ကယားျပည္နယ္ ျပည္သူ႔ေငြစာရင္းေစာင့္ၾကည့္စစ္ေဆးေရးေကာ္မတီ ဖြဲ႕စည္း

ကယားျပည္နယ္ ျပည္သူ႔ေငြစာရင္းေစာင့္ၾကည့္စစ္ေဆးေရးေကာ္မတီ ဖြဲ႕စည္း
စက်တင်ဘာ 8, 2016
By Tachileik News Agency

ကယားျပည္နယ္ ျပည္သူ႔ေငြစာရင္းေစာင့္ၾကည့္စစ္ေဆးေရး ေကာ္မတီတစ္ရပ္ကို ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္၏ တတိယပုံမွန္အစည္းေဝး ပထမေန႔ ႏွင့္ ဒုတိယေန႔တို႔တြင္ ဖြဲ႕စည္း အတည္ျပဳလိုက္သည္။

အဆိုပါ အစည္းအေ၀းကို စက္တင္ဘာလ (၆)ရက္ေန႔တြင္ စတင္ က်င္းပကာ အစည္းအေဝး၌ ဖြဲ႕စည္းလိုက္ျခင္းျဖစ္သည္။

ျပည္သူ႔ေငြစာရင္းေစာင့္ၾကည့္စစ္ေဆးေရးေကာ္မတီတြင္ ပါဝင္သင့္သည့္ အဖြဲ႕ဝင္ဦးေရ၊ အဖြဲ႕ဝင္မ်ား အမည္စာရင္း၊ ေကာ္မတီဥကၠ႒ႏွင့္ အတြင္းေရးမွဴးတို႔၏ အမည္စာရင္းအား ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၆၂ (က) ၊ (ခ) တို႔အရ ဖြဲ႕စည္းသြားရမည္ျဖစ္ၿပီး အဖြဲ႕ဝင္ (၁၁)ဦးကို အမည္စာရင္း တင္သြင္းခဲ့ျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔ ခုမွစဖြဲ႕တာဆိုေတာ့ ဘာေတြလုပ္ရမလဲဆိုတာ ေကာ္မတီဝင္ေတြနဲ႔ လႊတ္ေတာ္ဥကၠဌနဲ႔ ေဆြးေႏြးရဦးမယ္။ ခုေတာ့ မေျပာႏိုင္ေသးဘူးေပါ့။ ဒါေပမဲ့ ျပည္သူ႔ဘ႑ာေငြေတြကို ပြင့္လင္း ျမင္သာမႈရိွရွိ သုံးစြဲဖို႔ မရွိတာေတြကို တကယ္တိတိက်က် ေဖာ္ထုတ္သြားဖို႔ကိုေတာ့ လုပ္သြားမွာေပါ့" ဟု  ျပည္သူ႔ေငြစာရင္း ေစာင့္ၾကည့္စစ္ေဆးေရး ေကာ္မတီဥကၠဌ ဦးစိုးရယ္က ေျပာသည္။

ေကာ္မတီ၏ အဓိက လုပ္ေဆာင္ရမည့္တာဝန္မ်ားမွာ ႏိုင္ငံသားတိုင္း၏ တန္းတူညီမွ်ခြင့္ တရားမွ်တခြင့္ ရွိေစေရး ၊ ႏိုင္ငံဝန္ထမ္းမ်ား၏ အခြင့္အေရးမ်ားမွန္ကန္စြာရ႐ွိေစေရး၊ ျပည္သူ႔ဘ႑ာေငြမ်ား သုံးစြဲမႈအား ေစာင့္ၾကည့္ ေလ့လာေရး၊ ျပည္နယ္အဆင့္ အဖြဲ႕စည္းမ်ား ဌာနဆိုင္ရာမ်ား၏ လုပ္ငန္း ေဆာင္ရြက္မႈတို႔ကို စစ္ေဆးထားသည့္ ျပည္နယ္စာရင္းစစ္ခ်ဳပ္၏ အစီရင္ခံစာအား စိစစ္ျခင္း၊ ရေငြသုံးေငြ /ခ်ထားေပးေသာ ဘ႑ာေငြမ်ားအား တိက်စြာသုံးစြဲမႈရွိ/မရွိစစ္ေဆးျခင္း၊  ျပည္နယ္လႊတ္ေတာ္ ဥကၠဌ သို႔ စိစစ္ထားေသာ စိစစ္ခ်က္မ်ားကို တင္ျပျခင္း စသည့္ကိစၥရပ္မ်ားကို အဓိကလုပ္ေဆာင္ရမည္ျဖစ္ၿပီး ေကာ္မတီ၏ သက္တမ္းမွာ စတင္ဖြဲ႕စည္းသည့္ေန႔မွ စတင္၍ တစ္ႏွစ္သက္တမ္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း 
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ တတိယပုံမှန်အစည်းဝေး ပထမနေ့ နှင့် ဒုတိယနေ့တို့တွင် ဖွဲ့စည်း အတည်ပြုလိုက်သည်။

အဆိုပါ အစည်းအေဝးကို စက်တင်ဘာလ (၆)ရက်နေ့တွင် စတင် ကျင်းပကာ အစည်းအဝေး၌ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂ (က)၊ (ခ) တို့အရ ဖွဲ့စည်းသွားရမည်ဖြစ်ပြီး အဖွဲ့ဝင် (၁၁)ဦးကို အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ခုမှစဖွဲ့တာဆိုတော့ ဘာတွေလုပ်ရမလဲဆိုတာ ကော်မတီဝင်တွေနဲ့ လွှတ်တော်ဥက္ကဌနဲ့ ဆွေးနွေးရဦးမယ်။ ခုတော့ မပြောနိုင်သေးဘူးပေါ့။ ဒါပေမဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို ပွင့်လင်း မြင်သာမှုရှိရှိ သုံးစွဲဖို့ မရှိတာတွေကို တကယ်တိတိကျကျ ဖော်ထုတ်သွားဖို့ကိုတော့ လုပ်သွားမှာပေါ့" ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီဥက္ကဌ ဦးစိုးရယ်က ပြောသည်။

ကော်မတီ၏ အဓိက လုပ်ဆောင်ရမည့်တာဝန်များမှာ နိုင်ငံသားတိုင်း၏ တန်းတူညီမျှခွင့် တရားမျှတခွင့် ရှိစေရေး၊ နိုင်ငံဝန်ထမ်းများ၏ အခွင့်အရေးများမှန်ကန်စွာရရှိစေရေး၊ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲမှုအား စောင့်ကြည့် လေ့လာရေး၊ ပြည်နယ်အဆင့် အဖွဲ့စည်းများ ဌာနဆိုင်ရာများ၏ လုပ်ငန်း ဆောင်ရွက်မှုတို့ကို စစ်ဆေးထားသည့် ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအား စိစစ်ခြင်း၊ ရငွေသုံးငွေ /ချထားပေးသော ဘဏ္ဍာငွေများအား တိကျစွာသုံးစွဲမှုရှိ/မရှိစစ်ဆေးခြင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဌ သို့ စိစစ်ထားသော စိစစ်ချက်များကို တင်ပြခြင်း စသည့်ကိစ္စရပ်များကို အဓိကလုပ်ဆောင်ရမည်ဖြစ်ပြီး ကော်မတီ၏ သက်တမ်းမှာ စတင်ဖွဲ့စည်းသည့်နေ့မှ စတင်၍ တစ်နှစ်သက်တမ်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~