စက်တင်ဘာလ(၁)ရက်နေ့၏ ထိုင်းထီ ဘတ်သိန်း(၃၀)ဆုကို တာချီလိတ်မှ ဒေါ်နန်းရှဲန်နွန်း ဆွတ်ခူး

စက်တင်ဘာလ(၁)ရက်နေ့၏ ထိုင်းထီ ဘတ်သိန်း(၃၀)ဆုကို တာချီလိတ်မှ ဒေါ်နန်းရှဲန်နွန်း ဆွတ်ခူး
စက်တင်ဘာ 5, 2016 | ရှမ်းရှေ့

 

 
 

၂၀၁၆ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့က ထွက်ရှိခဲ့သော ထိုင်းထီ၏ ဘတ်သိန်း(၃၀)ဆုကြီးကို ပေါက်သွားသူမှာ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ ရှမ်းတိုင်းရင်းသူဖြစ်ကြောင်း သိရသည်။

 

၂၀၁၆ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့တွင် ထွက်ရှိခဲ့သော ထိုင်းနိုင်ငံ၏ ထီတွင် ပထမဆုကြီး (၆)လုံးတိုက်ဖြစ်သည့် ( 638684 ) နံပါတ်အား ပေါက်သည့်အတွက် ထိုင်းဘတ်ငွေ သိန်း(၃၀)ဆုကြီးကို  ရရှိသွားသူ တာချီလိတ်မြို့နေ ဒေါ်နန်းရှဲန်နွန်းမှ စက်တင်ဘာလ(၃)ရက်နေ့တွင် သက်ဆိုင်ရာသို့ သွားရောက် အကြောင်းကြားလိုက်ပြီး စက်တင်ဘာလ(၅)ရက်နေ့တွင် အဆိုပါဆုငွေအား ထုတ်ပြီးကြောင်း သိရသည်။

 

ထီဖွင့်တာက (၁)ရက်နေ့က ဆိုပေမဲ့ အဲ့ဒီနေ့က ထီပေါက်စဉ် မတိုက်လိုက်ရဘူး၊ (၃)ရက်နေ့ကမှ ထီထိုးထားတာ သတိရတာနဲ့ တိုက်ကြည့်လိုက်တော့ ပထမဆု ဂဏန်း(၆)လုံး တူညီတာတွေ့တာနဲ့ ထီပေါက်မှန်း သိတာ

ဟု ထိုင်းထီပေါက်သည့် ဒေါ်နန်းရှဲန်နွန်းက ပြောသည်။

 

ထိုင်းနိုင်ငံ၏ ပထမဆုကြီးကို ပေါက်သူ ဒေါ်နန်းရှဲန်နွန်းသည် တာချီလိတ်မြို့နယ် ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၌ နေထိုင်သူ ဖြစ်ကြောင်း သိရှိရသည်။