အင္ဒိုနီးရွားမွာ ေသသူေတြကို ျပန္တူးေဖၚၿပီး အရိုအေသျပဳတဲ့ဓေလ့ ဆက္လက္ က်င့္သံုးေနဆဲ

အင္ဒိုနီးရွားမွာ ေသသူေတြကို ျပန္တူးေဖၚၿပီး အရိုအေသျပဳတဲ့ဓေလ့ ဆက္လက္ က်င့္သံုးေနဆဲ
စက်တင်ဘာ 13, 2016
By Tachileik News Agency

အင္ဒိုနီးရွားႏုိင္ငံက တိုရာဂ်န္မ်ိဳးႏြယ္စုေတြ အျမတ္တႏိုး က်င္းပေလ့ရိွတဲ့ အစဥ္အလာ တစ္ခုကေတာ့ ေသသြားတဲ့ ေဆြမ်ိဳးေတြကို ျပန္တူးေဖာ္ျပီး အဝတ္အစားသစ္ေတြ ဝတ္ေပးကာ အရိုအေသျပဳၾကတာပါ။

ဆူလာေဝဇီကၽြန္းမွာ ေနထိုင္တဲ့ သူတုိ႔မ်ိဳးႏြယ္စုေတြဟာ သံုးႏွစ္တစ္ႀကိမ္ ေသသြားတဲ့ ေဆြမ်ိဳးေတြကို ျပန္တူးေဖာ္ၿပီး အဝတ္အစားသစ္ ဆင္ျမန္းေပးကာ မိသားစုဓာတ္ပံုရိုက္ၾကတာပါ။

ဒီရိုးရာဓေလ့ကို ေသသူမ်ားကို သန္႔ရွင္းသည့္ ပြဲေတာ္လို႔ ေခၚၾကၿပီး ရာစုႏွစ္တစ္ခုေက်ာ္ ၾကာျမင့္ၿပီျဖစ္ပါတယ္။

ေတာင္ေပၚမွာေနတဲ့ တိုရာဂ်န္မ်ိဳးႏြယ္စုေတြရဲ႕ အေရးအႀကီးဆံုး ပြဲတစ္ခုကေတာ့ အသုဘ အခမ္းအနားျဖစ္ပါတယ္။

သူတို႔ေတြဟာ မေသခင္ ဘဝတစ္ေလွ်ာက္လံုး ေသတဲ့အခ်ိန္မွာ လူရိုေသရွင္ရိုေသ ျမွဳပ္ႏွံခံရဖုိ႔ ဒါမွမဟုတ္ မိသားစုဝင္ေတြကိို ဒီလိုျမွဳပ္ႏွံႏုိင္ဖို႔ ပိုက္ဆံစုထားၾကတာပါ။ ဆယ္စုႏွစ္မ်ားစြာ ကတည္းက က်င္းပလာတဲ့ အသုဘ အခမ္းအနား အခ်ိဳ႕ဆိုရင္ ရက္သတၱပတ္ေပါင္း မ်ားစြာ က်င္းပၾကတာပါ။

ဒါေပမဲ့ ထူးျခားတာက အသုဘ အခမ္းအနားက မိသားစု ေဆြမ်ိဳးသားခ်င္းေတြ အေနနဲ႔ ေသသူကို ေနာက္ဆံုး ေတြ႕ျမင္ခြင့္ ရတဲ့အခ်ိန္ေတာ့ မဟုတ္ပါဘူး။ အသက္ႀကီးၿပီး ေသဆံုးသြားသူရဲ႕ ရုပ္ခႏၶာကို အဝတ္အထပ္ထပ္နဲ႕ ရစ္ပတ္ၿပီး မပ်က္စီးေအာင္ စီမံၾကပါတယ္။

