Update News

အေျခခံပညာေရးဇာတ္ခံုေပၚမွ ႐ုပ္ေသးမ်ား

အေျခခံပညာေရးဇာတ္ခံုေပၚမွ ႐ုပ္ေသးမ်ား ။  ။ ဦးခင္ေမာင္ျမင့္(ေရႊမဟာ)

"နင့္ ကိုအိမ္မွာကတည္းက ဘာမွာထားသလဲ။ နင့္အစ္မဝမ္းကဲြေတြလည္း "ဘိုင္အို"တဲြယူၿပီး ခုေဆးေက်ာင္း တက္ေနၿပီ။ ငါတို႔ ကိုအထင္ေသးခံရေအာင္မလုပ္နဲ႔"

 "အေမကလည္း သမီးမွ ဆရာဝန္မလုပ္ခ်င္တာ။ "ဘိုင္အို"က အဂၤလိပ္လို ခ်ည္းက်က္ရတာ၊ သမီး"အီကို"တဲြဘဲယူမယ္။"

"ဟဲ့ ေကာင္မေလး၊ သူမ်ားက်က္ႏိုင္ရင္ နင္ဘာလို႔ မက်က္ႏိုင္ရမွာလဲ။ နင္က ထမင္းမစားဘဲ ေခ်း(ခ်ီး)စားထားလို႔လား။ ဪ.. ကန္ေတာ့  ကန္ေတာ့ေနာ္ ဆရာႀကီး။"

ေက်ာင္းသူမိခင္က ကၽြန္ေတာ့ရံုးခန္း၊ ကၽြန္ေတာ့ေရွ႕မွာ ေျပာေနမိမွန္း သတိရဟန္ျဖင့္ ေတာင္းပန္စကား ဆိုပါတယ္။ ကၽြန္ေတာ္က ျပံဳးရံုသာျပံဳးၿပီးၾကည့္ေနမိတယ္။

ဒီလိုကိစၥမ်ိဳးက ကၽြန္ေတာ္ ႏွစ္စဥ္လိုလို ၾကံဳေနရၿမဲမို႔ မထူးလွပါဘူး။ ေက်ာင္းဖြင့္ရာသီျဖစ္တဲ့ ဇြန္လမွာ (၈)တန္းေအာင္လို႔ (၉)တန္းတက္မဲ့ ကေလးေတြနဲ႔ အျမင္မတူ၊ အေတြးျခားနားတဲ့ အုပ္ထိန္းသူ
ေတြၾကားျဖစ္ေနၿမဲ ျပႆနာပါဘဲ။

မိဘ အုပ္ထိန္းသူေတြကလည္း၊ သားသမီးရဲ႕အေျခခံ၊ ဝါသနာ စိတ္ရင္းခံစားခ်က္၊ ရည္မွန္းခ်က္ထက္ ကိုယ္ျဖစ္ေစခ်င္တာကို ေရွ႕တန္းတင္၊ မိမိပတ္ဝန္းက်င္၊ မိမိအသိုင္းအဝိုင္းမွာ ဂုဏ္ယူျပခ်င္တာတစ္ခု တည္းအတြက္၊ သားသမီးေတြကို လိုခ်င္တဲ့ ပံုစံခြက္ထဲ ႐ိုက္သြင္းတတ္ၾကပါတယ္။ ဒါကိုမွားတယ္လို႔ ကၽြန္ေတာ္မဆိုခ်င္ေပမဲ့ လံုးဝမွန္ကန္တဲ့ လုပ္ရပ္ မဟုတ္တာေတာ့ ေသခ်ာပါတယ္။

 "ေကာင္းရာၫႊန္လတ္၊ အတတ္သင္ေစ"ဆိုတဲ့ မိဘဝတၱရားအတိုင္း လုပ္သင့္ လုပ္ထိုက္တာမွန္ေပမဲ့ သားသမီးရဲ႕ စိတ္ခံစားခ်က္ကို ထည့္တြက္ဖို႔လည္း လိုတယ္လို႔ျမင္မိပါတယ္။

