ေရႊတူးေဖၚေရးလုပ္ငန္း၏ စြန္႔ပစ္ေျမစာပံုမ်ားေၾကာင့္ ဟုမၼလင္းၿမိဳ႕နယ္ ထိန္ကုန္းေက်းရြာမွ ေဒသခံမ်ား စိုးရိမ္ေန

ေရႊတူးေဖၚေရးလုပ္ငန္း၏ စြန္႔ပစ္ေျမစာပံုမ်ားေၾကာင့္ ဟုမၼလင္းၿမိဳ႕နယ္ ထိန္ကုန္းေက်းရြာမွ ေဒသခံမ်ား စိုးရိမ္ေန
စက်တင်ဘာ 23, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး ဟုမၼလင္းၿမိဳ႕နယ္အတြင္းရိွ ထိန္ကုန္းေက်းရြာတြင္ ေအာင္ျပည့္ျပည့္ၿဖိဳးကုမၸဏီ၏ ေရႊတူးေဖၚေရးမွ စြန္႔ပစ္ေျမစာပံုမ်ား ေက်းရြာနွင့္ ေပ(၂၀)အကြာထိ နီးကပ္လာသျဖင့္ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္ေနေၾကာင္း သိရသည္။

"အခုေဒသခံေတြ စိုးရိမ္မႈရိွေနတာက ထိန္ကုန္းေက်းရြာမွာရိွတဲ႔ ရန္ကင္းေအာင္ရပ္ကြက္ဘက္အျခမ္းက ေအာင္ျပည့္ျပည့္ၿဖိဳးကုမၸဏီ ေရႊေမ်ာလုပ္ငန္းကမ္းပါးကိုပါ ပထမအႀကိမ္ ေမ်ာတိုက္တုန္းက ကမ္းပါးၿပိဳလို႔ လူအေသေပ်ာက္ရိွခဲ႔တာေၾကာင့္ ကၽြန္ေတာ့္အေနနဲ႔ ရပ္ကြက္ဘက္အျခမ္းကို ေမ်ာတိုက္မႈေတြဆက္မလုပ္ဖို႔  သက္ဆိုင္ရာ ေရႊေမ်ာကုမၸဏီနဲ႔ ရပ္ကြက္ေဒသခံေတြအၾကား ညိႇႏႈိင္းေပးၿပီး စာခ်ဳပ္ခ်ဳပ္ဆိုတာေတြလည္း ျပဳလုပ္ေပးခဲ့ပါတယ္။ ဒုတိယအႀကိမ္ အဲဒီကုမၸဏီက ရပ္ကြက္ဘက္ကိုဆက္ၿပီး ေမ်ာတိုက္တယ္လို႔ သိရပါတယ္။ အဲဒီအခါလည္း လူအေသေပ်ာက္မရိွေပမဲ့ အိမ္တစ္လံုးနဲ႔ အိမ္ေမြးဝက္ေတြ ကမ္းပါးၿပိဳတဲ့အထဲ ပါသြားခဲ႔တယ္။ ေက်းရြာက လူေတြကေတာ့ ကမ္းပါးဘက္ အိမ္ေျခေတြရိွေနတဲ႔အတြက္ ဒါမ်ိဳး ေနာက္ထပ္ျဖစ္မွာ စိုးရိမ္ေနၾကတယ္။ ေလာေလာေတာ့ ကုမၸဏီေရႊလုပ္ကြက္က ရပ္ကြက္ဘက္အျခမ္း လုပ္ကိုင္မႈေတြကို ရပ္နားထားပါတယ္"ဟု ဟုမၼလင္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေဌးလြင္က ေျပာသည္။

