ရွမ္းေျမာက္ရွိ ျမန္မာ - တရုတ္နယ္စပ္၌ ဇီကာဗိုင္းရပ္စ္ကာကြယ္ေရး အပိုင္းနွစ္ပိုင္းခြဲ၍ သတိထားေဆာင္ရြက္ေန

ရွမ္းေျမာက္ရွိ ျမန္မာ - တရုတ္နယ္စပ္၌ ဇီကာဗိုင္းရပ္စ္ကာကြယ္ေရး အပိုင္းနွစ္ပိုင္းခြဲ၍ သတိထားေဆာင္ရြက္ေန
စက်တင်ဘာ 11, 2016
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ဇီကာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ မရွိေသးေသာ္လည္း က်န္းမာေရး အသိပညာေပးမႈမ်ား  စဥ္ဆက္မျပတ္ ျပဳလုပ္လ်ွက္ရွိၿပီး တရုတ္နယ္စပ္ဝင္ေပါက္မ်ား၌ က်န္းမာေရး ဆိုင္ရာမ်ားအား အပိုင္းနွစ္ပိုင္းခြဲ၍ ေဆာင္ရြက္ေနေၾကာင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန(လား ရွိဳး)မွ သိရသည္။
"ကၽြန္ေတာ္တို႔မွာ ေရာက္ၿပီးသား ေရာဂါေတြထဲမွာ ဇီကာမပါ ပါဘူး။ သို႔ေသာ္လည္း ေရာက္ၿပီးေတာ့ ရင္ဆိုင္ေနရတဲ႔ ေသြးလြန္တုပ္ေကြး အပါအဝင္ အျခားေရာဂါေတြအတြက္ ကာကြယ္နွိမ္နွင္းေရး လုပ္ငန္းေတြ ေဆာင္ရြက္ပါတယ္။ ဒီလိုေဆာင္ရြက္ျခင္းအားျဖင့္ ဇီကာအတြက္ တစ္ခါထဲ နွိမ္နွင္းၿပီးသား ျဖစ္သြားၿပီဗ်။ နယ္စပ္မွာဆိုရင္ အပိုင္းနွစ္ပိုင္းနဲ႔ လုပ္ေဆာင္တယ္။ တစ္ပိုင္းက လူအဝင္အထြက္ေပါ့။ လူအဝင္အထြက္ လုပ္တဲ႔ေနရာေတြမွာေတာ့ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ဖ်ားေနတယ္လို႔ သံသယရွိတဲ့ လူနာဆိုရင္ စစ္ေဆးနိုင္ေအာင္ ကၽြန္ေတာ္တို႔ ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနနဲ႔ ျပန္ၿပီး ခ်ိတ္ဆက္ေပးလို႔ရေအာင္ က်န္းမာေရးဝန္ထမ္းေတြ ခ်ထားေပးတယ္။ ေနာက္တစ္ပိုင္းကေတာ့ က်န္းမာေရးေစာင့္ေရွာက္မႈ ေဆးခန္းေတြ ဖြင့္ေပးထားတယ္။"ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာထင္လင္းက ေျပာသည္။
နယ္စပ္ဝင္ေပါက္မ်ားမွာ ျဖတ္သန္းသြားလာသူမ်ားမွတစ္ဆင့္ ႏုိင္ငံအတြင္း ေရာဂါကူးစက္မႈ မျဖစ္ပြားေစေရး အတြက္ က်န္းမာေရးစစ္ေဆးမႈ ေဆာင္ရြက္ခ်က္မ်ားကို ႏွစ္ႏိုင္ငံ သတင္းပို႔ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ဇီကာဗိုင္းရပ္စ္ပိုးအား ဓာတ္ခြဲစမ္းသပ္နိုင္ျခင္းမရိွသျဖင့္ မစစ္ေဆးႏုိင္ေသာ္လည္း အဆိုပါ ေရာဂါလကၡဏာ ျဖစ္ပြားသည့္ သံသယရိွလူနာကို မေတြ႔ရေသးေၾကာင္း  ျပည္နယ္က်န္းမာေရးဦးစီးဌာနမွ သိရသည္။