ေက်ာင္းသား ေက်ာင္းသူေတြမွာလည္း (၉)တန္းစတက္ရမဲ့ အခ်ိန္ဟာ အသက္အားျဖင့္ (၁၄)ႏွစ္ေက်ာ္သာရွိေသးေတာ့၊ အေတြးအေခၚပိုင္းေရာ၊ ရည္မွန္းခ်က္အပိုင္း ခိုင္မာဖို႔ဆိုတာ အရမ္း ႏုနယ္လြန္းလွပါတယ္။

ဘဝတစ္ခုလံုးနဲ႔ ဆိုင္တဲ့ ဘာသာတဲြလိုင္းခဲြယူဖို႔ဆိုတာ ကေလးေတြ ဆံုးျဖတ္တာေရာမွန္ပါ့မလား ကၽြန္ေတာ္တို႔ ထည့္စဥ္းစားဖို႔ လိုပါတယ္။

အခ်ိဳ႕က သူငယ္ခ်င္းအမ်ားစုယူတဲ့ ဘာသာတဲြကို ဘုမသိဘမသိ ယူလိုက္ၾကတာမ်ားသလို၊ အခ်ိဳ႕က "ဘိုင္အိုတဲြ"ယူမွ အထင္ႀကီးခံရမယ္လို႔ လဲြေခ်ာ္တဲ့အေတြးေတြရွိျပန္တယ္။ အခ်ိဳ႕ကေတာ့ "အီကို"
ဟာ ျမန္မာလို က်က္ရလို႔ လြယ္တယ္ဆိုၿပီး အလြယ္တကူယူခဲ့ျပန္တယ္။

 တစ္ခါတစ္ေလ မိဘေတြက 'ဆရာႀကီး ေကာင္းသလို စီစဥ္ေပးပါ"လို႔ ကၽြန္ေတာ့ဘက္ ျမႇားဦး လွည့္ျပန္တယ္။ ကၽြန္ေတာ္ကေတာ့ ကေလးေတြ တစ္ဘဝလံုးနဲ႔ဆိုင္တဲ့ ကိစၥျဖစ္တာမို႔ ဘာတဲြယူလိုက္ပါလို႔ ၫႊန္းဆိုေလ့မရွိသလို၊ ဒီလို လမ္းၫႊန္ခ်က္ေပးခဲ့ရင္လည္း အမွားႀကီးတစ္ခုကို ေဆာင္ရြက္လိုက္တာဘဲ လို႔ေျပာခ်င္ပါတယ္။

တကယ္ေတာ့ ဘိုင္အိုဘဲယူယူ၊ အီကိုဘဲယူယူ ျမန္မာ၊ အဂၤလိပ္၊ သခ်ၤာ၊ ဓာတု၊ ႐ူပေတြအားလံုး သင္ရတာပါဘဲ။ ဒါကိုမွ တစ္ဘာသာတည္း ကဲြျပားသြားတာနဲ႔ ကေလးေတြ အနာဂတ္ဟာ ပံုစံခြက္ထဲ ေရာက္သြားရတာ ဘယ္သူ႔အမွားလဲ ဆိုတာ ဆန္းစစ္ၾကည့္ဖို႔လိုလာပါၿပီ။

 ဥပမာတစ္ခုနဲ႔ ဆိုရရင္ အိမ္ေထာင္ျပဳတဲ့အခါ မွားယြင္းတဲ့ ေရြးခ်ယ္မႈ မျဖစ္ရေအာင္၊ ေသခ်ာစြာ သံုးသပ္ႏိုင္တဲ့အရြယ္၊ အသက္(၂၀)ေလာက္ရမွသာ ဥပေဒေၾကာင္းအရ မိမိသေဘာဆႏၵနဲ႔ ႏွစ္ဦး
သေဘာတူ လက္ထပ္ခြင့္ကို ျပဳထားသလို၊ မဲဆႏၵေပးတဲ့အခါမွာ အသက္(၁၈)ႏွစ္ျပည့္ၿပီးသူမ်ားကို ေတြးေခၚ ေျမာ္ျမင္မႈအရ မွန္ကန္မႈရွိတဲ့ အရြယ္လို႔ ယူဆထားၾကပါတယ္။

