၂၁ ရာစု ပင္လံုညီလာခံတြင္ ေဆြးေႏြးႏိုင္ရန္ ျမန္မာစကားကၽြမ္းက်င္သည့္ ကိုယ္စားလွယ္အဖြဲ႕အား ေရြးခ်ယ္ၿပီးမွ တက္ေရာက္ခဲ့ျခင္းျဖစ္ဟု UWSA ဆို

၂၁ ရာစု ပင္လံုညီလာခံတြင္ ေဆြးေႏြးႏိုင္ရန္ ျမန္မာစကားကၽြမ္းက်င္သည့္ ကိုယ္စားလွယ္အဖြဲ႕အား ေရြးခ်ယ္ၿပီးမွ တက္ေရာက္ခဲ့ျခင္းျဖစ္ဟု UWSA ဆို
စက်တင်ဘာ 2, 2016
By Tachileik News Agency

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစု ပင္လံုအား "၀"ျပည္ေသြးစည္းညီညြတ္ေရးတပ္မေတာ္ (UWSA) က ေထာက္ခံႀကိဳဆိုၿပီး ညီလာခံတြင္ ေဆြးေႏြးႏုိင္ေရးအတြက္ ျမန္မာစကားကၽြမ္းက်င္စြာ ေျပာႏုိင္သည့္ ကိုယ္စားလွယ္မ်ားကို ေရြးခ်ယ္ေစလႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း UWSA၏ ကိုယ္စားလွယ္အဖြဲ႕ဝင္ တစ္ဦးက ဆိုသည္။

"ကၽြန္ေတာ္တို႔က ဒီညီလာခံကို ျပတ္ျပတ္သားသားေထာက္ခံႀကိဳဆိုလို႔ ျမန္မာစာ၊ ျမန္မာစကားနဲ႔ ျမန္မာဘြဲ႕ရတဲ့ လူေတြေရြးၿပီးေတာ့ တက္ဖို႔လာတာပါ။ အခုလိုမ်ိဳး နားလည္မႈလြဲၿပီး ျပန္သြားရတဲ့အတြက္ ကၽြန္ေတာ္လည္း စိတ္မေကာင္းပါဘူး။ အၿပီးမျပတ္ထြက္ခြာသြားဖို႔ ဆိုလိုျခင္းလည္း မဟုတ္ပါဘူး။ ႏွစ္ဖက္ လူႀကီးေတြရဲ႕ ဆံုးျဖတ္ခ်က္ေပၚလည္း မူတည္ပါတယ္။ အစကတည္းက ေထာက္ခံႀကိဳဆိုလို႔ တက္ေရာက္လာတာ ျဖစ္ပါတယ္" ဟု ညီလာခံတက္ေရာက္လာသည့္ ကိုယ္စားလွယ္တစ္ဦးျဖစ္သည့္ UWSA ၏ ဝမ္ဟုန္ေဒသ ျပင္ပဆက္ဆံေရးဌာနမွဴး (ေတာင္ပိုင္း) ဦးဆမ္ေလာဒ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစု ပင္လံုအား တက္ေရာက္ေနသည့္ UWSA ကုိယ္စားလွယ္အဖြဲ႕သည္ ညီလာခံတြင္ ၎တို႔အား ေလ့လာသူ ကတ္ျပားမ်ားသာ ေပးထားျခင္းေၾကာင့္ တန္းတူ အခြင့္အေရးမရဟုဆိုကာ စက္တင္ဘာလ (၁) ရက္ေန႔တြင္ ညီလာခံမွ ထြက္ခြာ သြားၾကျခင္းျဖစ္သည္။

ၿငိမ္းခ်မ္းေရးညီလာခံျဖစ္ေျမာက္ေရးေကာ္မရွင္မွ ညီလာခံတက္ေရာက္ရန္ ေပးအပ္သည့္ ကတ္ျပားမွာ ေလ့လာသူ ကတ္ျပားျဖစ္သျဖင့္ ျပန္လည္လဲလွယ္ေပးရန္ ေျပာၾကားခဲ့ေသာ္လည္း လဲလွယ္ေပးျခင္းမရိွဘဲ အဆိုပါကတ္မွာလည္း သြားလာရန္ ေနရာ အကန္႔အသတ္မ်ား ရိွေနသျဖင့္ ၎တို႔အတြက္ အခက္အခဲျဖစ္ရေၾကာင္း ဦးဆမ္ေလာဒ္က ဆိုသည္။

