တာခ်ီလိတ္ၿမိဳ႕မေစ်းရွိ ေစ်းသည္မ်ား ယေန႔အထိ နစ္နာမႈမ်ားရွိေန

တာခ်ီလိတ္ၿမိဳ႕မေစ်းရွိ ေစ်းသည္မ်ား ယေန႔အထိ နစ္နာမႈမ်ားရွိေန
စက်တင်ဘာ 3, 2016
By Tachileik News Agency

စည္ပင္သာယာေရးေကာ္မတီပိုင္ တာခ်ီလိတ္ၿမိဳ႕မေစ်း(၀မ္ေကာင္းေစ်း)အနီး ကိုက္(၅၀၀)အတြင္း ပ်ံက်ေစ်းအား ေစ်းတည္ေဆာက္သည့္ ကုမၸဏီမွ တည္ေဆာက္ထားျခင္းေၾကာင့္ ၿမိဳ႕မ(၀မ္ေကာင္း)ေစ်းတြင္း မူလေစ်းဆိုင္ခန္း ပိုင္ရွင္မ်ားမွာ နစ္နာမႈမ်ားရွိေနေၾကာင္း ေစ်းသူ၊ ေစ်းသားမ်ားထံမွ သိရသည္။

"ေစ်းႀကီးရဲ႕ ကိုက္(၅၀၀)အတြင္းမွာ ေနာက္ထပ္ ပုဂၢလိကေစ်း မေဆာက္ရဘူးလို႔ ဥပေဒက ျပဌာန္းထားတယ္၊ ဒါေပမယ့္ ၿမိဳ႕မေစ်းနားမွာ ပ်ံက်ေစ်းဆိုၿပီး ေစ်းခံုေနရာကို သက္သက္သာသာနဲ႔ ေရာင္းခ်ခြင့္ ေပးထားေတာ့ အခု ဆိုင္ခန္းေတြကို ေစ်းႀကီးႀကီးနဲ႔ ၀ယ္ထားတဲ့သူေတြ ေစ်းသည္ေတြက နစ္နာတယ္ ။ ေစ်းသစ္ေဆာက္လုိက္ၿပီး ကတည္းက ေစ်းက အရင္ကလို ေရာင္းမေကာင္းေတာ့ဘူး"ဟု ၿမိဳ႕မေစ်းေကာ္မတီ ဥကၠဌ ဦးေဇာ္ျမင့္က ေျပာသည္။

ၿမိဳ႕မေစ်း(၀မ္ေကာင္းေစ်း)အား ၂၀၁၅ ခုႏွစ္အတြင္းအဆင့္ျမႇင့္တင္၍ အထပ္ျမင့္ ျပန္လည္ တည္ေဆာက္ကာ ဖြင့္လွစ္ခဲ့ေသာ္လည္း ေစ်းဆိုင္ခန္းကိစၥႏွင့္ ပတ္သက္၍ ေက်နပ္မႈမရွိသျဖင့္ အဆိုပါ ေစ်းႀကီး မဖြင့္လွစ္မီ ၂၀၁၄ခုႏွစ္ ဒီဇင္ဘာလက ေစ်းသူေစ်းသား(၁၂၀)ခန္႔မွ ဆႏၵ ထုတ္ေဖာ္ခဲ့ေၾကာင္း၊ စည္ပင္သာယာေရး ေကာ္မတီႏွင့္ ကုမၸဏီတို႔ အႀကိမ္ႀကိမ္ ညႇိႏွိဳင္း ေဆာင္ရြက္ခဲ့မႈေၾကာင့္ ေစ်းဆိုင္ခန္း ထက္၀က္ခန္႔အား အရစ္က်စနစ္ျဖင့္ ေစ်းသူ၊ ေစ်းသားမ်ားအား ျပန္လည္ ေရာင္းခ်ေပးခဲ့ၿပီး၊ က်န္ေစ်းဆိုင္ခန္းမ်ားအား ကုမၸဏီအပိုင္ အျဖစ္ တည္ရွိေနရာ စည္ပင္သာယာပိုင္ေစ်းမွာ အစိုးရ၏ BOT စနစ္ျဖင့္ ျပန္လည္ တည္ေဆာက္ခြင့္ျပဳခဲ့ျခင္းေၾကာင့္ ပုဂၢလိက ေစ်းျဖစ္ေနေၾကာင္း ေစ်းသူ ေစ်းသားမ်ားထံမွ သိရသည္။

"အရင္ကဆိုရင္ တစ္ရက္ကို ဘတ္(၁၀,၀၀၀)ဖိုး ပတ္၀န္းက်င္ေရာင္းရတယ္ အခု တစ္ရက္ကို ဘတ္(၂၀၀၀)ေတာင္ မေသခ်ာဘူး၊ ျပႆနာေပါင္းစံုျဖစ္ေတာ့ ေစ်းသည္ေတြလဲ တျခားေစ်းေတြမွာ ေျပာင္းၿပီး သြားေရာင္းၾကတယ္၊ ေစ်း၀ယ္ေတြလဲ သိပ္မလာေတာ့ဘူး"ဟု အဆိုပါေစ်း၌ အထည္အလိပ္ ေရာင္းခ်သူ တစ္ဦးက ေျပာသည္။