ေက်ာင္းသားအရြယ္ လူမမယ္ေလးေတြရဲ႕ ဘာသာရပ္ေရြးခ်ယ္မႈဟာ တစ္ဘဝလံုးအတြက္ အေရးအပါဆံုး လုပ္ရပ္ပါဘဲ။ အိမ္ေထာင္ျပဳတာ၊ မဲေပးတာထက္ ပိုၿပီးအေရးႀကီးလွပါတယ္။ ဒီလိုအေရးအႀကီးဆံုးကိုမွ အသက္(၁၄)ႏွစ္သာ ရွိေသးတဲ့ ကေလးေတြအေပၚ ေရြးခ်ယ္ဖို႔ တာဝန္ေပးလိုက္တာဟာျဖစ္သင့္၊ လုပ္သင့္ပါသလား ဆိုတာ ပညာေရးဌာနက တာဝန္ရွိသူေတြ သံုးသပ္ေစခ်င္ပါတယ္။

တကယ္ေတာ့"ဘိုင္အိုတဲြ"ယူသူတိုင္း ေဆးပညာရပ္နဲ႔ အသက္ေမြးဝမ္းေၾကာင္း မျပဳႏိုင္သလို၊ တကၠသိုလ္ဝင္ရမွတ္ အနည္းအမ်ားေပၚ မူတည္ၿပီး၊ ဝိဇၨာဘဲြ႕နဲ႔ ေက်ာင္းၿပီးရတဲ့ "ဘိုင္အိုတဲြ"ကေလး
ေတြ ဒုနဲ႔ေဒးပါဘဲ။ ဒီလို အေျခအေနေတြရွိေနပါလ်က္၊ အေျခခံပညာအဆင့္မွာ ဘာသာတဲြခဲြျခားမႈဟာ တစ္ခုခုေတ ာ့လဲြေခ်ာ္ေနၿပီ ထင္ပါတယ္။

စစ္အစိုးရ လက္ထက္ကစၿပီး ဒီေန႔အထိ စဥ္ဆက္မျပတ္ အကဲျဖတ္ဆိုတဲ့ မူေဟာင္းဟာ အသက္ဝင္ေနဆဲ ပါဘဲ။ မေအာင္မရွိငါ့တပည့္ ဆိုတာေတြကို (၄)တန္းနဲ႔ (၈)တန္းမွာ အရည္အခ်င္း စစ္မယ္လို႔ အသံေကာင္း လႊင့္ေပမဲ့ ေအာင္စာရင္းထုတ္ျပန္ၿပီးျပန္ေတာ့၊ က်ရံႈးတဲ့ကေလးေတြကို ကုစားဆိုၿပီး ျပန္ေျဖလို႔ ေအာင္ခ်က္ေပးျပန္တယ္။ ေကာင္းလိုက္တဲ့ပညာေရး၊ တိုးတက္လာလိုက္မဲ့ အဆင့္ျမင့္ပညာေရး ဒီအတိုင္းဆို"ေရႊျပည္ေတာ္ ေမွ်ာ္ေလတိုင္းေဝး"ေနမွာပါဘဲလား။

အစိုးရက မူအမ်ိဳးမ်ိဳးနဲ႔ ျပဌာန္းေလသမွ် ဟန္ခ်က္မပ်က္ လိုက္ကေနရတာက အေျခခံပညာ ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းသားေတြပါဘဲ။ ဒီပံုစံနဲ႔စစ္ပါ ဆိုေတာ့လည္း အမိန္႔အရ စစ္ေပးရ၊ က်ေနတာကို
ျပန္တင္ေပးဖို႔ ျပန္စစ္ဆိုေတာ့လည္း "ဟင့္အင္း"လို႔ မျငင္းဆန္ရဲတဲ့ ဘဝေတြ၊ တကယ္ေတာ့ အေျခခံပညာေရး ဝန္ထမ္းေတြနဲ႔ ေက်ာင္းသားေတြဟာ စိတ္ႀကိဳက္အဆဲြခံေနရတဲ့ "႐ုပ္ေသးေတြ"
ပါဘဲ။

