဲ႔ ေဆာင္ရြက္ေနၾကပါၿပီ။

ကၽြန္ေတာ္တို႔ တာခ်ီလိတ္ၿမိဳ႕မွာလည္း (၁၈-၉-၂၀၁၆)တနဂၤေႏြေန႔မွာ၊ ထိုင္းႏိုင္ငံအေျခစိုက္၊ အာဆီယမ္ ေဒသ ငလ်င္ကၽြမ္းက်င္ပညာရွင္မ်ားက ငလ်င္ပညာေပးေဟာေျပာ ေဆြးေႏြးသ႐ုပ္ျပပဲြကို "ေအာင္ျမတ္ခန္းမမွာ" နံနက္(၉)နာရီကစၿပီး က်င္းပျပဳလုပ္မွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ငလ်င္ျဖစ္ေပၚရင္ အႏၲရာယ္အရွိဆံုး (အနီေရာင္ဇံုႏွစ္ခု)ရွိတယ္လို႔ အၾကမ္းအားျဖင့္ သိထားမိပါတယ္။

ငလ်င္ျဖစ္ေပၚလာရင္ ဘယ္လိုကာကြယ္မႈျပဳလုပ္သင့္တယ္။ ဘာေတြျပင္ဆင္ထားသင့္တယ္ကအစ
သိႏိုင္ေအာင္၊ ျပန္လည္မွ်ေဝႏိုင္ေအာင္ စိတ္ပါဝင္စားသူမ်ားႂကြေရာက္ႏိုင္ပါေစေၾကာင္း နိဒါန္းပ်ိဳးေရး
သားလိုက္မိပါတယ္။

 ဦးခင္ေမာင္ျမင့္(ေရႊမဟာ)
 

~~~~~~~~⊰❂ unicode ~~~~~~~~
 "ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ် မနှစ် မသက်သောသူ"ဆိုတဲ့ ရန်သူမျိုးငါးပါးရဲ့ ဘေးဒုက္ခကို ဘိုးဘွားဘီဘင်
လက်ထက်ကတည်းက ပြောဆိုခဲ့လေတော့ နားရည်လည်းဝနေပါပြီ။

ဒါပေမဲ့ ကာလရွေ့လျောလာတာနဲ့အမျှ ရန်သူမျိုးဟာ ငါးပါးသာမကတော့ဘဲ မိမိ ယုံကြည်အားထား
ရပ်တည်နေရတဲ့ ကမာ္ဘမြေထုနဲ့ လေထုတွေကိုတောင် စိတ်မချဖြစ်လာရပါပြီ။

ကျွန်တော့တစ်သက်တာမှာ ငလျင်လှုပ်တာကို သိမိလိုက်တယ် ဆိုတာထက် ပိုပြီးခံစားခဲ့ရတာတော့ မရှိသေးပါဘူး။ ၂၀၁၁ခုနှစ် မတ်လ(၂၄)ရက်နေ့ ည(၈း၃၀)မှာ လှုပ်ခဲ့တဲ့ ရစ်တာစကေး(၆.၈)ရှိတဲ့ တာလေငလျင်မှာလည်း တောင်ကြီးမှာ ရှိနေတုန်းမို့ ပြင်းပြင်းထန်ထန် မခံစားလိုက်ရသလို၊ ဒီနှစ် ၂၀၁၆ခုနှစ် သြဂုတ်လ (၂၄)ရက်နေ့ ညနေ(၅)နာရီ(၅)မိနစ်လောက်မှာဖြစ်ခဲ့တဲ့ ရစ်တာစကေး(၆.၈)ရှိတဲ့ ပုဂံငလျင်ကိုလည်း မခံစားခဲ့ရပါဘူး။

ပုဂံငလျင်ကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသမှာ စေတီ(၁၇၁)ဆူ၊ စလေဒေသမှာ (၉)ဆူ၊ မြောက်ဦး ဒေသမှာ(၃)ဆူ၊ စစ်ကိုင်းဒေသမှာ(၇)ဆူ ပြိုပျက်ခဲ့တာ၊ ထီးတော်တွေ မြေခခဲ့တာတွေ ကြားသိခဲ့ရတော့
စိတ်မကောင်းရုံအပြင် ဘာမှမတတ်နိုင်ခဲ့ပါ။

ငယ်စဉ်က ငလျင်နဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေ၊ ယုံကြည်ချက်တွေကို အများအပြား ကြားခဲ့ဖူးပါတယ်။

