နမ့္စန္ၿမိဳ႕တြင္ ေဗ်ာက္အိုးေရာင္းခ်သူမ်ားကို သတိေပးမႈ စတင္

နမ့္စန္ၿမိဳ႕တြင္ ေဗ်ာက္အိုးေရာင္းခ်သူမ်ားကို သတိေပးမႈ စတင္
စက်တင်ဘာ 28, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ေတာင္ပုိင္းေဒသ၊ နမ့္စန္ၿမိဳ႕တြင္ ေဗ်ာက္အုိးေရာင္းသူမ်ားကုိ ထပ္မံ မေရာင္းခ်ရန္ သတိေပး လက္မွတ္ထိုးမႈကို စက္တင္ဘာလ (၂၇) ရက္ေန႔က စတင္လိုက္ေၾကာင္း သိရသည္။

"ပထမ ေဗ်ာက္အုိးေရာင္းခ်တဲ့ လူေတြကုိ မဖမ္းဆီးဘဲ ဆက္မေရာင္းခ်ဖုိ႔ ပထမ လက္မွတ္ေခၚထုိးခုိင္းမယ္။ ဒုတိယအႀကိမ္ ထပ္မံေရာင္းခ်တာေတြ႕ရင္ ပစြည္းသိမ္းမယ္။ ဒါမွမနာခံဘဲ ဆက္ေရာင္းေနတာေတြခဲ့ရင္ ဥပေဒအရ အေရးယူသြားဖုိ႔ရိွတယ္”ဟု နမ့္စန္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမွဴေဆာင္အရာရွိ ဦးေအာင္ျမသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီိသို႔ ေျပာသည္။

ေဗ်ာက္အုိးေရာင္းခ်ေနသည့္ဆုိင္မ်ားအား ဆက္လက္မေရာင္းခ်ရန္ သတိေပးမႈကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး႐ုံးမွ တာ၀န္႐ွိသူမ်ား၊ စခန္းမွဴး၊ စည္ပင္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား ပါ၀င္ေသာအဖြဲ႕ျဖင့္ လိုက္လံသတိေပး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"အခုေဗ်ာက္အုိးေတြက အရင္ေခတ္က ေဗ်ာက္အုိးေတြနဲ႔ မတူေတာ့ဘူး။ အသံေတြ အရမ္းက်ယ္တယ္။ လူေတြကုိလည္း အႏၱရာယ္ျဖစ္ေစႏုိင္တယ္။ အင္မတန္မွကုိ ျပင္အားမ်ားပါတယ္"ဟု အမွဴေဆာင္အရာရွိ ဦးေအာင္ျမသိန္းက ေျပာသည္။

သီတင္းကြၽတ္ကာလမတိုင္မီ ေဗ်ာက္အိုးေဖါက္မႈမ်ားလာသျဖင့္ ယင္းကဲ့သို႔ တားဆီးရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ နမ့်စန်မြို့တွင် ဗျောက်အိုးရောင်းသူများကို ထပ်မံ မရောင်းချရန် သတိပေး လက်မှတ်ထိုးမှုကို စက်တင်ဘာလ (၂၇) ရက်နေ့က စတင်လိုက်ကြောင်း သိရသည်။

"ပထမ ဗျောက်အိုးရောင်းချတဲ့ လူတွေကို မဖမ်းဆီးဘဲ ဆက်မရောင်းချဖို့ ပထမ လက်မှတ်ခေါ်ထိုးခိုင်းမယ်။ ဒုတိယအကြိမ် ထပ်မံရောင်းချတာတွေ့ရင် ပစွည်းသိမ်းမယ်။ ဒါမှမနာခံဘဲ ဆက်ရောင်းနေတာတွေခဲ့ရင် ဥပဒေအရ အရေးယူသွားဖို့ရှိတယ်”ဟု နမ့်စန်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှူဆောင်အရာရှိ ဦးအောင်မြသိန်းက တာချီလိတ်သတင်းအေဂျင်စိီသို့ ပြောသည်။

ဗျောက်အိုးရောင်းချနေသည့်ဆိုင်များအား ဆက်လက်မရောင်းချရန် သတိပေးမှုကို မြို့နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ စခန်းမှူး၊ စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့ဖြင့် လိုက်လံသတိပေး ဆောင်ရွက်နေကြောင်း သိရသည်။

"အခုဗျောက်အိုးတွေက အရင်ခေတ်က ဗျောက်အိုးတွေနဲ့ မတူတော့ဘူး။ အသံတွေ အရမ်းကျယ်တယ်။ လူတွေကိုလည်း အန္တရာယ်ဖြစ်စေနိုင်တယ်။ အင်မတန်မှကို ပြင်အားများပါတယ်"ဟု အမှူဆောင်အရာရှိ ဦးအောင်မြသိန်းက ပြောသည်။

သီတင်းကျွတ်ကာလမတိုင်မီ ဗျောက်အိုးဖောက်မှုများလာသဖြင့် ယင်းကဲ့သို့ တားဆီးရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~