ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ အစည္းအေ၀းတြင္ အက်င့္ပ်က္ခ်စားမႈ တိုက္ဖ်က္ေရးေကာ္မတီတစ္ရပ္ကို တင္သြင္းမည္ဟု ျပည္နယ္၀န္ႀကီးဆို

ရွမ္းျပည္နယ္အစိုးရအဖြဲ႔၏ အစည္းအေ၀းတြင္ အက်င့္ပ်က္ခ်စားမႈ တိုက္ဖ်က္ေရးေကာ္မတီတစ္ရပ္ကို တင္သြင္းမည္ဟု ျပည္နယ္၀န္ႀကီးဆို
စက်တင်ဘာ 8, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရး ေကာ္မတီတစ္ရပ္အားဖြဲ႕စည္းသြားရန္ ျပည္နယ္အစိုးရအစည္းအေ၀းတြင္ တင္ျပသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီးထံမွ သိရသည္။

"မၾကာမီကာလတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ကက္ဘိနက္တြင္ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရးေကာ္မတီတစ္ရပ္ကို က်ေနာ္တင္သြင္းေတာ့မည္"ဟု ရွမ္းျပည္နယ္အစိုးရ စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္မွ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာျဖစ္သည့္ facebook စာမ်က္ႏွာတြင္ ေရးသားထားေၾကာင္း သိရသည္။

ဌာနဆိုင္ရာ၀န္ထမ္းမ်ား အက်င့္ပ်က္ျခစားမႈႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူႏွင့္ တာခ်ီလိတ္သတင္းေအဂ်င္စီမွ ေတြ႕ဆံုေမးျမန္းစဥ္" အက်င့္ပ်က္ျခစားမႈ ရွိေနသမွ်ကာလပတ္လံုး တိုင္းျပည္တိုးတက္မွာမဟုတ္ဘူး အက်င့္ပ်က္ျခစားမႈကို မူ၀ါဒတစ္ခုခ်မွတ္ၿပီး စနစ္တက်တိုက္ဖ်က္ရမွာ တိုက္ဖ်က္တဲ့ေနရာမွာ အေျပာနဲ႔လုပ္လို႔မရဘဲနဲ႔ တစ္ဆင့္ခ်င္းတစ္ဆင့္ မူ၀ါဒခ်မွတ္ၿပီးေတာ့ တိုက္ဖ်က္ရမွာ၊ ဒီအက်င့္ပ်က္ျခစားမႈရွိေနသမွ်ကာလပတ္လံုး ျပည္သူလူထုက ၀န္ထုတ္၀န္ပိုးရွိေနဦးမွာ"ဟု ၎မွေျပာသည္။

အက်င့္ပ်က္ျခစားမႈႏွင့္ပတ္သက္၍ ျပည္သူလူထုမွ တိုင္ၾကားမႈမ်ားရွိလာပါက
ဥပေဒအရ ထိေရာက္စြာ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ အစိုးရအေနျဖင့္ ရွမ္းျပည္နယ္အတြင္း အေရးတႀကီး ကိုင္တြယ္ရန္လိုအပ္သည့္ အရာမ်ားရွိေနေသာ္လည္း အက်င့္ပ်က္ျခစားမႈႏွင့္ပတ္သက္၍ ျပတ္ျပတ္သားသား အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎မွေျပာၾကားခဲ့သည္။

"ေခါင္က မိုးလုံမွ က်ီးအာကမိုးလုံမည္ျဖစ္သည္။ ႏိုင္ငံေတာ္အတိုင္ပင္ခံျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ မွာၾကားထားတဲ့ အတိုင္း ကိုယ့္လူ၊ ကိုယ့္ရဲေဘာ္၊ ကိုယ့္အခ်င္းခ်င္းရဲ႕ အက်င့္ပ်က္ျခစားမႈကိုမွ အေရးယူ ေထာင္မခ်ရဲရင္ ႏိုင္ငံေရးလုပ္မေနေတာ့နဲ႔ ဆိုတဲ့ စကားအရမ္းေလးစားလြန္းလို႔ပါ။"ဟု ရွမ္းျပည္နယ္အစိုးရ စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္မွ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားေၾကာင္းလည္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မတီတစ်ရပ်အားဖွဲ့စည်းသွားရန် ပြည်နယ်အစိုးရအစည်းအေဝးတွင် တင်ပြသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးထံမှ သိရသည်။

"မကြာမီကာလတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက်တွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မတီတစ်ရပ်ကို ကျနော်တင်သွင်းတော့မည်"ဟု ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်မှ၎င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် facebook စာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။

ဌာနဆိုင်ရာဝန်ထမ်းများ အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူနှင့် တာချီလိတ်သတင်းအေဂျင်စီမှ တွေ့ဆုံမေးမြန်းစဉ်" အကျင့်ပျက်ခြစားမှု ရှိနေသမျှကာလပတ်လုံး တိုင်းပြည်တိုးတက်မှာမဟုတ်ဘူး အကျင့်ပျက်ခြစားမှုကို မူဝါဒတစ်ခုချမှတ်ပြီး စနစ်တကျတိုက်ဖျက်ရမှာ တိုက်ဖျက်တဲ့နေရာမှာ အပြောနဲ့လုပ်လို့မရဘဲနဲ့ တစ်ဆင့်ချင်းတစ်ဆင့် မူဝါဒချမှတ်ပြီးတော့ တိုက်ဖျက်ရမှာ၊ ဒီအကျင့်ပျက်ခြစားမှုရှိနေသမျှကာလပတ်လုံး ပြည်သူလူထုက ဝန်ထုတ်ဝန်ပိုးရှိနေဦးမှာ"ဟု၎င်းမှပြောသည်။

အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ ပြည်သူလူထုမှ တိုင်ကြားမှုများရှိလာပါက
ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရအနဖြေင့် ရှမ်းပြည်နယ်အတွင်း အရေးတကြီး ကိုင်တွယ်ရန်လိုအပ်သည့် အရာများရှိနေသော်လည်း အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းမှပြောကြားခဲ့သည်။

"ခေါင်က မိုးလုံမှ ကျီးအာကမိုးလုံမည်ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မှာကြားထားတဲ့ အတိုင်း ကိုယ့်လူ၊ ကိုယ့်ရဲဘော်၊ ကိုယ့်အချင်းချင်းရဲ့ အကျင့်ပျက်ခြစားမှုကိုမှ အရေးယူ ထောင်မချရဲရင် နိုင်ငံရေးလုပ်မနေတော့နဲ့ ဆိုတဲ့ စကားအရမ်းလေးစားလွန်းလို့ပါ။"ဟု ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားကြောင်းလည်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~