ရှေးရိုးစွဲ ပုဂ္ဂိုလ်တွေက မင်းပြောင်းမင်းလွဲဖြစ်မယ်၊ စစ်မက်ဖြစ်ပွားမယ်၊ တိုင်းပြည်မငြိမ် မသက်ဖြစ်မယ် စသဖြင့် အဆိုးမြင်နဲ့ ပြောကြသလို၊ ပညာရည်ချို့တဲ့ကြတဲ့ အပိုင်းကတော့ ကမာ္ဘကြီးကို ထမ်းထား ကြတဲ့ ဗြဟ္မာကြီးလေးဦးဟာ ဘယ်ညာ ပုခုံးပြောင်းတာလို့ဆိုကြပြန်တယ်။

ငယ်စဉ်တုန်းကတော့ ဟုတ်နိုးနိုးထင်ခဲ့မိပေမဲ့၊ ကမာ္ဘကြီးတည်တံ့စေချင်ရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခါတရားဖြစ်တဲ့ ဗြဟ္မစိုရ်တရားလေးပါးကို စောင့်ထိန်းကြဖို့ ညွှန်းဆိုထားတာကို ကမာ္ဘကြီးကို ဗြဟ္မာလေးဦးက ထမ်းတယ်လို့ မှားယွင်းစွာ တွေးခဲ့ ပြောခဲ့ကြကြောင်း နောင်အခါမှ သိရှိလာရတော့တယ်။

မြတ်ဘုရား ဗျာဒိတ်ခံယူစဉ်၊ ဖွားတော်မူစဉ်၊ တောထွက်တော်မူစဉ်၊ ဘုရားပွင့်တော်မူစဉ်၊ ပရိနိဗ္ဗာန်စံဝင်
တော်မူစဉ်တုန်းက ငလျင်လှုပ်၊ တော်လဲတယ်လို့ မှတ်သားဖူးပေမဲ့၊ ကာလအားဖြင့် အလှမ်းကွာဝေး
လွန်းလှပါတယ်။

ဒါကြောင့် ငလျင်ဟာ အတိတ်နိမိတ်ထက်၊ ကမာ္ဘကြီးရဲ့ဖြစ်တည်မှု၊ ရေ၊ မြေ၊ လေ၊ မီး စတဲ့ ဓာတ်ကြီး လေးပါး မျှတမှု၊ သယံဇာတ မျှခြေမှာ ရှိနေမှု အပေါ်တည်ရှိနေတာဘဲလို့၊ လက်တွေ့ဆန်ဆန်
ခံယူမိပါတယ်။

အမှန်တော့ ကြီးမားတဲ့ အလွှာပါး အပိုင်းကြီးများနဲ့ ဖွဲ့စည်းထားတဲ့ ကမာ္ဘ့မျက်နှာပြင်ဟာ
ကီလိုမီတာ (၁၀၀)လောက်ထူပါတယ်။ အဲဒီ မြေလွှာအပိုင်းကြီးတွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်မိတဲ့အခါ ငလျင်ဖြစ်ပေါ်ရတာပါ။

 မြေလွှာပိုင်းကြီးတွေ ထိခိုက်မိတာဟာ စက္ကန့်ပိုင်းသာကြာပေမဲ့၊ တုန်ခါမှုဟာ ငလျင်စတင်ဖြစ်ပေါ်
တဲ့ ဗဟို"epicentre"က ငလျင်လှိုင်းအဖြစ်နဲ့ ရွေ့လျားတော့တာပါဘဲ။

မြေလွှာပိုင်းကြီးတွေ ထိခိုက်မှုပြင်းထန်တဲ့အခါ ငလျင်ဗဟိုနဲ့နီးတဲ့ ဒေသတွေမှာ ပျက်စီးမှု အများဆုံးဖြစ်ရပါတယ်။

တစ်ခါတစ်ရံမှာ ငလျင်ရဲ့ဗဟိုဟာ သမုဒ္ဒရာ အောက်ခြေမှာဖြစ်ရင်တော့ ဆူနာမီ"tsunamis"လို့ခေါ်တဲ့ ပင်လယ်လှိုင်းလုံးကြီးတွဖြေစ်လာပြီး၊ သမုဒ္ဒရာကို နာရီပေါင်းများစွာ ဖြတ်သန်းသွားပါတယ်။ အဲဒီ
ဆူနာမီ လှိုင်းလုံးကြီးတွေဟာ (၁၅)မီတာလောက်ထိ မြင့်မားပြီး၊ ကုန်းမြေကို ရောက်တဲ့အခါ၊ ကမ်းခြေမှာ
ရှိတဲ့မြို့ ရွာတွေ၊ ကျွန်းစုလေးတွေကို တိုက်ချဖျက်ဆီးပစ်တော့တာပါဘဲ။

ဒါကြောင့် ငလျင်ဗဟိုကဝေးတဲ့ ကမ်းရိုးတန်းဒေသတွေမှာ ရေလွှမ်းမိုးမှု၊ ကမ်းခြေတွေ၊ မြို့တွေကို
ပျက်စီးစေတဲ့ အထိဖြစ်နိုင်ပါတယ်။