လက္ရိွတြင္ အဆိုပါကုမၸဏီ၏ ေရႊတူးေဖၚခြင့္အား စိစစ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔အေနနဲ႔ အႏၲရာယ္ရိွတဲ႔ လုပ္ကြက္ျဖစ္တဲ့ အတြက္ ရပ္နားခိုင္းထားပါတယ္။ ဒါေပမဲ့ ကုမၸဏီဘက္က အသနားခံစာထဲမွာ အိမ္ေျခေတြဘက္ ဆက္မလုပ္ဘဲ တဘက္ျခမ္းက လြတ္တဲ႔ေနရာပဲ လုပ္ကိုင္ပါမယ္ဆိုၿပီး လုပ္ကြက္ဧရိယာ ဧက (၂၀) ေတာင္းထားတယ္။ ကၽြန္ေတာ္တို႔ ကြင္းဆင္း စစ္ေဆးေတာ့ အဲဒီအေနအထားက အိမ္ေျခေတြနဲ႔ ကပ္သြားနိုင္တဲ႔အတြက္ မျဖစ္နိုင္ဘူး။" ဟု ဟုမၼလင္းၿမိဳ႕နယ္ သတၱဳတြင္းဦးစီးဌာန အမွတ္ (၂) မွ ဦးစီးမွဴး ဦးေက်ာ္ကိုကိုထိုက္က ေျပာသည္။

စြန္႔ပစ္ေျမစာပံုၿပိဳက်မႈေၾကာင့္ ၂၀၁၄ ခုႏွစ္ မတ္လ (၂၀ )ရက္ေန႔က ေနအိမ္တစ္လံုးပ်က္စီးၿပီး လူႏွစ္ဦး ေသဆံုးသြားကာ ၂၀၁၆ ခုႏွစ္ ဇြန္လ (၁၂)ရက္ကလည္း ထပ္မံၿပိဳက်သျဖင့္ အိမ္တစ္လံုးပ်က္စီးကာ  ဝက္ (၁၀) ေကာင္ေသဆံုးသြားေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔အေနနဲ႔ ဘယ္အခ်ိန္မွာ မိမိအိမ္ပါသြားမလဲဆိုတာပဲ ေန႔စဥ္ေတြးပူေနရတယ္။ ဆံုးရံႈးမႈေတြ အတြက္ ကုမၸဏီက ေလ်ာ္ေၾကးေပးတာေတြေတာ့ ရိွပါတယ္။ ဒါေပမဲ့ ဆံုးရံႈးၿပီးမွ ေလ်ာ္ေၾကး မလိုခ်င္ဘူး။ အခုခ်ိန္ေမ်ာက ဒီဘက္ကို  ရပ္နားထားတယ္ဆိုေပမဲ့ နႈန္းခဲေတြရိွေနေလေတာ့ အရင္လို အသက္အႏၲရာယ္ျဖစ္လာမွာကို စိုးရိမ္မိတယ္" ဟု ေက်းရြာေဒသခံ ဦးအံုးလွက ေျပာသည္။

အဆိုပါ ထိန္ကုန္းေက်းရြာတြင္ အိမ္ေျခ (၂၀၀)ေက်ာ္ရိွသည့္အနက္ စြန္႔ပစ္ေျမစာပံုအနီးတြင္ အိမ္ေျခ (၇၀) နီးပါးရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ရန္ႏိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ထိန်ကုန်းကျေးရွာတွင် အောင်ပြည့်ပြည့်ဖြိုးကုမ္ပဏီ၏ ရွှေတူးဖော်ရေးမှ စွန့်ပစ်မြေစာပုံများ ကျေးရွာနှင့် ပေ(၂၀)အကွာထိ နီးကပ်လာသဖြင့် ဒေသခံများအနဖြေင့် စိုးရိမ်နေကြောင်း သိရသည်။

