တနသၤာရီတိုင္းအတြင္း လမ္းနယ္နိမိတ္ႏွင့္ မလြတ္ကင္းသည့္ အေဆာက္အဦးစာရင္း တိုးမလာေစရန္ ေဆာင္ရြက္ေန

တနသၤာရီတိုင္းအတြင္း လမ္းနယ္နိမိတ္ႏွင့္ မလြတ္ကင္းသည့္ အေဆာက္အဦးစာရင္း တိုးမလာေစရန္ ေဆာင္ရြက္ေန
စက်တင်ဘာ 15, 2016
By Tachileik News Agency


လမ္းနယ္နိမိတ္ႏွင့္ မလြတ္ကင္းသည့္ အေဆာက္အဦမ်ား စာရင္းကို စစ္ေဆးေကာက္ယူထားၿပီး လက္ရိွ အေျခအေနထက္ တိုးမလာေစရန္ ေဆာင္ရြက္ေနေၾကာင္း တနသၤာရီတုိင္းေဒသႀကီး ေဆာက္လုပ္ေရး ၀န္ႀကီးဌာန၊ လမ္းဦးစီးဌာနမွ သိရသည္။

“ကြင္းဆင္းၾကည့္တယ္ဆုိတာက ေနျပည္ေတာ္ ေဆာက္လုပ္ေရး၀န္ႀကီးဌာနက စာရင္းျပဳစုခုိင္းၿပီး တင္ခုိင္းတာေၾကာင့္ပါ။ ၿမဳိ႕တြင္း၊ ရြာတြင္းမွာ နယ္နိမိတ္မလြတ္တဲ့ အေဆာက္အဦ၊ သစ္ပင္၊ ဓာတ္တုိင္၊ ဖုန္းတာ၀ါတုိင္၊ ေကဘယ္လ္ႀကဳိးေတြစာရင္းကုိ ျပဳစုတဲ့သေဘာပါ။ ရွိၿပီးသား အေဆာက္အဦေတြကုိ မဖ်က္ပါဘူး”ဟု လမ္းဦးစီးဌာနဦးစီးအရာရွိ ဦးေအာင္ေက်ာ္ညြန္႔က ေျပာသည္။

လမ္းနယ္နိမိတ္ႏွင့္ မလြတ္ကင္းသည့္ စာရင္းကုိေကာက္ယူေနၿပီး လက္ရိွအေျခအေနထက္ တိုးမလာေစရန္ ထိန္းသိမ္းေဆာင္ရြက္သြားမည္ ျဖစ္ေသာ္လည္း လက္ရိွအေဆာက္အဦမ်ားကို ၿဖိဳဖ်က္သြားမည္ မဟုတ္ေၾကာင္း သိရသည္။

ၿမဳိ႕ရြာႏွင့္ အလွမ္းေ၀းသည့္ လမ္းမႀကီးမ်ားအနီးရွိ ပလပ္ေျမမ်ားတြင္ ေနအိမ္၊ဆုိင္ခန္းမ်ား မေဆာက္လုပ္ ၾကရန္ကုိလည္း သတိေပးလုိက္ၿပီး မလိုက္နာပါက လမ္းမႀကီးမ်ား ဥပေဒအတုိင္း အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ ဒီလုိလုပ္တာ ေကာင္းတယ္။ ၿမဳိ႕ထဲက တခ်ဳိ႕ဆုိင္ေတြဆုိရင္ ဆုိင္းဘုတ္ေတြက လမ္းေပၚ ေရာက္ေနၿပီေလ။ လူသြားလမ္းမွာလည္း ဆုိင္ခန္းကုိခ်ဲ႕ၿပီး ေဆာက္ထားတာေတြရွိတယ္။ အခုလုိ စိစစ္လုိက္ေတာ့ လုပ္ခ်င္တဲ့သူေတာင္ မလုပ္ရဲေတာ့ဘူးေပါ့”ဟု ကုန္စုံဆုိင္ဖြင့္လွစ္ထားသူ ေဒသခံတစ္ဦးက ေျပာသည္။

လမ္းဦးစီးဌာန၏ ခြင့္ျပဳခ်က္မယူဘဲ လမ္းမႀကီးမ်ား၏ နယ္နိမိတ္အတြင္း အေဆာက္အဦေဆာက္လုပ္ျခင္း ျပဳလုပ္ေၾကာင္း ျပစ္မႈထင္ရွား တရားစီရင္ျခင္းခံရလ်ွင္ ပုဒ္မ( ၇-က )အရ ဒဏ္ေငြ အနည္းဆုံးက်ပ္(၁)သိန္းမွ အမ်ားဆုံးက်ပ္(၅)သိန္းထိေသာ္လည္းေကာင္း ၊ ပုဒ္မ (၇-ခ)အရ မည္သူမဆုိ ပုဒ္မ (၇-က)ပါျပစ္မႈကုိထပ္မံ က်ဴးလြန္ပါက ေထာင္ဒဏ္(၁)ႏွစ္အျပင္ ဒဏ္ေငြ က်ပ္(၁)သိန္းမွ က်ပ္(၁၀)သိန္းအထိ ေသာ္လည္းေကာင္းခ်မွတ္ျခင္းခံ ရမည္ျဖစ္ေၾကာင္း သိရသည္။