သံုးႏွစ္တစ္ႀကိမ္တိုင္းလည္း ျပန္လည္တူးေဖာ္ၿပီး အဝတ္အစားသစ္ေတြ ဝတ္ေပးတာ၊ အရိုအေသျပဳတာေတြ လုပ္ၾကတာပါ။ ဒီလိုလုပ္ၾကတဲ့ ဓေလ့ရဲ႕ အေရးႀကီးတဲ့ ေနာက္တစ္ခ်က္ကေတာ့ ရုပ္အေလာင္းေတြ ပ်က္စီးမသြားဖို႔ အေခါင္းကို ျပဳျပင္တာေတြ လုပ္ဖို႔လည္း ျဖစ္ပါတယ္။

တိုရာဂ်န္ေတြဟာ အင္ဒိုနီးရွားႏုိင္ငံ ဆူလာေဝဇီက ေတာင္ေတြေပၚမွာ ေနထိုင္ၾကပါတယ္။ သူတို႔ဟာ ၁၉၇၀ ခုႏွစ္မ်ား မတိုင္မီ ဒတ္ခ်္သာသနာျပဳေတြ ေရာက္မလာခင္ကတည္းက ကိုယ္ပိုင္ အုပ္ခ်ဳပ္ေနထိုင္လာသူေတြ ျဖစ္ပါတယ္။

သူတို႔မ်ိဳးႏြယ္စုေတြၾကားမွာ မိသားစုခ်င္း လက္ထပ္ေပးတဲ့ ဓေလ့ရိွေပမဲ့ ေလးဆက္ေျမာက္ ဝမ္းကြဲမွသာ လက္ထပ္ခြင့္ရိွတာပါ။

တိုရာဂ်န္ေတြရဲ႕ ယံုၾကည္မႈမွာ ေသဆံုးျခင္းဆိုတာ ေနာက္ဆံုး မဟုတ္ဘဲ ဝိညာဥ္အေနနဲ႔ ဆက္ရွင္သန္ဖို႔ အဆင့္ တစ္ဆင့္ ျဖတ္သန္းသြားတာမ်ိဳးပါ။ ေနာက္ပိုင္း ကာလေတြမွာေတာ့ အသုဘ အခမ္းအနားက ရက္သတၱပတ္ တစ္ပတ္ေလာက္ပဲ က်င္းပပါေတာ့တယ္။