"မရွိဘူး/ရွိတယ္ဆိုတာ အမွန္ေတာ့ဓာတ္ခြဲစမ္းသပ္ၿပီးမွ ေျပာလို႔ရမွာေပါ့။ ဇီကာက်ေတာ့ ရန္ကုန္ကို ေသြးပို႔ၿပီးစစ္ရမယ္။ ကၽြန္ေတာ္တို႔ဆီမွာ စစ္ဖို႔က အသင့္ မရွိေသးပါဘူး။ လက္ရွိေတြ႔ေနရတဲ႔အထဲမွာ ဇီကာဗိုင္းရပ္စ္ သံသယျဖစ္ဖြယ္ေတာ့ အခုခ်ိန္ထိ မေတြ႔ေသးပါဘူး။ ဒီေရာဂါနဲ႔ ပတ္သက္ၿပီး က်န္းမာေရး ဝန္ထမ္းအားလံုးကို သက္ဆိုင္တဲ႔ ေရာဂါလဏၡာအေၾကာင္းကို ရွင္းျပထားပါတယ္။ ဘယ္လိုေရာဂါ လကၡဏာ ဆိုရင္ ဒီေရာဂါျဖစ္နိုင္တယ္ေပါ့။ သံသယျဖစ္နိုင္တယ္ဆိုရင္ ေသြးပို႔ၿပီးစစ္မွာပါ။ ခုေလာေလာဆယ္ေတာ့ ကၽြန္ေတာ္တို႔ဆီမွာ မေတြ႔ေသးပါဘူး။"ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာထင္လင္းက ေျပာသည္။
ဇီကာဗိုင္းရပ္စ္ပိုးသည္ ျခင္မွကူးစက္ျခင္းျဖစ္ၿပီး အသက္အရြယ္မေရြးျဖစ္ပြားတတ္ေၾကာင္း သိရသည္။
ဇီကာဗိုင္းရပ္စ္ပိုးသည္ အမ်ားစု၌ ေရာဂါကူးစက္မွန္းမသိရွိလိုက္ရဘဲ အနည္းစု၌ တုပ္ေကြးကဲ့သို႔ ေညာင္းညာကိုက္ခဲျခင္းမ်ား၊ ဇက္ကိုက္ျခင္း၊ အေၾကာဆြဲျခင္း၊ ခႏၶာကိုယ္အေရျပား၌ အနီစက္မ်ား ထြက္ေပၚျခင္း၊ စိတ္ပိုင္းဆိုင္ရာ ဂေယာက္ဂယက္ျဖစ္ျခင္း၊ တခ်ိဳ႕တြင္ အေရျပားယားယံျခင္းမ်ား တြဲလ်ွက္ျဖစ္ေပၚတတ္ၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား၌ ေနာက္ဆက္တြဲအေနျဖင့္ ကေလးငယ္မ်ား ဦးေႏွာက္ေသးသြားျခင္းမ်ား ျဖစ္တတ္ေၾကာင္း သိရသည္။
သတင္း - ေအာင္ျပည့္

~~~~~~~~⊰❂ unicode ~~~~~~~~

 ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ မရှိသေးသော်လည်း ကျန်းမာရေး အသိပညာပေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျှက်ရှိပြီး တရုတ်နယ်စပ်ဝင်ပေါက်များ၌ ကျန်းမာရေး ဆိုင်ရာများအား အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(လား ရှိုး)မှ သိရသည်။

"ကျွန်တော်တို့မှာ ရောက်ပြီးသား ရောဂါတွေထဲမှာ ဇီကာမပါ ပါဘူး။ သို့သော်လည်း ရောက်ပြီးတော့ ရင်ဆိုင်နေရတဲ့ သွေးလွန်တုပ်ကွေး အပါအဝင် အခြားရောဂါတွေအတွက် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ဇီကာအတွက် တစ်ခါထဲ နှိမ်နှင်းပြီးသား ဖြစ်သွားပြီဗျ။ နယ်စပ်မှာဆိုရင် အပိုင်းနှစ်ပိုင်းနဲ့ လုပ်ဆောင်တယ်။ တစ်ပိုင်းက လူအဝင်အထွက်ပေါ့။ လူအဝင်အထွက် လုပ်တဲ့နေရာတွေမှာတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဖျားနေတယ်လို့ သံသယရှိတဲ့ လူနာဆိုရင် စစ်ဆေးနိုင်အောင် ကျွန်တော်တို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ပြန်ပြီး ချိတ်ဆက်ပေးလို့ရအောင် ကျန်းမာရေးဝန်ထမ်းတွေ ချထားပေးတယ်။ နောက်တစ်ပိုင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းတွေ ဖွင့်ပေးထားတယ်။"ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်လင်းက ပြောသည်။

