မူဆယ္ၿမိဳ႕သို႔ ခရီးသည္ပို႔ေဆာင္ၿပီး ေက်ာက္မဲသို႔ျပန္ေရာက္မလာသည့္ခရီးသည္တင္ကားအား ဂိတ္မွရွာေဖြေန

မူဆယ္ၿမိဳ႕သို႔ ခရီးသည္ပို႔ေဆာင္ၿပီး ေက်ာက္မဲသို႔ျပန္ေရာက္မလာသည့္ခရီးသည္တင္ကားအား ဂိတ္မွရွာေဖြေန
စက်တင်ဘာ 7, 2016
By Tachileik News Agency

လမင္းတစ္ရာဂိတ္မွ ခရီးသည္ ၁၂ ဦးဆံ့ ယာဥ္အမွတ္ 7I-9198 ခရီးသည္တင္ကားမွာ  ေက်ာက္မဲၿမိဳ႕မွ မူဆယ္ၿမိဳ႕သို႔ ခရီးသည္ ပို႔ေဆာင္ေပးၿပီးေနာက္ ေက်ာက္မဲသို႔ျပန္လာရမည့္ သံုးရက္ၾကာသည္အထိ ျပန္ေရာက္ မလာသျဖင့္ ယာဥ္ပိုင္ရွင္က ရွာေဖြေနၿပီး အမႈဖြင့္တိုင္ၾကားရန္ စီစဥ္ေနေၾကာင္း သိရသည္။

“ေလာင္းကစားရံုေရွ႕မွာ စက္တင္ဘာလ (၁)ရက္ေန႔ညက အဲဒီကားကိုရပ္ထားတာေတြ႕တယ္လို႔ေျပာျပသူ ေတြရွိေပမဲ့ ကြ်န္မေယာက္်ားက ရဲေတြရဲ႕အကူအညီနဲ႕ရွာတာေတာင္ မေတြ႔ဘူး။ ဖုန္းအဆက္ အသြယ္လည္းမရဘူး” ဟု လမင္းတစ္ရာကားဂိတ္မွ ကားပိုင္ရွင္ ေဒၚနန္းေလာဝ္ဝီွးက ေျပာသည္။

အဆိုပါကားသည္  ၾသဂုတ္လ (၃၁)ရက္ေန႔က ေက်ာက္မဲမွ မူဆယ္သို႔ ထြက္ခြာသြားျခင္းျဖစ္ၿပီး စက္တင္ဘာလ ၁ ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕သို႔ ျပန္လည္ေရာက္ရိွရမည္ျဖစ္ေသာ္လည္း ျပန္ေရာက္မလာသည့္ အျပင္ ကားေမာင္းသူကိုလည္း ဖုန္းဆက္သြယ္၍ မရေတာ့ျခင္းျဖစ္ေၾကာင္း ယာဥ္ပိုင္ရွင္ျဖစ္သူထံမွ သိရသည္။

အဆိုပါ ကားကို ေမာင္းသူက မူဆယ္မွ ေက်ာက္မဲသို႔ ျပန္ဆင္းလာမည့္ခရီးသည္မ်ားကို ကားမထြက္ ျဖစ္ေတာ့ေၾကာင္း ဖုန္းဆက္အေၾကာင္းၾကားခ့ဲၿပီးေနာက္ ၎၏ဖုန္းအား ဆက္သြယ္၍ မရေတာ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“အဖိတ္ေန႔က တက္သြားတယ္။ လကြယ္ေန႔ျပန္ ဆင္းလာရမွာ မလာဘူးတ့ဲ ဂိတ္ကေျပာတယ္။ ဖုန္းနံပါတ္ေတာင္းလို႔ ေပးလိုက္တယ္။ အိမ္ကလည္းစိတ္ပူၿပီးေတာ့ ေတာင္ေမးေျမာက္ေမး လိုက္ေမးေနရတယ္။ အဲဒီၿမိဳ႕ထိေတာ့ လိုက္မရွာခဲ႔ရေသးပါဘူး။ အဆက္အသြယ္လည္း မရဘူး” ဟု ေပ်ာက္ဆံုးေနသည့္ ကားေမာင္းသူ ေအာင္ခ်ိဳခ်ိဳ၏ ညီမျဖစ္သူ မသန္းေဌးက ဆိုသည္။