သူတို႔ယံုၾကည္တာက ဘယ္မွာပဲ ေသဆံုးသည္ျဖစ္ေစ ေသသူရဲ႕ဝိညာဥ္ဟာ မူလေနထိုင္ရာေဒသကို ျပန္လာၾကပါတယ္။ သူတို႔မ်ိဳးႏြယ္စုထဲမွာ ေသသြားတဲ့ အေလာင္းကို ျပန္မသယ္ႏုိင္တဲ့ အျဖစ္အပ်က္က တကယ့္ ရွားရွားပါးပါးျဖစ္စဥ္လုိ႔ သိရပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; dailymail

~~~~~~~~⊰❂ unicode ~~~~~~~~
အင်ဒိုနီးရှားနိုင်ငံက တိုရာဂျန်မျိုးနွယ်စုတွေ အမြတ်တနိုး ကျင်းပလေ့ရှိတဲ့ အစဉ်အလာ တစ်ခုကတော့ သေသွားတဲ့ ဆွေမျိုးတွေကို ပြန်တူးဖော်ပြီး အဝတ်အစားသစ်တွေ ဝတ်ပေးကာ အရိုအသပြေုကြတာပါ။

ဆူလာဝေဇီကျွန်းမှာ နေထိုင်တဲ့ သူတို့မျိုးနွယ်စုတွေဟာ သုံးနှစ်တစ်ကြိမ် သေသွားတဲ့ ဆွေမျိုးတွေကို ပြန်တူးဖော်ပြီး အဝတ်အစားသစ် ဆင်မြန်းပေးကာ မိသားစုဓာတ်ပုံရိုက်ကြတာပါ။

ဒီရိုးရာဓလေ့ကို သေသူများကို သန့်ရှင်းသည့် ပွဲတော်လို့ ခေါ်ကြပြီး ရာစုနှစ်တစ်ခုကျော် ကြာမြင့်ပြီဖြစ်ပါတယ်။

တောင်ပေါ်မှာနေတဲ့ တိုရာဂျန်မျိုးနွယ်စုတွေရဲ့ အရေးအကြီးဆုံး ပွဲတစ်ခုကတော့ အသုဘ အခမ်းအနားဖြစ်ပါတယ်။

သူတို့တွေဟာ မသေခင် ဘဝတစ်လျှောက်လုံး သေတဲ့အချိန်မှာ လူရိုသေရှင်ရိုသေ မြှုပ်နှံခံရဖို့ ဒါမှမဟုတ် မိသားစုဝင်တွေကို ဒီလိုမြှုပ်နှံနိုင်ဖို့ ပိုက်ဆံစုထားကြတာပါ။ ဆယ်စုနှစ်များစွာ ကတည်းက ကျင်းပလာတဲ့ အသုဘ အခမ်းအနား အချို့ဆိုရင် ရက်သတ္တပတ်ပေါင်း များစွာ ကျင်းပကြတာပါ။

ဒါပေမဲ့ ထူးခြားတာက အသုဘ အခမ်းအနားက မိသားစု ဆွေမျိုးသားချင်းတွေ အနေနဲ့ သေသူကို နောက်ဆုံး တွေ့မြင်ခွင့် ရတဲ့အချိန်တော့ မဟုတ်ပါဘူး။ အသက်ကြီးပြီး သေဆုံးသွားသူရဲ့ ရုပ်ခန္ဓာကို အဝတ်အထပ်ထပ်နဲ့ ရစ်ပတ်ပြီး မပျက်စီးအောင် စီမံကြပါတယ်။

သုံးနှစ်တစ်ကြိမ်တိုင်းလည်း ပြန်လည်တူးဖော်ပြီး အဝတ်အစားသစ်တွေ ဝတ်ပေးတာ၊ အရိုအသပြေုတာတွေ လုပ်ကြတာပါ။ ဒီလိုလုပ်ကြတဲ့ ဓလေ့ရဲ့ အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ ရုပ်အလောင်းတွေ ပျက်စီးမသွားဖို့ အခေါင်းကို ပြုပြင်တာတွေ လုပ်ဖို့လည်း ဖြစ်ပါတယ်။

တိုရာဂျန်တွေဟာ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဇီက တောင်တွေပေါ်မှာ နေထိုင်ကြပါတယ်။ သူတို့ဟာ ၁၉၇၀ ခုနှစ်များ မတိုင်မီ ဒတ်ချ်သာသနာပြုတွေ ရောက်မလာခင်ကတည်းက ကိုယ်ပိုင် အုပ်ချုပ်နေထိုင်လာသူတွေ ဖြစ်ပါတယ်။

သူတို့မျိုးနွယ်စုတွကြေားမှာ မိသားစုချင်း လက်ထပ်ပေးတဲ့ ဓလေ့ရှိပေမဲ့ လေးဆက်မြောက် ဝမ်းကွဲမှသာ လက်ထပ်ခွင့်ရှိတာပါ။

တိုရာဂျန်တွေရဲ့ ယုံကြည်မှုမှာ သေဆုံးခြင်းဆိုတာ နောက်ဆုံး မဟုတ်ဘဲ ဝိညာဉ်အနေနဲ့ ဆက်ရှင်သန်ဖို့ အဆင့် တစ်ဆင့် ဖြတ်သန်းသွားတာမျိုးပါ။ နောက်ပိုင်း ကာလတွေမှာတော့ အသုဘ အခမ်းအနားက ရက်သတ္တပတ် တစ်ပတ်လောက်ပဲ ကျင်းပပါတော့တယ်။

သူတို့ယုံကြည်တာက ဘယ်မှာပဲ သေဆုံးသည်ဖြစ်စေ သေသူရဲ့ဝိညာဉ်ဟာ မူလနေထိုင်ရာဒေသကို ပြန်လာကြပါတယ်။ သူတို့မျိုးနွယ်စုထဲမှာ သေသွားတဲ့ အလောင်းကို ပြန်မသယ်နိုင်တဲ့ အဖြစ်အပျက်က တကယ့် ရှားရှားပါးပါးဖြစ်စဉ်လို့ သိရပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; dailymail

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~