ဆိုင္ကယ္ျဖင့္ပြတ္တုိက္မိ၍ ဆယ္အိမ္မွဴးထံ အကူအညီေတာင္းသူကို ဆိုင္ကယ္တိုက္သူက ၀ိုင္းရိုက္၍ ေသဆံုးမႈ မိုင္းတံု၌ ျဖစ္ပြား

ဆိုင္ကယ္ျဖင့္ပြတ္တုိက္မိ၍ ဆယ္အိမ္မွဴးထံ အကူအညီေတာင္းသူကို ဆိုင္ကယ္တိုက္သူက ၀ိုင္းရိုက္၍ ေသဆံုးမႈ မိုင္းတံု၌ ျဖစ္ပြား
စက်တင်ဘာ 10, 2016
By Tachileik News Agency

ဆိုင္ကယ္ျဖင့္ပြတ္တိုက္မိသျဖင့္ ေျဖရွင္းေပးရန္ ဆယ္အိမ္မွဴးထံ အကူအညီလာေတာင္းသူအား ဆိုင္ကယ္ျဖင့္ တိုက္သည့္အုပ္စုမွ ဝင္ရိုက္သျဖင့္ ေသဆံုးသြားေၾကာင္း မိုင္းတံုၿမိဳ႕မရဲစခန္းမွ သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္၊ ပိန္းမံုေက်းရြာမွ ရွာေမြလဆိုသူက ၀မ္ပံုေက်းရြာမွ က်ီးဘူးဆိုသူ၏ ဆိုင္ကယ္ျဖင့္ စက္တင္ဘာလ ပထမပတ္တြင္းက ပြတ္တိုက္မိသျဖင့္  ဆယ္အိမ္မွဴးထံ လာေရာက္တိုင္ၾကားရာ ၀မ္ပံုေက်းရြာမွ က်ီးဘူးအပါအ၀င္ လူ(၃)ဦးက တုတ္ကိုယ္စီျဖင့္ ရွာေမြလအား ၀င္ေရာက္ရိုက္ႏွက္သျဖင့္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဆိုင္ကယ္နဲ႔ ပြတ္တိုက္မိတဲ့ကိစၥကို ေျဖရွင္းဖို႔ ဆယ္အိမ္မွဴးကို သြားတိုင္တာ။ အဲဒါကိုၾကားၿပီး လာရိုက္တာလို႔ ေျပာတယ္။ ရိုက္တဲ့ ဒဏ္ရာေၾကာင့္ ဦးေခါင္းေနာက္ေစ့မွာ တစ္ခ်က္၊ ယာပါး ဖူးေရာင္ဒဏ္ရာက တစ္ခ်က္၊ ေက်ာကုန္းမွာ ဒဏ္ရာတစ္ခ်က္နဲ႔ သတိလစ္လို႔ ေဆးရံုမွာ ကုသတဲ့အခ်ိန္မွာ ဒဏ္ရာေၾကာင့္ ဆံုးသြားတယ္"ဟု မိုင္းတံုၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ရွာေမြလအား ၀င္ေရာက္ရိုက္ႏွက္ခဲ့သူ (၃)ဦးျဖစ္သည့္ က်ီးဘူး၊ က်အူပႏွင့္ အဲကူတို႔မွာ ထြက္ေျပး တိမ္းေရွာင္လွ်က္ရွိၿပီး ဖမ္းဆီးရမိရန္ အတြက္ မိုင္းတံုၿမိဳ႕မရဲစခန္းမွ ရွာေဖြလွ်က္ရွိေၾကာင္း သိရသည္။

က်ီးဘူး၊ က်အူပႏွင့္ အဲကူတို႔(၃)ဦးအား မိုင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၆/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၂၅/၂၉၄/၁၁၄ ျဖင့္ ကနဦး အမႈဖြင့္လွစ္ခဲ့ၿပီး ေသဆံုးသြားသျဖင့္ ရာဇသတ္ႀကီးပုဒ္မ (၃၀၂/၁၁၄)ျဖင့္ ေျပာင္းလဲ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း - ေအာင္၀င္းေဌး
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ဆိုင်ကယ်ဖြင့်ပွတ်တိုက်မိသဖြင့် ဖြေရှင်းပေးရန် ဆယ်အိမ်မှူးထံ အကူအညီလာတောင်းသူအား ဆိုင်ကယ်ဖြင့် တိုက်သည့်အုပ်စုမှ ဝင်ရိုက်သဖြင့် သေဆုံးသွားကြောင်း မိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပိန်းမုံကျေးရွာမှ ရှာမွေလဆိုသူက ဝမ်ပုံကျေးရွာမှ ကျီးဘူးဆိုသူ၏ ဆိုင်ကယ်ဖြင့် စက်တင်ဘာလ ပထမပတ်တွင်းက ပွတ်တိုက်မိသဖြင့် ဆယ်အိမ်မှူးထံ လာရောက်တိုင်ကြားရာ ဝမ်ပုံကျေးရွာမှ ကျီးဘူးအပါအဝင် လူ(၃)ဦးက တုတ်ကိုယ်စီဖြင့် ရှာမွေလအား ဝင်ရောက်ရိုက်နှက်သဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆိုင်ကယ်နဲ့ ပွတ်တိုက်မိတဲ့ကိစ္စကို ဖြေရှင်းဖို့ ဆယ်အိမ်မှူးကို သွားတိုင်တာ။ အဲဒါကိုကြားပြီး လာရိုက်တာလို့ ပြောတယ်။ ရိုက်တဲ့ ဒဏ်ရာကြောင့် ဦးခေါင်းနောက်စေ့မှာ တစ်ချက်၊ ယာပါး ဖူးရောင်ဒဏ်ရာက တစ်ချက်၊ ကျောကုန်းမှာ ဒဏ်ရာတစ်ချက်နဲ့ သတိလစ်လို့ ဆေးရုံမှာ ကုသတဲ့အချိန်မှာ ဒဏ်ရာကြောင့် ဆုံးသွားတယ်"ဟု မိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှာမွေလအား ဝင်ရောက်ရိုက်နှက်ခဲ့သူ (၃)ဦးဖြစ်သည့် ကျီးဘူး၊ ကျအူပနှင့် အဲကူတို့မှာ ထွက်ပြေး တိမ်းရှောင်လျှက်ရှိပြီး ဖမ်းဆီးရမိရန် အတွက် မိုင်းတုံမြို့မရဲစခန်းမှ ရှာဖွေလျှက်ရှိကြောင်း သိရသည်။

ကျီးဘူး၊ ကျအူပနှင့် အဲကူတို့(၃)ဦးအား မိုင်းတုံမြို့မရဲစခန်းတွင် (ပ)၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/၁၁၄ ဖြင့် ကနဦး အမှုဖွင့်လှစ်ခဲ့ပြီး သေဆုံးသွားသဖြင့် ရာဇသတ်ကြီးပုဒ်မ (၃၀၂/၁၁၄)ဖြင့် ပြောင်းလဲ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း - အောင်ဝင်းဌေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~