"အခုဒေသခံတွေ စိုးရိမ်မှုရှိနေတာက ထိန်ကုန်းကျေးရွာမှာရှိတဲ့ ရန်ကင်းအောင်ရပ်ကွက်ဘက်အခြမ်းက အောင်ပြည့်ပြည့်ဖြိုးကုမ္ပဏီ ရွှေမျောလုပ်ငန်းကမ်းပါးကိုပါ ပထမအကြိမ် မျောတိုက်တုန်းက ကမ်းပါးပြိုလို့ လူအသေပျောက်ရှိခဲ့တာကြောင့် ကျွန်တော့်အနေနဲ့ ရပ်ကွက်ဘက်အခြမ်းကို မျောတိုက်မှုတွေဆက်မလုပ်ဖို့ သက်ဆိုင်ရာ ရွှေမျောကုမ္ပဏီနဲ့ ရပ်ကွက်ဒေသခံတွေအကြား ညှိနှိုင်းပေးပြီး စာချုပ်ချုပ်ဆိုတာတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ဒုတိယအကြိမ် အဲဒီကုမ္ပဏီက ရပ်ကွက်ဘက်ကိုဆက်ပြီး မျောတိုက်တယ်လို့ သိရပါတယ်။ အဲဒီအခါလည်း လူအသေပျောက်မရှိပေမဲ့ အိမ်တစ်လုံးနဲ့ အိမ်မွေးဝက်တွေ ကမ်းပါးပြိုတဲ့အထဲ ပါသွားခဲ့တယ်။ ကျေးရွာက လူတွေကတော့ ကမ်းပါးဘက် အိမ်ခြေတွေရှိနေတဲ့အတွက် ဒါမျိုး နောက်ထပ်ဖြစ်မှာ စိုးရိမ်နကြေတယ်။ လောလောတော့ ကုမ္ပဏီရွှေလုပ်ကွက်က ရပ်ကွက်ဘက်အခြမ်း လုပ်ကိုင်မှုတွေကို ရပ်နားထားပါတယ်"ဟု ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောသည်။

လက်ရှိတွင် အဆိုပါကုမ္ပဏီ၏ ရွှေတူးဖော်ခွင့်အား စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ အန္တရာယ်ရှိတဲ့ လုပ်ကွက်ဖြစ်တဲ့ အတွက် ရပ်နားခိုင်းထားပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်က အသနားခံစာထဲမှာ အိမ်ခြေတွေဘက် ဆက်မလုပ်ဘဲ တဘက်ခြမ်းက လွတ်တဲ့နေရာပဲ လုပ်ကိုင်ပါမယ်ဆိုပြီး လုပ်ကွက်ဧရိယာ ဧက (၂၀) တောင်းထားတယ်။ ကျွန်တော်တို့ ကွင်းဆင်း စစ်ဆေးတော့ အဲဒီအနေအထားက အိမ်ခြေတွေနဲ့ ကပ်သွားနိုင်တဲ့အတွက် မဖြစ်နိုင်ဘူး။" ဟု ဟုမ္မလင်းမြို့နယ် သတ္တုတွင်းဦးစီးဌာန အမှတ် (၂) မှ ဦးစီးမှူး ဦးကျော်ကိုကိုထိုက်က ပြောသည်။

စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ၂၀၁၄ ခုနှစ် မတ်လ (၂၀ )ရက်နေ့က နေအိမ်တစ်လုံးပျက်စီးပြီး လူနှစ်ဦး သေဆုံးသွားကာ ၂၀၁၆ ခုနှစ် ဇွန်လ (၁၂)ရက်ကလည်း ထပ်မံပြိုကျသဖြင့် အိမ်တစ်လုံးပျက်စီးကာ ဝက် (၁၀) ကောင်သေဆုံးသွားကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ဘယ်အချိန်မှာ မိမိအိမ်ပါသွားမလဲဆိုတာပဲ နေ့စဉ်တွေးပူနေရတယ်။ ဆုံးရှုံးမှုတွေ အတွက် ကုမ္ပဏီက လျော်ကြေးပေးတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဆုံးရှုံးပြီးမှ လျော်ကြေး မလိုချင်ဘူး။ အခုချိန်မျောက ဒီဘက်ကို ရပ်နားထားတယ်ဆိုပေမဲ့ နှုန်းခဲတွေရှိနေလေတော့ အရင်လို အသက်အန္တရာယ်ဖြစ်လာမှာကို စိုးရိမ်မိတယ်" ဟု ကျေးရွာဒေသခံ ဦးအုံးလှက ပြောသည်။

အဆိုပါ ထိန်ကုန်းကျေးရွာတွင် အိမ်ခြေ (၂၀၀)ကျော်ရှိသည့်အနက် စွန့်ပစ်မြေစာပုံအနီးတွင် အိမ်ခြေ (၇၀) နီးပါးရှိနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~