ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း သမ၀ါယမ အသင္းစုခ်ဳပ္မွ ပညာသင္ေထာက္ပံ့ေၾကးႏွင့္ ပညာရည္ထူးခၽြန္ဆု ခ်ီးျမႇင့္

ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း သမ၀ါယမ အသင္းစုခ်ဳပ္မွ ပညာသင္ေထာက္ပံ့ေၾကးႏွင့္ ပညာရည္ထူးခၽြန္ဆု ခ်ီးျမႇင့္
စက်တင်ဘာ 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း သမ၀ါယမ အသင္းစုခ်ဳပ္မွ၂၀၁၅-၂၀၁၆ ပညာသင္ႏွစ္တြင္ ထူးခၽြန္စြာ ေအာင္ျမင္ခဲ့သည့္ အမႈေဆာင္ႏွင့္ ၀န္ထမ္းသားသမီးမ်ားအား ပညာသင္ေထာက္ပံ့ေၾကးႏွင့္ ပညာရည္ထူးခၽြန္ဆု ခ်ီးျမႇင့္ေပးအပ္ျခင္း အခမ္းအနားအား ၾသဂုတ္လ(၃၁)ရက္ေန႔က သမ၀ါယမ အသင္းစုရံုးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

"ပညာရည္ခၽြန္ဆုနဲ႔ ပညာသင္ေထာက္ပံ့ေၾကး ေပးအပ္ရျခင္း ရည္ရြယ္ခ်က္က ကၽြန္ေတာ္တို႔ သမ၀ါယမ အေျခခံ သေဘာတရားေတြျဖစ္တဲ့ လူမႈေရး တာ၀န္ေက်ပြန္ျခင္းနဲ႔ အနာဂတ္ ႏိုင္ငံေခါင္းေဆာင္ေတြ ျဖစ္လာမယ့္ လူငယ္ေတြကို အားေပးခ်ီးေျမႇာက္တဲ့ အေနနဲ႔ ေပးအပ္တာပါ"ဟု ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္အေရွ႕ပိုင္း သမ၀ါယမ အသင္းစုခ်ဳပ္မွ ဥကၠဌ ဦးေက်ာ္ျမခိုင္က ေျပာသည္။

သမ၀ါယမ အသင္းစုအေနႏွင့္ ပညာရည္ခၽြန္ဆုခ်ီးျမႇင့္ျခင္းႏွင့္ ပညာသင္ေထာက္ပံ့ေၾကးမ်ားမ်ားအား ႏွစ္စဥ္ေပးအပ္လာသည္မွာ ယခုႏွစ္အထိ (၁၅)ႏွစ္ရွိၿပီျဖစ္ေၾကာင္း ယခုႏွစ္တြင္လဲ အသင္းစုမွ အမႈေဆာင္ႏွင့္ ၀န္ထမ္းသားသမီးအား ပညာရည္ခၽြန္ဆုႏွင့္ တကၠသိုလ္အား ဆက္လက္တက္ေရာက္ရန္ ပညာသင္ေထာက္ပံ့ေၾကး ေပးျခင္းျဖစ္ေၾကာင္း ၎မွ ေျပာသည္။

အခမ္းအနားတြင္ ပညာရည္ခၽြန္ဆုေငြအား က်ပ္(၁၁.၅)သိန္းႏွင့္ ပညာသင္ေထာက္ပ့ံေၾကးေငြ က်ပ္(၁၀)သိန္း ေထာက္ပံ့ခဲ့ၿပီး စုစုေပါင္း က်ပ္သိန္း(၂၀)အား ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း သမ၀ါယမ အသင္းစုခ်ဳပ္မွ ေထာက္ပံ့ေပးခဲ့ျခင္းျဖစ္ၿပီး ပညာသင္ေထာက္ပံ့ေၾကးရရွိသူ ေက်ာင္းသားလူငယ္(၇)ဦးႏွင့္ တကၠသိုလ္၀င္တန္းစာေမးပြဲတြင္ ဂုဏ္ထူူးရေက်ာင္းသားေက်ာင္းသူ (၈)ဦးတို႔အား ဆုခ်ီးျမႇင့္ေပးခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း သမဝါယမ အသင်းစုချုပ်မှ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် အမှုဆောင်နှင့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ထူးချွန်ဆု ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားအား သြဂုတ်လ(၃၁)ရက်နေ့က သမဝါယမ အသင်းစုရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

"ပညာရည်ချွန်ဆုနဲ့ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်း ရည်ရွယ်ချက်က ကျွန်တော်တို့ သမဝါယမ အခြေခံ သဘောတရားတွဖြေစ်တဲ့ လူမှုရေး တာဝန်ကျေပွန်ခြင်းနဲ့ အနာဂတ် နိုင်ငံခေါင်းဆောင်တွေ ဖြစ်လာမယ့် လူငယ်တွေကို အားပေးချီးမြှောက်တဲ့ အနေနဲ့ ပေးအပ်တာပါ"ဟု ရှမ်းပြည်နယ် တောင်ပိုင်းနှင့်အရှေ့ပိုင်း သမဝါယမ အသင်းစုချုပ်မှ ဥက္ကဌ ဦးကျော်မြခိုင်က ပြောသည်။

သမဝါယမ အသင်းစုအနေနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးများများအား နှစ်စဉ်ပေးအပ်လာသည်မှာ ယခုနှစ်အထိ (၁၅)နှစ်ရှိပြီဖြစ်ကြောင်း ယခုနှစ်တွင်လဲ အသင်းစုမှ အမှုဆောင်နှင့် ဝန်ထမ်းသားသမီးအား ပညာရည်ချွန်ဆုနှင့် တက္ကသိုလ်အား ဆက်လက်တက်ရောက်ရန် ပညာသင်ထောက်ပံ့ကြေး ပေးခြင်းဖြစ်ကြောင်း၎င်းမှ ပြောသည်။

အခမ်းအနားတွင် ပညာရည်ချွန်ဆုငွေအား ကျပ်(၁၁.၅)သိန်းနှင့် ပညာသင်ထောက်ပံ့ကြေးငွေ ကျပ်(၁၀)သိန်း ထောက်ပံ့ခဲ့ပြီး စုစုပေါင်း ကျပ်သိန်း(၂၀)အား ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း သမဝါယမ အသင်းစုချုပ်မှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေးရရှိသူ ကျောင်းသားလူငယ်(၇)ဦးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသားကျောင်းသူ (၈)ဦးတို့အား ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~