သမုဒ္ဒရာအောက်ခြေမှ အစပြုခဲ့တဲ့ ငလျင်ကြောင့်ဖြစ်လာတဲ့ဆူနာမီ ပင်လယ်လှိုင်းတွေကြောင့်
လူတွေ သေကြကြေ၊ မြို့တွေပျောက်ကွယ်သွားကြတာ သာဓက အများကြီးရှိပါတယ်။

(၁၈၉၆)မှာ ဆူနာမီကြောင့် ဂျပန်နိုင်ငံမှာလူဦးရေ(၂၇,ဝဝဝ)ခန့် သေခဲ့သလို၊ (၁,၅၅၆)ခုနှစ် တရုတ်နိုင်ငံ
မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ငလျင်ဟာ လူဦးရေ(၈၃၀,ဝဝဝ)အထိ သေစေခဲ့တာကြောင့် ငလျင်ဖြစ်ပေါ်မှု
သမိုင်းမှာ အဆိုးရွားဆုံး အခြေအနေပါ။

ဒီတုန်းက ငလျင်ဖြစ်ပေါ်မှု ပမာဏကို တိုင်းတာနိုင်တဲ့ ရစ်တာစကေး"Richter scale"တွေ မရှိသေး
တော့ ဘယ်၍ဘယ်မျှ ပြင်းထန်ခဲ့တယ်ဆိုတာ ပြောဖို့ခက်ပါတယ်။

(၁၉၃၅)ခုနှစ်ရောက်မှ သိပ္ပံပညာရှင်တွေဟာ ငလျင်လှိုင်းကိုတိုင်းတာနိုင်တဲ့ ရစ်တာစကေးကို
အသုံးပြုခဲ့ကြပါတယ်။ ပြင်းထန်စွာပျက်စီးမှုဖြစ်စေတဲ့ ငလျင်ဟာ ရစ်တာစကေး(၆.၅)နဲ့အထက်မှာရှိပါ
တယ်။

 ဒါကြောင့်တာလမြေို့နဲ့ ပုဂံမှာဖြစ်ခဲ့တဲ့ ငလျင်ဟာ (၆.၅)ရစ်တာစကေးအထက်မှာ ရှိတာမို့ အပျက်
အစီး များခဲ့တာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာတော့ မီးတောင်ပေါက်ကွဲမှုနဲ့ အတူ ငလျင်ဖြစ်တတ်ပါတယ်။ ငလျင်ကြောင့်မီးတောင်
ပေါက်ကွဲတာ ဖြစ်နိုင်သလို၊ မီးတောင်ပေါက်ကွဲလို့လည်း ငလျင်ဖြစ်တတ်ပါတယ်။ ဥပမာပြောရရင်
(၁၉၈၄)ခုနှစ် နိုဝင်ဘာလလောက်မှာ၊ ကိုလံဘီယာနိုင်ငံမှာ အားကောင်းတဲ့ငလျင်တွေနေ့စဉ်လိုလို
လှုပ်ရာက၊ ကိုလံဘီယာမှာရှိတဲ့"နယ်ဗယ်ဒို ဒယ် ရု မီးတောင်"ဟာ(၁၉၈၅)ခုနိုဝင်ဘာ(၁၄)ရက်နေ့မှာ ပေါက်ကွဲခဲ့တယ်။

အနီးမှာရှိတဲ့မြစ်တွေဟာ ရွှံ့ပင်လယ်ဖြစ်သွားပြီး၊ မြို့(၄)မြို့ကို ဝါးမြိုပစ်ခဲ့ပါတယ်။ ငလျင်ဘယ်မှာ ဖြစ်မယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာ ကိုတိကျစွာ မပြောနိုင်ကြသေးပေမဲ့၊ ငလျင်ဟာ ပြန့်ကျဲ ဖြစ်ပေါ်နေတာမဟုတ်၊ အချို့သော ဖြစ်နိုင်ခြေရှိတဲ့ ဒေသတွေမှာသာ ဖြစ်လေ့ရှိတယ်လို့ ငလျင်လေ့လာရေး ပညာရှင်"Seismologists "တွေက ဆိုပါတယ်။

အနီးစပ်ဆုံးက ကမာ္ဘ့မြေမျက်နှာပြင်များ ထိစပ်နေတဲ့ ဒေသများဖြစ်တဲ့ မြောက်နဲ့တောင် အမေရိက
တိုက်အနောက်ဖက်ကမ်းခြေဒေသများ၊ မြေထဲပင်လယ်ဒေသ၊ အာရှတိုက်ရဲ့ ပစိဖိတ်ကမ်းရိုးတန်း
များလို့ဆိုပါတယ်။

