တနင်္သာရီလိုင်စင် AA၊BB ပရိုဘောက်အငှားကားများကိုသာ ထားဝယ်ခရိုင်အတွင်း အခြေပြု ပြေးဆွဲခွင့်ပြုမည်
တနင်္သာရီလိုင်စင် AA၊BB ပရိုဘောက်အငှားကားများကိုသာ ထားဝယ်ခရိုင်အတွင်း အခြေပြု ပြေးဆွဲခွင့်ပြုမည်
စကျတငျဘာ 16, 2016
By Tachileik News Agency
တနင်္သာရီတိုင်းဒေသကြီး လိုင်စင်ပြုလုပ်ထားသည့် AA၊ BB ပရိုဘောက်အငှားယာဉ်များကိုသာ ထားဝယ်ခရိုင်အတွင်း အခြေပြု ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးဌာနထံမှ သိရသည်။
အခြားပြည်နယ် လိုင်စင်ဝင်ထားသည့် ကားများဝယ်ယူပြေးဆွဲနေသည့် ဒေသခံများအနေဖြင့် နယ်ပြောင်းလိုင်စင် လျှောက်ထားခြင်း၊ ကားပြန်လည်ရောင်းချမှုများ ပြုလုပ်နိုင်ရန်အတွက် အချိန် တစ်လပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက နှစ်လအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လိုင်စင်အတွင်း ဖေါ်ပြထားသည့် မြန်မာပြည်မည်သည့် နေရာမဆို မောင်းနှင်နိုင်ကြောင်း ခွင့်ပြုချက်မှာ ပြေးဆွဲသည့် ခရီးစဉ်များအတွက်သာ ဖြစ်ပြီး အခြားပြည်နယ်နှင့်တိုင်းများတွင် အခြေပြု ပြေးဆွဲခွင့်မရှိကြောင်း သိရသည်။
အဆိုပါ ကန့်သတ်ချက်မှာ AA၊ BB ပရိုဘောက်အငှားယာဉ်များ အတွက်သာဖြစ်ပြီး အခြားယာဉ်များ အနေဖြင့် နံပါတ်အမဲကို အနီပြောင်းခြင်း၊ နယ်လိုင်စင်ဝင်ခြင်းများပြုလုပ်ပြီး ပြေးဆွဲနိုင်ကြောင်း တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးဌာနမှ သိရသည်။
သတင်း - ရွှေဇော်
~~~~~~~~⊰❂ unicode ~~~~~~~~
 တနင်္သာရီတိုင်းဒေသကြီး လိုင်စင်ပြုလုပ်ထားသည့် AA၊ BB ပရိုဘောက်အငှါးယာဉ်များကိုသာ ထားဝယ်ခရိုင်အတွင်း အခြပြေု ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးဌာနထံမှ သိရသည်။
လက်ရှိတွင် ထားဝယ်ခရိုင်အတွင်း အခြားပြည်နယ်များတွင် လိုင်စင်ဝင်ထားသည့် AA၊ BB ပရိုဘောက် အငှါးယာဉ်များ လာရောက်ပြေးဆွဲမှုများ ရှိနေသည့်အတွက် ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တိုင်းဦးစီးမှူး ဦးတင်စိုးထံမှ သိရသည်။
“ဒီ AA၊ BB အငှါးယာဉ်တွေက တိုင်းဒေသကြီးအလိုက် အခြပြေုပြေးဆွဲဖို့ ထုတ်ပေးတာပါ။ တခြားပြည်နယ်မှာ လိုင်စင်ဝင်ထားတဲ့ကား တနင်္သာရီမှာ အခြပြေု ပြေးဆွဲလို့မရပါဘူး။ သူလိုင်စင်ဝင်ထားတဲ့ ပြည်နယ်တိုင်းမှာပဲ အခြပြေု လုပ်ကိုင်ရမှာပါ။ ဒီ်လိုလုပ်ခြင်းက ဒေသခံလိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ သူတွေကိုလည်း အထောက်အကူ ဖြစ်တယ်။ အခုက ကြိုသတိပေးတဲ့ အနေနဲ့ ထုတ်ပြန်တာပါ”ဟု ဦးတင်စိုးက ပြောသည်။
အခြားပြည်နယ် လိုင်စင်ဝင်ထားသည့် ကားများဝယ်ယူပြေးဆွဲနေသည့် ဒေသခံများအနဖြေင့် နယ်ပြောင်းလိုင်စင် လျှောက်ထားခြင်း၊ ကားပြန်လည်ရောင်းချမှုများ ပြုလုပ်နိုင်ရန်အတွက် အချိ်န် တစ်လပေးသွားမည်ဖြစ်ပြီး လိုအပ်ပါက နှစ်လအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့လို KYN လိုင်စင်ဝင်ထားတဲ့ ကားဝယ်ထားတဲ့ သူတွေတော့ နာပြီပေါ့။ ပြန်ရောင်းဖို့ ဆို်တာလည်း လွယ်တာမဟုတ်ဘူး။ လိုင်စင်ထဲမှာတော့ မြန်မာပြည် မည်သည့်ပြည်နယ်နှင့်တိုင်းမဆို မောင်းလို့ရသည်လို့ ပြောထားတယ်။ လိုင်စင်ပြောင်းဝင်ဖို့ပဲ လုပ်ရမှာပေါ့”ဟု ဒေသခံ အငှါးယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
လိုင်စင်အတွင်း ဖော်ပြထားသည့် မြန်မာပြည်မည်သည့် နေရာမဆို မောင်းနှင်နိုင်ကြောင်း ခွင့်ပြုချက်မှာ ပြေးဆွဲသည့် ခရီးစဉ်များအတွက်သာ ဖြစ်ပြီး အခြားပြည်နယ်နှင့်တိုင်းများတွင် အခြပြေု ပြေးဆွဲခွင့်မရှိကြောင်း သိရသည်။
အဆိုပါ ကန့်သတ်ချက်မှာ AA၊ BB ပရိုဘောက်အငှါးယာဉ်များ အတွက်သာဖြစ်ပြီး အခြားယာဉ်များ အနဖြေင့် နံပါတ်အမဲကို အနီပြောင်းခြင်း၊ နယ်လိုင်စင်ဝင်ခြင်းများပြုလုပ်ပြီး ပြေးဆွဲနိုင်ကြောင်း တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးဌာနမှ သိရသည်။
သတင်း - ရွှေဇော် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~