ကၽြန္ေတာ္တို႔ ျမန္မာေတြဟာ စကားလံုးလွလွေတြကို အေျပာင္ေျမာက္ဆံုး သံုးတတ္ၾကတဲ့ "ၿပိဳင္ဘက္ကင္း ပညာရွင္ေတြ"ပါ။ "ေက်ာင္းသားဗဟိုျပဳသင္ၾကားေရး"တဲ့။ ဘယ္ေက်ာင္းသားကို ဘယ္အခ်ိန္ယူၿပီး တုန္႔ျပန္ေမးလာမဲ့ အေတြးအေခၚ အယူအဆကို ဘယ္လိုယူရမွာလဲ။

ကၽြန္ေတာ္တို႔ အေျခခံေက်ာင္းေတြမွာ အထက္တန္းဆင့္ ျပဌာန္းခ်က္ေတြ၊ လပိုင္း မာတိကာေတြနဲ႔အၿပီး သုတ္တက္႐ိုက္ သင္ေနရခ်ိန္မွာ မေအာင္မရွိ တင္ေပးလိုက္ရလို႔ အတန္းသာ တက္လာၿပီးအေျခခံ ခိုင္မာမႈမရွိခဲ့တဲ့ ကေလးေတြအတြက္ ေက်ာင္းသားဗဟိုျပဳ ပညာေရးနဲ႔ ေက်ာင္းသား အရည္အခ်င္းဟာ ညီၫြတ္မႈ ရွိမရွိေတြးဆၾကဖို႔ေတာ့ လိုပါတယ္။

ကၽြန္ေတာ္တို႔ငယ္စဥ္က ေအာက္တိုဘာဆိုရင္ ႏွစ္စက ေအာက္တိုဘာထိသင္ထားသမွ် ေျဖရသလို၊ ဒီဇင္ဘာ ဒုတိယႏွစ္ဝက္မွာလည္း ေရာက္တဲ့အထိ ေျဖရျပန္တယ္။ တတိယအႀကိမ္ေျဖရတဲ့ အတန္း
တင္ စာေမးပဲြႀကီးမွာေတာ့ ႏွစ္စ ႏွစ္ဆံုး ျပန္ေျဖရျပန္တယ္။

ခုေတာ့ လစဥ္ျပဳလုပ္ေပးေနက် အခန္းဆံုး စာေမးပဲြေတြနဲ႔ ကေလးေတြ မွတ္ဉာဏ္ဟာ ဖ်က္ဆီး ခံရျပန္တယ္။ ဆယ္တန္းေရာက္လို႔ စာအမ်ားႀကီး က်က္မွတ္ရတဲ့အခါမွ အေလ့အက်င့္ မရွိခဲ့တဲ့ ေက်ာင္းသားေတြ မ်က္လံုး မ်က္ဆံျပဴးၾကရေတာ့တယ္။

ဒါေတြ ဘယ္လိုလုပ္ၾကမလဲဲ။ ဘယ္သူ႔မွာ တာဝန္ရွိသလဲ။ ဘယ္လိုျပဳျပင္ေျပာင္းလဲၾကမလဲ။ ဘာဘဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ ဆရာေတြနဲ႔ ေက်ာင္းသားေတြကေတာ့ ဇာတ္ဆရာႀကိဳးဆဲြသမွ် ကျပေနဦးမွာပါဗ်ာ။