ငလျင်ဖြစ်ပေါ်လာမယ်ဆိုတာ လူတွေထက် တိရစ္ဆာန်တွေက ကြိုသိနိုင်တယ်လို့ ဆိုပါတယ်။
ကြက်ကလေးတွေ သစ်ပင်ပေါ် ပျံတက်ပြီးနားနကြေမယ်၊ ငါးတွေရပြေင်ပေါ်မှာ ခုန်နေမယ်၊
မြွေတွေဟာ ကျွင်းထဲက ထွက်လာနေမယ်၊ ဥနေကျ ကြက်မကြီးတွေ ဥချတာ ရပ်သွားမယ်၊
တိရစ္ဆာန်တွေဟာ ပြုမူနေကျပုံစံကနေ ထူးခြားမှုတွေ ရှိလာပြီဆိုရင်တော့ မကြာမီ ငလျင်လှုပ်တော့မယ်လို့
သတိပြုသင့်တယ်လို့ ဆိုပါတယ်။

ပင်လယ်ကမ်းခြေမှာ နေတဲ့သူတွေကတော့ ပင်လယ်ရေမျက်နှာပြင်ကိုကြည့်ပြီး ကြိုတင်သိနိုင်ပါ
တယ်။ ပင်လယ်ရေမျက်နှာပြင် ရုတ်တရက်နိမ့်ဆင်းသွားရင် ငလျင်လှုပ်တော့မဲ့ အခြေအနေလို့ဆိုပါ
တယ်။

ငလျင်ကြောင့်ပျက်စီးမှုအနည်းအများဟာ ငလျင်ဖြစ်ပေါ်တဲ့ ဒေသမှာရှိတဲ့ လူဦးရေ အစိပ်အကျဲ၊
မြေသားဖွဲ့စည်းပုံ၊ အဆောက်အဦ ခိုင်ခံ့မှုအခြေအနေ၊ ငလျင်လှုပ်တဲ့ အချိန် အစရှိတာတွေအပေါ်
အများကြီးမူတည်နေပါတယ်။

ငလျင်လှုပ်ပြီးတဲ့အခါ ကြုံတွေ့ရတဲ့ပြဿနာတွေကတော့ အစာရေစာပြတ်တောက်မှု၊ရေနဲ့ဆေးဝါး
ထောက်ပံ့မှု လုံလောက်ဖို့ပါဘဲ။

ဒီနေ့ခေတ်မှာတော့ ငလျင်လေ့လာရေးပညာရှင်"Seismologists "တွေဟာ ငလျင်ဖြစ်ပေါ်လာမဲ့ အ
ချိန်တွေ၊ ဖြစ်ပေါ်မဲ့ အရပ်ဒေသတွေကို အနီးစပ်ဆုံးခန့်မှန်းနိုင်နေပါပြီ။ ရစ်တာစကေး ဘယ်လောက်ရှိရင်
ဘယ်လောက်ပျက်စီးနိုင်တယ်၊ ငလျင်လှုပ်ရင် ဘယ်လိုကာကွယ်ရမယ်၊ငလျင်ဒဏ်ခံနိုင်အောင်
ဘယ်ဒေသမှာ ဘယ်လိုအဆောက်အဦကို ဆောက်သင့်တယ်ဆိုတာကအစ ပညာပေးဟောပြောမှု
တွေကို စေတနာမေတ္တာနဲ့ ဆောင်ရွက်နကြေပါပြီ။

ကျွန်တော်တို့ တာချီလိတ်မြို့မှာလည်း (၁၈-၉-၂၀၁၆)တနင်္ဂေနွနေ့မှာ၊ ထိုင်းနိုင်ငံအခြေစိုက်၊ အာဆီယမ် ဒေသ ငလျင်ကျွမ်းကျင်ပညာရှင်များက ငလျင်ပညာပေးဟောပြော ဆွေးနွေးသရုပ်ပြပွဲကို "အောင်မြတ်ခန်းမမှာ" နံနက်(၉)နာရီကစပြီး ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ဖြစ်ပေါ်ရင် အန္တရာယ်အရှိဆုံး (အနီရောင်ဇုံနှစ်ခု)ရှိတယ်လို့ အကြမ်းအားဖြင့် သိထားမိပါတယ်။

ငလျင်ဖြစ်ပေါ်လာရင် ဘယ်လိုကာကွယ်မှုပြုလုပ်သင့်တယ်။ ဘာတွပြေင်ဆင်ထားသင့်တယ်ကအစ
သိနိုင်အောင်၊ ပြန်လည်မျှဝေနိုင်အောင် စိတ်ပါဝင်စားသူများကြွရောက်နိုင်ပါစေကြောင်း နိဒါန်းပျိုးရေး
သားလိုက်မိပါတယ်။

 ဦးခင်မောင်မြင့်(ရွှေမဟာ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~