မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးနှင့် သုံးစွဲသူ(၃)ဦးအား ပြည်သူ့စစ်နှင့် တာဝန်ရှိသူများ ပူးပေါင်းဖမ်းဆီး

မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးနှင့် သုံးစွဲသူ(၃)ဦးအား ပြည်သူ့စစ်နှင့် တာဝန်ရှိသူများ ပူးပေါင်းဖမ်းဆီး
စက်တင်ဘာ 20, 2016
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် နယ်မြေခံ နားရိုင်းဌာနေပြည်သူ့စစ်၊ နမ့်စန်ရဲတပ်ဖွဲ့၊ နယ်မြေခံမူးယစ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သည့် အဖွဲ့က သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ ရောင်းချသူနှင့် သုံးစွဲသူ (၃) ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။



သတင်း - သန်းစိုးအောင်

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် နယ်မြေခံ နားရိုင်းဌာနပြေည်သူ့စစ်၊ နမ့်စန်ရဲတပ်ဖွဲ့၊ နယ်မြေခံမူးယစ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သည့် အဖွဲ့က သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ ရောင်းချသူနှင့် သုံးစွဲသူ (၃) ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ( ၁၉ )ရက် နေ့လယ်(၂)နာရီဝန်းကျင်တွင် မိုင်းစိတ်ကျေးရွာအနီးရှိ တောင်ယာခင်းအနီ၌ မူးယစ်ဆေးဝါးရောင်းနေသည်ဟု သတင်းရသဖြင့် ဝင်ရောက်ဖမ်းဆီးရာ လုံဆန်းဆိုသူထံမှ ပန်းရောင်စိတ်ကြွဆေးပြား (၆၂၀)နှင့်အတူ မူးယစ်ဆေးဝါး လာရောက်သုံးစွဲနေသည့် ကိုပီး၊ ဦးနီကောဒင်၊ ဦးလုံးဗိုက် တို့အား ဖမ်ဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အဆိုပါ လေးဦးအား နမ့်စန်မြို့မရဲစခန်းတွင် စက်တင်ဘာလ (၁၉) ရက်က ပ/၂၃/၂၀၁၆ ဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဥပဒေအရ အရေးယူနိုင် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - #သန်းစိုးအောင် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~