 ေဆာင္းပါးရွင္ - ဦးခင္ေမာင္ျမင့္(ေရႊမဟာ)


~~~~~~~~⊰❂ unicode ~~~~~~~~

"နင့် ကိုအိမ်မှာကတည်းက ဘာမှာထားသလဲ။ နင့်အစ်မဝမ်းကွဲတွေလည်း "ဘိုင်အို"တွဲယူပြီး ခုဆေးကျောင်း တက်နပြေီ။ ငါတို့ ကိုအထင်သေးခံရအောင်မလုပ်နဲ့"

 "အမေကလည်း သမီးမှ ဆရာဝန်မလုပ်ချင်တာ။ "ဘိုင်အို"က အင်္ဂလိပ်လို ချည်းကျက်ရတာ၊ သမီး"အီကို"တွဲဘဲယူမယ်။"

 "ဟဲ့ ကောင်မလေး၊ သူများကျက်နိုင်ရင် နင်ဘာလို့ မကျက်နိုင်ရမှာလဲ။ နင်က ထမင်းမစားဘဲ ချေး(ချီး)စားထားလို့လား။ ဪ--ကန်တော့ ကန်တော့နော် ဆရာကြီး။"

 ကျောင်းသူမိခင်က ကျွန်တော့ရုံးခန်း၊ ကျွန်တော့ရှေ့မှာ ပြောနေမိမှန်း သတိရဟန်ဖြင့် တောင်းပန်စကား ဆိုပါတယ်။ ကျွန်တော်က ပြုံးရုံသာပြုံးပြီးကြည့်နေမိတယ်။

ဒီလိုကိစ္စမျိုးက ကျွန်တော် နှစ်စဉ်လိုလို ကြုံနေရမြဲမို့ မထူးလှပါဘူး။ ကျောင်းဖွင့်ရာသီဖြစ်တဲ့ ဇွန်လမှာ (၈)တန်းအောင်လို့ (၉)တန်းတက်မဲ့ ကလေးတွေနဲ့ အမြင်မတူ၊ အတွေးခြားနားတဲ့ အုပ်ထိန်းသူ
တွကြေားဖြစ်နမြေဲ ပြဿနာပါဘဲ။

မိဘ အုပ်ထိန်းသူတွေကလည်း၊ သားသမီးရဲ့အခြေခံ၊ ဝါသနာ စိတ်ရင်းခံစားချက်၊ ရည်မှန်းချက်ထက် ကိုယ်ဖြစ်စေချင်တာကို ရှေ့တန်းတင်၊ မိမိပတ်ဝန်းကျင်၊ မိမိအသိုင်းအဝိုင်းမှာ ဂုဏ်ယူပြချင်တာတစ်ခု တည်းအတွက်၊ သားသမီးတွေကို လိုချင်တဲ့ ပုံစံခွက်ထဲ ရိုက်သွင်းတတ်ကြပါတယ်။ ဒါကိုမှားတယ်လို့ ကျွန်တော်မဆိုချင်ပေမဲ့ လုံးဝမှန်ကန်တဲ့ လုပ်ရပ် မဟုတ်တာတော့ သေချာပါတယ်။

 "ကောင်းရာညွှန်လတ်၊ အတတ်သင်စေ"ဆိုတဲ့ မိဘဝတ္တရားအတိုင်း လုပ်သင့် လုပ်ထိုက်တာမှန်ပေမဲ့ သားသမီးရဲ့ စိတ်ခံစားချက်ကို ထည့်တွက်ဖို့လည်း လိုတယ်လို့မြင်မိပါတယ်။

ကျောင်းသား ကျောင်းသူတွေမှာလည်း (၉)တန်းစတက်ရမဲ့ အချိန်ဟာ အသက်အားဖြင့် (၁၄)နှစ်ကျော်သာရှိသေးတော့၊ အတွေးအခေါ်ပိုင်းရော၊ ရည်မှန်းချက်အပိုင်း ခိုင်မာဖို့ဆိုတာ အရမ်း နုနယ်လွန်းလှပါတယ်။

ဘဝတစ်ခုလုံးနဲ့ ဆိုင်တဲ့ ဘာသာတွဲလိုင်းခွဲယူဖို့ဆိုတာ ကလေးတွေ ဆုံးဖြတ်တာရောမှန်ပါ့မလား ကျွန်တော်တို့ ထည့်စဉ်းစားဖို့ လိုပါတယ်။

အချို့က သူငယ်ချင်းအများစုယူတဲ့ ဘာသာတွဲကို ဘုမသိဘမသိ ယူလိုက်ကြတာများသလို၊ အချို့က "ဘိုင်အိုတွဲ"ယူမှ အထင်ကြီးခံရမယ်လို့ လွဲချော်တဲ့အတွေးတွေရှိပြန်တယ်။ အချို့ကတော့ "အီကို"