နယ်စပ်ဝင်ပေါက်များမှာ ဖြတ်သန်းသွားလာသူများမှတစ်ဆင့် နိုင်ငံအတွင်း ရောဂါကူးစက်မှု မဖြစ်ပွားစေရေး အတွက် ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ချက်များကို နှစ်နိုင်ငံ သတင်းပို့ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ဇီကာဗိုင်းရပ်စ်ပိုးအား ဓာတ်ခွဲစမ်းသပ်နိုင်ခြင်းမရှိသဖြင့် မစစ်ဆေးနိုင်သော်လည်း အဆိုပါ ရောဂါလက္ခဏာ ဖြစ်ပွားသည့် သံသယရှိလူနာကို မတွေ့ရသေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

"မရှိဘူး/ရှိတယ်ဆိုတာ အမှန်တော့ဓာတ်ခွဲစမ်းသပ်ပြီးမှ ပြောလို့ရမှာပေါ့။ ဇီကာကျတော့ ရန်ကုန်ကို သွေးပို့ပြီးစစ်ရမယ်။ ကျွန်တော်တို့ဆီမှာ စစ်ဖို့က အသင့် မရှိသေးပါဘူး။ လက်ရှိတွေ့နေရတဲ့အထဲမှာ ဇီကာဗိုင်းရပ်စ် သံသယဖြစ်ဖွယ်တော့ အခုချိန်ထိ မတွေ့သေးပါဘူး။ ဒီရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ထမ်းအားလုံးကို သက်ဆိုင်တဲ့ ရောဂါလဏ္ခါအကြောင်းကို ရှင်းပြထားပါတယ်။ ဘယ်လိုရောဂါ လက္ခဏာ ဆိုရင် ဒီရောဂါဖြစ်နိုင်တယ်ပေါ့။ သံသယဖြစ်နိုင်တယ်ဆိုရင် သွေးပို့ပြီးစစ်မှာပါ။ ခုလောလောဆယ်တော့ ကျွန်တော်တို့ဆီမှာ မတွေ့သေးပါဘူး။"ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်လင်းက ပြောသည်။

ဇီကာဗိုင်းရပ်စ်ပိုးသည် ခြင်မှကူးစက်ခြင်းဖြစ်ပြီး အသက်အရွယ်မရွေးဖြစ်ပွားတတ်ကြောင်း သိရသည်။

ဇီကာဗိုင်းရပ်စ်ပိုးသည် အများစု၌ ရောဂါကူးစက်မှန်းမသိရှိလိုက်ရဘဲ အနည်းစု၌ တုပ်ကွေးကဲ့သို့ ညောင်းညာကိုက်ခဲခြင်းများ၊ ဇက်ကိုက်ခြင်း၊ အကြောဆွဲခြင်း၊ ခန္ဓာကိုယ်အရပြေား၌ အနီစက်များ ထွက်ပေါ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဂယောက်ဂယက်ဖြစ်ခြင်း၊ တချို့တွင် အရပြေားယားယံခြင်းများ တွဲလျှက်ဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ၌ နောက်ဆက်တွဲအနဖြေင့် ကလေးငယ်များ ဦးနှောက်သေးသွားခြင်းများ ဖြစ်တတ်ကြောင်း သိရသည်။

သတင်း - အောင်ပြည့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~