ေတာင္ႀကီးစည္ပင္တြင္ ဘတ္ဂ်က္မရိွသျဖင့္ ၿမိဳ႕တြင္းလမ္းပ်က္မ်ား မျပင္ႏုိင္ေသး

ေတာင္ႀကီးစည္ပင္တြင္ ဘတ္ဂ်က္မရိွသျဖင့္ ၿမိဳ႕တြင္းလမ္းပ်က္မ်ား မျပင္ႏုိင္ေသး
စက်တင်ဘာ 10, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕တြင္း လမ္းအခ်ိဳ႕ပ်က္စီးမႈအား ျပင္ဆင္ရန္ရိွေသာ္လည္း ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနတြင္  ဘတ္ဂ်က္မရိွသျဖင့္ ျပင္ဆင္ႏုိင္ျခင္း မရိွေၾကာင္း သိရသည္။

“ဘုရင့္ေနာင္လမ္းတစ္ေလွ်ာက္မွာ လမ္းေတြပ်က္စီးတယ္ဆိုတာကလည္း ေရေျမာင္းထြက္ေပါက္လည္း မရွိဘူးေလ။ အရင္တခါကလည္း ျပင္ထားတယ္။ မၾကာဘူး ျပန္ပ်က္တာပဲ။ ဘုရင့္ေနာင္လမ္းတစ္ေလွ်ာက္ အေရွ႕ ၿမိဳ႕ပတ္လမ္္းကေန အေနာက္ၿမိဳ႕ပတ္လမ္း တစ္ေလွ်ာက္ထိ လမ္းျပင္ဖို႔ စီစဥ္ထားပါတယ္။ ခ်ဳိင့္ ခြက္ေတြလည္း မ်ားေနၿပီ။ မိုးေတြလည္းရြာေတာ့ လမ္းပ်က္စီးတာပါ။ အခုျပင္ဆင္ဖို႔အတြက္ ဘတ္ဂ်က္ မရွိလို႔ မျပင္ရေသးတာပါ"ဟု ေတာင္ႀကီးၿမိဳ႕ စည္ပင္သာယာေရးဦးစီးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ေျပာသည္။

စည္ပင္သာယာဌာန ဘတ္ဂ်က္မ်ားအား ယခင္အစိုးရလက္ထက္တြင္ ထုတ္ယူသံုးစြဲၿပီးျဖစ္သျဖင့္ ယခု ရွမ္းျပည္နယ္အစိုးရသစ္လက္ထက္တြင္ ဘ႑ာေငြက်န္ရွိျခင္း မရွိေတာ့ေၾကာင္း သိရသည္။

"လမ္းက ခ်ိဳင့္ခြက္ႀကီးေတြျဖစ္ေနၿပီး ကတၱရာေတြလည္း ေပါက္ၿပဲေနေတာ့ လမ္းေလွ်ာက္လည္း အဆင္မေျပဘူး။ ဆိုင္ကယ္နဲ႔သြားလည္း ေရွာင္တိမ္းသြားေနတာဆိုေတာ့ ယာဥ္တိုက္မႈေတြ ဘာေတြျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ ျပဳျပင္ေစခ်င္တာ"ဟု ေတာင္ႀကီးေဒသခံတစ္ဦးက ေျပာသည္။

လတ္တေလာအေျခအေနတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ျမသုခ ရုပ္ရွင္ရံု မီးပြိဳင့္လမ္းၾကား၊ မယ္ဆိုင္စတိုးႏွင့္ ျမသုခ လမ္းၾကား ႏွင့္ ဘုရင့္ေနာင္လမ္းတစ္ေလွ်ာက္တြင္ ကတၱရာမ်ား ပ်က္စီးေနၿပီး ခ်ိဳင့္ခြက္မ်ား ျဖစ္ေပၚေနေသာ္လည္း ျပဳျပင္ႏိုင္ျခင္း မရိွေသးေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်း လမ်းအချို့ပျက်စီးမှုအား ပြင်ဆင်ရန်ရှိသော်လည်း မြို့နယ်စည်ပင်သာယာရေးဌာနတွင် ဘတ်ဂျက်မရှိသဖြင့် ပြင်ဆင်နိုင်ခြင်း မရှိကြောင်း သိရသည်။

“ဘုရင့်နောင်လမ်းတစ်လျှောက်မှာ လမ်းတွေပျက်စီးတယ်ဆိုတာကလည်း ရေမြောင်းထွက်ပေါက်လည်း မရှိဘူးလေ။ အရင်တခါကလည်း ပြင်ထားတယ်။ မကြာဘူး ပြန်ပျက်တာပဲ။ ဘုရင့်နောင်လမ်းတစ်လျှောက် အရှေ့ မြို့ပတ်လမ်းကနေ အနောက်မြို့ပတ်လမ်း တစ်လျှောက်ထိ လမ်းပြင်ဖို့ စီစဉ်ထားပါတယ်။ ချိုင့် ခွက်တွေလည်း များနပြေီ။ မိုးတွေလည်းရွာတော့ လမ်းပျက်စီးတာပါ။ အခုပြင်ဆင်ဖို့အတွက် ဘတ်ဂျက် မရှိလို့ မပြင်ရသေးတာပါ"ဟု တောင်ကြီးမြို့ စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။

စည်ပင်သာယာဌာန ဘတ်ဂျက်များအား ယခင်အစိုးရလက်ထက်တွင် ထုတ်ယူသုံးစွဲပြီးဖြစ်သဖြင့် ယခု ရှမ်းပြည်နယ်အစိုးရသစ်လက်ထက်တွင် ဘဏ္ဍာငွေကျန်ရှိခြင်း မရှိတော့ကြောင်း သိရသည်။

"လမ်းက ချိုင့်ခွက်ကြီးတွဖြေစ်နပြေီး ကတ္တရာတွေလည်း ပေါက်ပြဲနေတော့ လမ်းလျှောက်လည်း အဆင်မပြေဘူး။ ဆိုင်ကယ်နဲ့သွားလည်း ရှောင်တိမ်းသွားနေတာဆိုတော့ ယာဉ်တိုက်မှုတွေ ဘာတွဖြေစ်နိုင်တယ်။ ဒါကြောင့် ပြုပြင်စေချင်တာ"ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

လတ်တလောအခြေအနေတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြသုခ ရုပ်ရှင်ရုံ မီးပွိုင့်လမ်းကြား၊ မယ်ဆိုင်စတိုးနှင့် မြသုခ လမ်းကြား နှင့် ဘုရင့်နောင်လမ်းတစ်လျှောက်တွင် ကတ္တရာများ ပျက်စီးနပြေီး ချိုင့်ခွက်များ ဖြစ်ပေါ်နေသော်လည်း ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~