အဆိုပါကားႏွင့္အတူ ေက်ာက္မဲၿမိဳ႕မွ မူဆယ္ကားဂိတ္သို႔ ေငြလႊဲေပးပို႔လိုက္ေသာ္လည္း မူဆယ္ဂိတ္မွဴးထံ ေရာက္ရိွလာျခင္းမရိွေသးေၾကာင္း လမင္းတစ္ရာကားဂိတ္မွ သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လမင်းတစ်ရာဂိတ်မှ ခရီးသည် ၁၂ ဦးဆံ့ ယာဉ်အမှတ် 7I-9198 ခရီးသည်တင်ကားမှာ ကျောက်မဲမြို့မှ မူဆယ်မြို့သို့ ခရီးသည် ပို့ဆောင်ပေးပြီးနောက် ကျောက်မဲသို့ပြန်လာရမည့် သုံးရက်ကြာသည်အထိ ပြန်ရောက် မလာသဖြင့် ယာဉ်ပိုင်ရှင်က ရှာဖွေနပြေီး အမှုဖွင့်တိုင်ကြားရန် စီစဉ်နေကြောင်း သိရသည်။

“လောင်းကစားရုံရှေ့မှာ စက်တင်ဘာလ (၁)ရက်နေ့ညက အဲဒီကားကိုရပ်ထားတာတွေ့တယ်လို့ပြောပြသူ တွေရှိပေမဲ့ ကျွန်မယောက်ျားက ရဲတွေရဲ့အကူအညီနဲ့ရှာတာတောင် မတွေ့ဘူး။ ဖုန်းအဆက် အသွယ်လည်းမရဘူး” ဟု လမင်းတစ်ရာကားဂိတ်မှ ကားပိုင်ရှင် ဒေါ်နန်းလောဝ်ဝှီးက ပြောသည်။

အဆိုပါကားသည် သြဂုတ်လ (၃၁)ရက်နေ့က ကျောက်မဲမှ မူဆယ်သို့ ထွက်ခွာသွားခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိရမည်ဖြစ်သော်လည်း ပြန်ရောက်မလာသည့် အပြင် ကားမောင်းသူကိုလည်း ဖုန်းဆက်သွယ်၍ မရတော့ခြင်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင်ဖြစ်သူထံမှ သိရသည်။

အဆိုပါ ကားကို မောင်းသူက မူဆယ်မှ ကျောက်မဲသို့ ပြန်ဆင်းလာမည့်ခရီးသည်များကို ကားမထွက် ဖြစ်တော့ကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက်၎င်း၏ဖုန်းအား ဆက်သွယ်၍ မရတော့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဖိတ်နေ့က တက်သွားတယ်။ လကွယ်နေ့ပြန် ဆင်းလာရမှာ မလာဘူးတဲ့ ဂိတ်ကပြောတယ်။ ဖုန်းနံပါတ်တောင်းလို့ ပေးလိုက်တယ်။ အိမ်ကလည်းစိတ်ပူပြီးတော့ တောင်မေးမြောက်မေး လိုက်မေးနေရတယ်။ အဲဒီမြို့ထိတော့ လိုက်မရှာခဲ့ရသေးပါဘူး။ အဆက်အသွယ်လည်း မရဘူး” ဟု ပျောက်ဆုံးနေသည့် ကားမောင်းသူ အောင်ချိုချို၏ ညီမဖြစ်သူ မသန်းဌေးက ဆိုသည်။

အဆိုပါကားနှင့်အတူ ကျောက်မဲမြို့မှ မူဆယ်ကားဂိတ်သို့ ငွေလွှဲပေးပို့လိုက်သော်လည်း မူဆယ်ဂိတ်မှူးထံ ရောက်ရှိလာခြင်းမရှိသေးကြောင်း လမင်းတစ်ရာကားဂိတ်မှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~