တာခ်ီလိတ္ၿမိဳ႕ ေ၀ွေလလန္ပူးေပါင္းစစ္ေဆးေရးစခန္း၌ စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ေ၀ွေလလန္ပူးေပါင္းစစ္ေဆးေရးစခန္း၌ စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ
စက်တင်ဘာ 9, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ေ၀ွေလလန္ပူးေပါင္း စစ္ေဆးေရးစခန္းတြင္ တာခ်ီလိတ္ဘက္မွ ၀မ္ပံုဘက္သို႔  ေမာ္ေတာ္ ဆိုင္ကယ္ျဖင့္ ၀င္ေရာက္လာသူထံမွ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု ေ၀ွေလလန္ပူးေပါင္း စစ္ေဆးေရးစခန္းတြင္ စက္တင္ဘာလ (၉)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲ၀န္းက်င္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ႏွင့္ တာ၀န္ရွိသူမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ အဆိုပါ ပူးေပါင္းစစ္ေဆးေရးစခန္း၌ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ တာခ်ီလိတ္ဘက္မွ ၀မ္ပံုဘက္သို႔ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ၀င္ေရာက္လာသူ စိုင္းလႈိင္း၀မ္းအား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ စိတ္ၾကြေဆးျပားမ်ားကို ရွာေဖြေတြ႕ရွိ သိမ္းဆည္းရမိတာ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ စိုင္းလႈိင္း၀မ္း၏  ေမာ္ေတာ္ဆိုင္ကယ္ ႏွင့္ ၎ခႏၶာကိုယ္တို႔တြင္ ရွာေဖြရာ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၅၉၆)ျပားအား ေတြ႕ရွိရသည့္အတြက္ ဖမ္းဆီးထားလိုက္ၿပီး ၎အား ၀မ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ)၁၂/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ဝှေလေလန်ပူးပေါင်း စစ်ဆေးရေးစခန်းတွင် တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ မော်တော် ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသူထံမှ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ပူးပေါင်း စစ်ဆေးရေးစခန်းတွင် စက်တင်ဘာလ (၉)ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အဆိုပါ ပူးပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ပြုလုပ်နေစဉ် တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသူ စိုင်းလှိုင်းဝမ်းအား ရပ်တန့် စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြားများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိတာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ စိုင်းလှိုင်းဝမ်း၏ မော်တော်ဆိုင်ကယ် နှင့်၎င်းခန္ဓာကိုယ်တို့တွင် ရှာဖွေရာ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၅၉၆)ပြားအား တွေ့ရှိရသည့်အတွက် ဖမ်းဆီးထားလိုက်ပြီး၎င်းအား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၁၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~