လမ္းမႀကီးမ်ားဥပေဒကုိ ၂၀၀၀ ခုႏွစ္ ႏုိ၀င္ဘာလ (၁၇ ) ရက္ေန႔တြင္ျပဌာန္းခဲ့ျခင္းျဖစ္ၿပီး၂၀၁၄ ခုႏွစ္တြင္ ျပင္ဆင္ခဲ့ကာ ၂၀၁၅ ခုႏွစ္ ႏုိ၀င္ဘာလ (၁၇) ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒအမွတ္ (၃၃) ျဖင့္ ႏုိင္ငံေတာ္သမၼတက လက္မွတ္ေရးထုိးထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

သတင္း - #ေရႊေဇာ္
~~~~~~~~⊰❂ unicode ~~~~~~~~

လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့် အဆောက်အဦများ စာရင်းကို စစ်ဆေးကောက်ယူထားပြီး လက်ရှိ အခြေအနေထက် တိုးမလာစေရန် ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ သိရသည်။

“ကွင်းဆင်းကြည့်တယ်ဆိုတာက နပြေည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနက စာရင်းပြုစုခိုင်းပြီး တင်ခိုင်းတာကြောင့်ပါ။ မြို့တွင်း၊ ရွာတွင်းမှာ နယ်နိမိတ်မလွတ်တဲ့ အဆောက်အဦ၊ သစ်ပင်၊ ဓာတ်တိုင်၊ ဖုန်းတာဝါတိုင်၊ ကေဘယ်လ်ကြိုးတွေစာရင်းကို ပြုစုတဲ့သဘောပါ။ ရှိပြီးသား အဆောက်အဦတွေကို မဖျက်ပါဘူး”ဟု လမ်းဦးစီးဌာနဦးစီးအရာရှိ ဦးအောင်ကျော်ညွန့်က ပြောသည်။

လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့် စာရင်းကိုကောက်ယူနပြေီး လက်ရှိအခြေအနေထက် တိုးမလာစေရန် ထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်သော်လည်း လက်ရှိအဆောက်အဦများကို ဖြိုဖျက်သွားမည် မဟုတ်ကြောင်း သိရသည်။

မြို့ရွာနှင့် အလှမ်းေဝးသည့် လမ်းမကြီးများအနီးရှိ ပလပ်မြေများတွင် နေအိမ်၊ဆိုင်ခန်းများ မဆောက်လုပ် ကြရန်ကိုလည်း သတိပေးလိုက်ပြီး မလိုက်နာပါက လမ်းမကြီးများ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီလိုလုပ်တာ ကောင်းတယ်။ မြို့ထဲက တချို့ဆိုင်တွေဆိုရင် ဆိုင်းဘုတ်တွေက လမ်းပေါ် ရောက်နပြေီလေ။ လူသွားလမ်းမှာလည်း ဆိုင်ခန်းကိုချဲ့ပြီး ဆောက်ထားတာတွေရှိတယ်။ အခုလို စိစစ်လိုက်တော့ လုပ်ချင်တဲ့သူတောင် မလုပ်ရဲတော့ဘူးပေါ့”ဟု ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ ဒေသခံတစ်ဦးက ပြောသည်။

လမ်းဦးစီးဌာန၏ ခွင့်ပြုချက်မယူဘဲ လမ်းမကြီးများ၏ နယ်နိမိတ်အတွင်း အဆောက်အဦဆောက်လုပ်ခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား တရားစီရင်ခြင်းခံရလျှင် ပုဒ်မ( ၇-က )အရ ဒဏ်ငွေ အနည်းဆုံးကျပ်(၁)သိန်းမှ အများဆုံးကျပ်(၅)သိန်းထိသော်လည်းကောင်း၊ ပုဒ်မ (၇-ခ)အရ မည်သူမဆို ပုဒ်မ (၇-က)ပါပြစ်မှုကိုထပ်မံ ကျူးလွန်ပါက ထောင်ဒဏ်(၁)နှစ်အပြင် ဒဏ်ငွေ ကျပ်(၁)သိန်းမှ ကျပ်(၁၀)သိန်းအထိ သော်လည်းကောင်းချမှတ်ခြင်းခံ ရမည်ဖြစ်ကြောင်း သိရသည်။

လမ်းမကြီးများဥပဒေကို ၂၀၀၀ ခုနှစ် နိုဝင်ဘာလ (၁၇ ) ရက်နေ့တွင်ပြဌာန်းခဲ့ခြင်းဖြစ်ပြီး၂၀၁၄ ခုနှစ်တွင် ပြင်ဆင်ခဲ့ကာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၃) ဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သတင်း - #ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~