ဟာ မြန်မာလို ကျက်ရလို့ လွယ်တယ်ဆိုပြီး အလွယ်တကူယူခဲ့ပြန်တယ်။

 တစ်ခါတစ်လေ မိဘတွေက 'ဆရာကြီး ကောင်းသလို စီစဉ်ပေးပါ"လို့ ကျွန်တော့ဘက် မြှားဦး လှည့်ပြန်တယ်။ ကျွန်တော်ကတော့ ကလေးတွေ တစ်ဘဝလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တာမို့ ဘာတွဲယူလိုက်ပါလို့ ညွှန်းဆိုလေ့မရှိသလို၊ ဒီလို လမ်းညွှန်ချက်ပေးခဲ့ရင်လည်း အမှားကြီးတစ်ခုကို ဆောင်ရွက်လိုက်တာဘဲ လို့ပြောချင်ပါတယ်။

တကယ်တော့ ဘိုင်အိုဘဲယူယူ၊ အီကိုဘဲယူယူ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပတွေအားလုံး သင်ရတာပါဘဲ။ ဒါကိုမှ တစ်ဘာသာတည်း ကွဲပြားသွားတာနဲ့ ကလေးတွေ အနာဂတ်ဟာ ပုံစံခွက်ထဲ ရောက်သွားရတာ ဘယ်သူ့အမှားလဲ ဆိုတာ ဆန်းစစ်ကြည့်ဖို့လိုလာပါပြီ။

 ဥပမာတစ်ခုနဲ့ ဆိုရရင် အိမ်ထောင်ပြုတဲ့အခါ မှားယွင်းတဲ့ ရွေးချယ်မှု မဖြစ်ရအောင်၊ သေချာစွာ သုံးသပ်နိုင်တဲ့အရွယ်၊ အသက်(၂၀)လောက်ရမှသာ ဥပဒေကြောင်းအရ မိမိသဘောဆန္ဒနဲ့ နှစ်ဦး
သဘောတူ လက်ထပ်ခွင့်ကို ပြုထားသလို၊ မဲဆန္ဒပေးတဲ့အခါမှာ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို တွေးခေါ် မြော်မြင်မှုအရ မှန်ကန်မှုရှိတဲ့ အရွယ်လို့ ယူဆထားကြပါတယ်။

ကျောင်းသားအရွယ် လူမမယ်လေးတွေရဲ့ ဘာသာရပ်ရွေးချယ်မှုဟာ တစ်ဘဝလုံးအတွက် အရေးအပါဆုံး လုပ်ရပ်ပါဘဲ။ အိမ်ထောင်ပြုတာ၊ မဲပေးတာထက် ပိုပြီးအရေးကြီးလှပါတယ်။ ဒီလိုအရေးအကြီးဆုံးကိုမှ အသက်(၁၄)နှစ်သာ ရှိသေးတဲ့ ကလေးတွေအပေါ် ရွေးချယ်ဖို့ တာဝန်ပေးလိုက်တာဟာဖြစ်သင့်၊ လုပ်သင့်ပါသလား ဆိုတာ ပညာရေးဌာနက တာဝန်ရှိသူတွေ သုံးသပ်စေချင်ပါတယ်။

တကယ်တော့"ဘိုင်အိုတွဲ"ယူသူတိုင်း ဆေးပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်း မပြုနိုင်သလို၊ တက္ကသိုလ်ဝင်ရမှတ် အနည်းအများပေါ် မူတည်ပြီး၊ ဝိဇ္ဇာဘွဲ့နဲ့ ကျောင်းပြီးရတဲ့ "ဘိုင်အိုတွဲ"ကလေး
တွေ ဒုနဲ့ဒေးပါဘဲ။ ဒီလို အခြေအနေတွေရှိနေပါလျက်၊ အခြေခံပညာအဆင့်မှာ ဘာသာတွဲခွဲခြားမှုဟာ တစ်ခုခုတော့လွဲချော်နပြေီ ထင်ပါတယ်။

စစ်အစိုးရ လက်ထက်ကစပြီး ဒီနေ့အထိ စဉ်ဆက်မပြတ် အကဲဖြတ်ဆိုတဲ့ မူဟောင်းဟာ အသက်ဝင်နေဆဲ ပါဘဲ။ မအောင်မရှိငါ့တပည့် ဆိုတာတွေကို (၄)တန်းနဲ့ (၈)တန်းမှာ အရည်အချင်း စစ်မယ်လို့ အသံကောင်း လွှင့်ပေမဲ့ရ၊ အောင်စာရင်းထုတ်ပြန်ပြီးပြန်တော့၊ ကျရှုံးတဲ့ကလေးတွေကို ကုစားဆိုပြီး ပြန်ဖြေလို့ အောင်ချက်ပေးပြန်တယ်။ ကောင်းလိုက်တဲ့ပညာရေး၊ တိုးတက်လာလိုက်မဲ့ အဆင့်မြင့်ပညာရေး ဒီအတိုင်းဆို"ရွှပြေည်တော် မျှော်လေတိုင်းဝေး"နေမှာပါဘဲလား။