ညီလာခံတက္ေရာက္မည့္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ ကိုယ္စားလွယ္ (၂၀၀)အတြက္ ညီလာခံဝင္ခြင့္ကတ္ျပားမ်ားကို တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားမွ ထုတ္ေပးျခင္းျဖစ္ေသာ္လည္း UWSA ကိုယ္စားလွယ္အဖြဲ႕က အစိုးရၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖြဲ႕ထံ ဆက္သြယ္ခဲ့သျဖင့္ ယာယီအျဖစ္ ေလ့လာသူကတ္ကို ထုတ္ေပးရာမွ နားလည္မႈလြဲမွားျခင္းျဖစ္ေၾကာင္း အစိုးရ၏ ၿငိမ္းခ်မ္းေရးေကာ္မရွင္မွ အတြင္းေရးမွဴး ဦးခင္ေဇာ္ဦးႏွင့္ တုိင္းရင္းသားမ်ားဘက္မွ ၂၁ ရာစု ပင္လံု ပူးတြဲ က်င္းပေရးေကာ္မတီ ကိုယ္စားလွယ္မ်ားက UWSA ကိုယ္စားလွယ္မ်ားအား လိုက္လံ ရွင္းျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးကို ထိခိုက္မႈမရွိေစရန္ ေဆာင္ရြက္သြားရန္ မွာၾကားထားၿပီး ၿငိမ္းခ်မ္းေရး ေကာ္မရွင္ကလည္း စက္တင္ဘာလ ၁ ရက္ေန႔ ရက္စြဲျဖင့္ ညီလာခံအတြင္း စီမံခန္႔ခြဲမႈ အားနည္းျခင္းေၾကာင့္ အဆင္မေျပမႈမ်ားအား နားလည္ေပးပါရန္ UWSA အား ေမတၱာရပ္ခံသည့္ စာတစ္ေစာင္ကို ထုတ္ျပန္ထားျခင္းျဖစ္သည္။

သတင္း - ကိုဇက္

{ရုပ္သံ}

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအား "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထောက်ခံကြိုဆိုပြီး ညီလာခံတွင် ဆွေးနွေးနိုင်ရေးအတွက် မြန်မာစကားကျွမ်းကျင်စွာ ပြောနိုင်သည့် ကိုယ်စားလှယ်များကို ရွေးချယ်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း UWSA၏ ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

"ကျွန်တော်တို့က ဒီညီလာခံကို ပြတ်ပြတ်သားသားထောက်ခံကြိုဆိုလို့ မြန်မာစာ၊ မြန်မာစကားနဲ့ မြန်မာဘွဲ့ရတဲ့ လူတွေရွေးပြီးတော့ တက်ဖို့လာတာပါ။ အခုလိုမျိုး နားလည်မှုလွဲပြီး ပြန်သွားရတဲ့အတွက် ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ အပြီးမပြတ်ထွက်ခွာသွားဖို့ ဆိုလိုခြင်းလည်း မဟုတ်ပါဘူး။ နှစ်ဖက် လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပေါ်လည်း မူတည်ပါတယ်။ အစကတည်းက ထောက်ခံကြိုဆိုလို့ တက်ရောက်လာတာ ဖြစ်ပါတယ်" ဟု ညီလာခံတက်ရောက်လာသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် UWSA၏ ဝမ်ဟုန်ဒေသ ပြင်ပဆက်ဆံရေးဌာနမှူး (တောင်ပိုင်း) ဦးဆမ်လောဒ်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအား တက်ရောက်နေသည့် UWSA ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံတွင်၎င်းတို့အား လေ့လာသူ ကတ်ပြားများသာ ပေးထားခြင်းကြောင့် တန်းတူ အခွင့်အရေးမရဟုဆိုကာ စက်တင်ဘာလ (၁) ရက်နေ့တွင် ညီလာခံမှ ထွက်ခွာ သွားကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးညီလာခံဖြစ်မြောက်ရေးကော်မရှင်မှ ညီလာခံတက်ရောက်ရန် ပေးအပ်သည့် ကတ်ပြားမှာ လေ့လာသူ ကတ်ပြားဖြစ်သဖြင့် ပြန်လည်လဲလှယ်ပေးရန် ပြောကြားခဲ့သော်လည်း လဲလှယ်ပေးခြင်းမရှိဘဲ အဆိုပါကတ်မှာလည်း သွားလာရန် နေရာ အကန့်အသတ်များ ရှိနေသဖြင့်၎င်းတို့အတွက် အခက်အခဲဖြစ်ရကြောင်း ဦးဆမ်လောဒ်က ဆိုသည်။

ညီလာခံတက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် (၂၀၀)အတွက် ညီလာခံဝင်ခွင့်ကတ်ပြားများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထုတ်ပေးခြင်းဖြစ်သော်လည်း UWSA ကိုယ်စားလှယ်အဖွဲ့က အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ထံ ဆက်သွယ်ခဲ့သဖြင့် ယာယီအဖြစ် လေ့လာသူကတ်ကို ထုတ်ပေးရာမှ နားလည်မှုလွဲမှားခြင်းဖြစ်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှ အတွင်းရေးမှူး ဦးခင်ဇော်ဦးနှင့် တိုင်းရင်းသားများဘက်မှ ၂၁ ရာစု ပင်လုံ ပူးတွဲ ကျင်းပရေးကော်မတီ ကိုယ်စားလှယ်များက UWSA ကိုယ်စားလှယ်များအား လိုက်လံ ရှင်းပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားရန် မှာကြားထားပြီး ငြိမ်းချမ်းရေး ကော်မရှင်ကလည်း စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ညီလာခံအတွင်း စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် အဆင်မပြေမှုများအား နားလည်ပေးပါရန် UWSA အား မေတ္တာရပ်ခံသည့် စာတစ်စောင်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~