အဆိုပါေစ်းႀကီးအား ၂၀၁၅ ခုႏွစ္ ေမလ(၁၀)ရက္ေန႔တြင္ စတင္ဖြင့္လွစ္ခဲ့စဥ္က အသား၊ ငါးသည္မ်ားအား ၿမိဳ႕မေစ်းႀကီး၏ အေပၚထပ္တြင္ ေရာင္းခ်ခြင့္ေပးခဲ့ရာမွ ေလ၀င္ေလထြက္ႏွင့္ အသားငါးမ်ား ေဆးေၾကာသည့္ စြန္႔ပစ္ေရမ်ားႏွင့္ ပတ္သက္၍ အျငင္းပြားမႈမ်ား ျဖစ္ေပၚခဲ့ရာ ပ်ံက်ေစ်းအား တည္ေဆာက္၍ ေရာင္းခ်ခြင့္ ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

စည်ပင်သာယာရေးကော်မတီပိုင် တာချီလိတ်မြို့မဈေး(ဝမ်ကောင်းဈေး)အနီး ကိုက်(၅၀၀)အတွင်း ပျံကျဈေးအား ဈေးတည်ဆောက်သည့် ကုမ္ပဏီမှ တည်ဆောက်ထားခြင်းကြောင့် မြို့မ(ဝမ်ကောင်း)ဈေးတွင်း မူလဈေးဆိုင်ခန်း ပိုင်ရှင်များမှာ နစ်နာမှုများရှိနေကြောင်း ဈေးသူ၊ ဈေးသားများထံမှ သိရသည်။

"ဈေးကြီးရဲ့ ကိုက်(၅၀၀)အတွင်းမှာ နောက်ထပ် ပုဂ္ဂလိကဈေး မဆောက်ရဘူးလို့ ဥပဒေက ပြဌာန်းထားတယ်၊ ဒါပေမယ့် မြို့မဈေးနားမှာ ပျံကျဈေးဆိုပြီး ဈေးခုံနေရာကို သက်သက်သာသာနဲ့ ရောင်းချခွင့် ပေးထားတော့ အခု ဆိုင်ခန်းတွေကို ဈေးကြီးကြီးနဲ့ ဝယ်ထားတဲ့သူတွေ ဈေးသည်တွေက နစ်နာတယ်။ ဈေးသစ်ဆောက်လိုက်ပြီး ကတည်းက ဈေးက အရင်ကလို ရောင်းမကောင်းတော့ဘူး"ဟု မြို့မဈေးကော်မတီ ဥက္ကဌ ဦးဇော်မြင့်က ပြောသည်။

မြို့မဈေး(ဝမ်ကောင်းဈေး)အား ၂၀၁၅ ခုနှစ်အတွင်းအဆင့်မြှင့်တင်၍ အထပ်မြင့် ပြန်လည် တည်ဆောက်ကာ ဖွင့်လှစ်ခဲ့သော်လည်း ဈေးဆိုင်ခန်းကိစ္စနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် အဆိုပါ ဈေးကြီး မဖွင့်လှစ်မီ ၂၀၁၄ခုနှစ် ဒီဇင်ဘာလက ဈေးသူဈေးသား(၁၂၀)ခန့်မှ ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း၊ စည်ပင်သာယာရေး ကော်မတီနှင့် ကုမ္ပဏီတို့ အကြိမ်ကြိမ် ညှိနှိုင်း ဆောင်ရွက်ခဲ့မှုကြောင့် ဈေးဆိုင်ခန်း ထက်ဝက်ခန့်အား အရစ်ကျစနစ်ဖြင့် ဈေးသူ၊ ဈေးသားများအား ပြန်လည် ရောင်းချပေးခဲ့ပြီး၊ ကျန်ဈေးဆိုင်ခန်းများအား ကုမ္ပဏီအပိုင် အဖြစ် တည်ရှိနေရာ စည်ပင်သာယာပိုင်ဈေးမှာ အစိုးရ၏ BOT စနစ်ဖြင့် ပြန်လည် တည်ဆောက်ခွင့်ပြုခဲ့ခြင်းကြောင့် ပုဂ္ဂလိက ဈေးဖြစ်နေကြောင်း ဈေးသူ ဈေးသားများထံမှ သိရသည်။

"အရင်ကဆိုရင် တစ်ရက်ကို ဘတ်(၁၀,ဝဝဝ)ဖိုး ပတ်ဝန်းကျင်ရောင်းရတယ် အခု တစ်ရက်ကို ဘတ်(၂၀၀၀)တောင် မသေချာဘူး၊ ပြဿနာပေါင်းစုံဖြစ်တော့ ဈေးသည်တွေလဲ တခြားဈေးတွေမှာ ပြောင်းပြီး သွားရောင်းကြတယ်၊ ဈေးဝယ်တွေလဲ သိပ်မလာတော့ဘူး"ဟု အဆိုပါဈေး၌ အထည်အလိပ် ရောင်းချသူ တစ်ဦးက ပြောသည်။

အဆိုပါဈေးကြီးအား ၂၀၁၅ ခုနှစ် မေလ(၁၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့စဉ်က အသား၊ ငါးသည်များအား မြို့မဈေးကြီး၏ အပေါ်ထပ်တွင် ရောင်းချခွင့်ပေးခဲ့ရာမှ လေဝင်လေထွက်နှင့် အသားငါးများ ဆေးကြောသည့် စွန့်ပစ်ရေများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ရာ ပျံကျဈေးအား တည်ဆောက်၍ ရောင်းချခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~