၀မ္းတြင္း၌ ယာဥ္ထိန္းရဲအား ၀င္တိုက္သည့္ ဆိုင္ကယ္ေမာင္းသူကို တာ၀န္၀တၱရား ေႏွာင့္ယွက္မႈျဖင့္ အေရးယူ

၀မ္းတြင္း၌ ယာဥ္ထိန္းရဲအား ၀င္တိုက္သည့္ ဆိုင္ကယ္ေမာင္းသူကို တာ၀န္၀တၱရား ေႏွာင့္ယွက္မႈျဖင့္ အေရးယူ
စက်တင်ဘာ 12, 2016
By Tachileik News Agency

ယာဥ္/လမ္းစည္းကမ္း လိုက္နာျခင္းမရွိသူအား ရပ္တန္႔ရန္ တားဆီးသည့္ ယာဥ္ထိန္းရဲအား ဆိုင္ကယ္ျဖင့္ ၀င္ေရာက္တိုက္သျဖင့္ စက္တင္ဘာလ (၁၁)ရက္ေန႔က တာ၀န္၀တၱရားေႏွာင့္ယွက္မႈျဖင့္ အေရးယူ ထားေၾကာင္း ၀မ္းတြင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

"ဆိုင္ကယ္စီး ဦးထုပ္မေဆာင္းဘဲ ဆိုင္ကယ္ေမာင္းတဲ့သူကို တားလိုက္တာ မရပ္ဘဲနဲ႔ ေမာင္းၿပီး ထြက္ေျပးတာ အဲ့ဒါနဲ႔ ေရွ႕က တာ၀န္က် ရဲတပ္ႀကပ္ႀကီးကို လူတည့္တည့္၀င္တိုက္တယ္။ ပြန္းပဲ႔ေပါက္ျပဲ ဒဏ္ရာေတာ့ နည္းနည္းရသြားတယ္၊ ဆိုင္ကယ္ေမာင္းတဲ့သူကိုေတာ့ ၀တၱရားေႏွာင့္ယွက္မႈနဲ႔ အမႈဖြင့္ထားပါတယ္"ဟု ၀မ္းတြင္းၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးကေျပာသည္။

၀မ္းတြင္းၿမိဳ႕မ ရဲစခန္းေရွ႕တြင္ ယာဥ္/လမ္း စည္းကမ္းလိုက္နာျခင္း မရွိသူမ်ားအား တားျမစ္အဖြဲ႕(၃)ဖြဲ႕ျဖင့္ တားဆီးေနစဥ္ Honda Click 125 အမ်ဳိးအစား ေမာ္ေတာ္ဆိုင္ကယ္ စီးနင္းလာေသာ ေက်ာ္ဆန္း၀င္း ဆိုသူအား တားဆီးရာ ရပ္တန္႔ျခင္း မျပဳဘဲ ယာဥ္ထိန္း ရဲတပ္ၾကပ္ႀကီး မ်ိဳးမင္းသက္အား ဆိုင္ကယ္ျဖင့္ ၀င္ေရာက္ တိုက္ခဲ့ျခင္းေၾကာင့္  ၀ဲဘက္မ်က္ခံုးေပါက္ျပဲဖူးေရာင္ ဒဏ္ရာ၊ ႏွဳတ္ခမ္းေပါက္ဖူးေရာင္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ယာဥ္ထိန္းရဲတပ္ၾကပ္ႀကီးမွ ယာဥ္စည္းကမ္းထိန္းသိမ္းေရး တာ၀န္ထမ္းေဆာင္ေနစဥ္ တားျမစ္ျခင္းအား ရပ္တန္႔ျခင္းမျပဳဘဲ ေမာင္းႏွင္ထြက္ေျပးသူ ေက်ာ္ဆန္း၀င္းအား ၀မ္းတြင္းၿမိဳ႕မရဲစခန္းမွ (ပ)၁၆၉/၂၀၁၆၊ တာ၀န္၀တၱရား ေႏွာင့္ယွက္မႈႏွင့္ သာမန္ဒဏ္ရာရရွိေစမႈ ပုဒ္မ (၃၃၂)ျဖင့္ အမႈဖြင့္လွစ္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ကိုလင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ယာဉ်/လမ်းစည်းကမ်း လိုက်နာခြင်းမရှိသူအား ရပ်တန့်ရန် တားဆီးသည့် ယာဉ်ထိန်းရဲအား ဆိုင်ကယ်ဖြင့် ဝင်ရောက်တိုက်သဖြင့် စက်တင်ဘာလ (၁၁)ရက်နေ့က တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် အရေးယူ ထားကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ သိရသည်။

"ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်မောင်းတဲ့သူကို တားလိုက်တာ မရပ်ဘဲနဲ့ မောင်းပြီး ထွက်ပြေးတာ အဲ့ဒါနဲ့ ရှေ့က တာဝန်ကျ ရဲတပ်ကြပ်ကြီးကို လူတည့်တည့်ဝင်တိုက်တယ်။ ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာတော့ နည်းနည်းရသွားတယ်၊ ဆိုင်ကယ်မောင်းတဲ့သူကိုတော့ ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်ထားပါတယ်"ဟု ဝမ်းတွင်းမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဝမ်းတွင်းမြို့မ ရဲစခန်းရှေ့တွင် ယာဉ်/လမ်း စည်းကမ်းလိုက်နာခြင်း မရှိသူများအား တားမြစ်အဖွဲ့(၃)ဖွဲ့ဖြင့် တားဆီးနေစဉ် Honda Click 125 အမျိုးအစား မော်တော်ဆိုင်ကယ် စီးနင်းလာသော ကျော်ဆန်းဝင်း ဆိုသူအား တားဆီးရာ ရပ်တန့်ခြင်း မပြုဘဲ ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး မျိုးမင်းသက်အား ဆိုင်ကယ်ဖြင့် ဝင်ရောက် တိုက်ခဲ့ခြင်းကြောင့် ဝဲဘက်မျက်ခုံးပေါက်ပြဲဖူးရောင် ဒဏ်ရာ၊ နှုတ်ခမ်းပေါက်ဖူးရောင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယာဉ်ထိန်းရဲတပ်ကြပ်ကြီးမှ ယာဉ်စည်းကမ်းထိန်းသိမ်းရေး တာဝန်ထမ်းဆောင်နေစဉ် တားမြစ်ခြင်းအား ရပ်တန့်ခြင်းမပြုဘဲ မောင်းနှင်ထွက်ပြေးသူ ကျော်ဆန်းဝင်းအား ဝမ်းတွင်းမြို့မရဲစခန်းမှ (ပ)၁၆၉/၂၀၁၆၊ တာဝန်ဝတ္တရား နှောင့်ယှက်မှုနှင့် သာမန်ဒဏ်ရာရရှိစေမှု ပုဒ်မ (၃၃၂)ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

သတင်း - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~