အစိုးရက မူအမျိုးမျိုးနဲ့ ပြဌာန်းလေသမျှ ဟန်ချက်မပျက် လိုက်ကနေရတာက အခြေခံပညာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေပါဘဲ။ ဒီပုံစံနဲ့စစ်ပါ ဆိုတော့လည်း အမိန့်အရ စစ်ပေးရ၊ ကျနေတာကို
ပြန်တင်ပေးဖို့ ပြန်စစ်ဆိုတော့လည်း "ဟင့်အင်း"လို့ မငြင်းဆန်ရဲတဲ့ ဘဝတွေ၊ တကယ်တော့ အခြေခံပညာရေး ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေဟာ စိတ်ကြိုက်အဆွဲခံနေရတဲ့ "ရုပ်သေးတွေ"
ပါဘဲ။

ကျွန်တော်တို့ မြန်မာတွေဟာ စကားလုံးလှလှတွေကို အပြောင်မြောက်ဆုံး သုံးတတ်ကြတဲ့ "ပြိုင်ဘက်ကင်း ပညာရှင်တွေ"ပါ။ "ကျောင်းသားဗဟိုပြုသင်ကြားရေး"တဲ့။ ဘယ်ကျောင်းသားကို ဘယ်အချိန်ယူပြီး တုန့်ပြန်မေးလာမဲ့ အတွေးအခေါ် အယူအဆကို ဘယ်လိုယူရမှာလဲ။

ကျွန်တော်တို့ အခြေခံကျောင်းတွေမှာ အထက်တန်းဆင့် ပြဌာန်းချက်တွေ၊ လပိုင်း မာတိကာတွေနဲ့အပြီး သုတ်တက်ရိုက် သင်နေရချိန်မှာ မအောင်မရှိ တင်ပေးလိုက်ရလို့ အတန်းသာ တက်လာပြီးအခြေခံ ခိုင်မာမှုမရှိခဲ့တဲ့ ကလေးတွေအတွက် ကျောင်းသားဗဟိုပြု ပညာရေးနဲ့ ကျောင်းသား အရည်အချင်းဟာ ညီညွတ်မှု ရှိမရှိတွေးဆကြဖို့တော့ လိုပါတယ်။

ကျွန်တော်တို့ငယ်စဉ်က အောက်တိုဘာဆိုရင် နှစ်စက အောက်တိုဘာထိသင်ထားသမျှ ဖြေရသလို၊ ဒီဇင်ဘာ ဒုတိယနှစ်ဝက်မှာလည်း ရောက်တဲ့အထိ ဖြေရပြန်တယ်။ တတိယအကြိမ်ဖြေရတဲ့ အတန်း
တင် စာမေးပွဲကြီးမှာတော့ နှစ်စ နှစ်ဆုံး ပြန်ဖြေရပြန်တယ်။

ခုတော့ လစဉ်ပြုလုပ်ပေးနေကျ အခန်းဆုံး စာမေးပွဲတွေနဲ့ ကလေးတွေ မှတ်ဉာဏ်ဟာ ဖျက်ဆီး ခံရပြန်တယ်။ ဆယ်တန်းရောက်လို့ စာအများကြီး ကျက်မှတ်ရတဲ့အခါမှ အလေ့အကျင့် မရှိခဲ့တဲ့ ကျောင်းသားတွေ မျက်လုံး မျက်ဆံပြူးကြရတော့တယ်။

ဒါတွေ ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်လိုပြုပြင်ပြောင်းလဲကြမလဲ။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ ဆရာတွေနဲ့ ကျောင်းသားတွေကတော့ ဇာတ်ဆရာကြိုးဆွဲသမျှ ကပြနေဦးမှာပါဗျာ။

 ဆောင်းပါးရှင် - ဦးခင်မောင်မြင့်(ရွှေမဟာ)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »