လွ်ပ္စစ္စက္ပစၥည္းတိုးျမႇင့္ တပ္ဆင္မွာ ျဖစ္သည့္အတြက္ (9.9.2016)တြင္ တာခ်ီလိတ္ၿမိဳ႕ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွ ၿမိဳ႕ျပင္ေက်းရြာမ်ားအထိ လွ်ပ္စစ္မီး အခ်ိန္(၄)နာရီ၀န္းက်င္အၾကာ ျဖတ္ေတာက္မည္

လွ်ပ္စစ္စက္ပစၥည္းတိုးျမႇင့္ တပ္ဆင္မွာ ျဖစ္သည့္အတြက္ (9.9.2016)တြင္ တာခ်ီလိတ္ၿမိဳ႕ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွ ၿမိဳ႕ျပင္ေက်းရြာမ်ားအထိ လွ်ပ္စစ္မီး အခ်ိန္(၄)နာရီ၀န္းက်င္အၾကာ ျဖတ္ေတာက္မည္
စက်တင်ဘာ 8, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးရံုးခြဲမွ  စက္ပစၥည္း တိုးျမႇင့္ေျပာင္းလဲ တပ္ဆင္မွာျဖစ္သည့္အတြက္ လုပ္ငန္းေဆာင္ရြက္ေနစဥ္ အတြင္း အႏၱရာယ္ကင္းေစရန္ ခ်စ္ၾကည္ေရးအမွတ္(၂)တံတားမွ ၿမိဳ႕ျပင္ ေက်းရြာမ်ားအထိ စက္တင္ဘာလ(၉)ရက္ေန႔ တြင္ အခ်ိန္(၄)နာရီ၀န္းက်င္အၾကာ လွ်ပ္စစ္မီး ျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

"အမ်ားျပည္သူမ်ားတြက္ မီးအားေကာင္းဖို႔ 160KVA ကေန 400KVA အျဖစ္ ေျပာင္းလဲတပ္ဆင္မွာ ျဖစ္တဲ့အတြက္ေၾကာင့္ တံတား(၂)ကေန စၿပီး ၀မ္ပံု - မိုင္းကိုးအထိ၊ မီးခဏ ျဖတ္မွာပါ၊ နံနက္(၉)နာရီကေန ေန႔လယ္(၁)နာရီအထိပါ၊ သတ္မွတ္ခ်ိန္ထက္  ေစာေစာၿပီးရင္ ေစာေစာျပန္လႊတ္ေပးသြားမွာပါ"ဟု မီးလင္းေရးရံုးခြဲ(လြယ္စတံုမီးလင္းေရးရံုး)မွ ကိုဟိန္းကိုက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕အတြင္း မီးလင္းေရးအတြက္ ၿမိဳ႕မီးလင္းေရးရံုး(ေရႊတိဂံုဘုရားေအာက္ ရံုး ) ႏွင့္ မီးလင္းေရးရံုးခြဲ (လြယ္စတံုမီးလင္းေရးရံုး)တို႔မွ ခြဲေ၀၍ ျဖန္႔ျဖဴးေပးေနလွ်က္ရွိေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ မီးလင်းရေးရုံးခွဲမှ စက်ပစ္စည်း တိုးမြှင့်ပြောင်းလဲ တပ်ဆင်မှာဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်နေစဉ် အတွင်း အန္တရာယ်ကင်းစေရန် ချစ်ကြည်ရေးအမှတ်(၂)တံတားမှ မြို့ပြင် ကျေးရွာများအထိ စက်တင်ဘာလ(၉)ရက်နေ့ တွင် အချိန်(၄)နာရီဝန်းကျင်အကြာ လျှပ်စစ်မီး ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

"အများပြည်သူများတွက် မီးအားကောင်းဖို့ 160KVA ကနေ 400KVA အဖြစ် ပြောင်းလဲတပ်ဆင်မှာ ဖြစ်တဲ့အတွက်ကြောင့် တံတား(၂)ကနေ စပြီး ဝမ်ပုံ - မိုင်းကိုးအထိ၊ မီးခဏ ဖြတ်မှာပါ၊ နံနက်(၉)နာရီကနေ နေ့လယ်(၁)နာရီအထိပါ၊ သတ်မှတ်ချိန်ထက် စောစောပြီးရင် စောစောပြန်လွှတ်ပေးသွားမှာပါ"ဟု မီးလင်းရေးရုံးခွဲ(လွယ်စတုံမီးလင်းရေးရုံး)မှ ကိုဟိန်းကိုက ပြောသည်။

တာချီလိတ်မြို့အတွင်း မီးလင်းရေးအတွက် မြို့မီးလင်းရေးရုံး(ရွှေတိဂုံဘုရားအောက် ရုံး ) နှင့် မီးလင်းရေးရုံးခွဲ (လွယ်စတုံမီးလင်းရေးရုံး)တို့မှ ခွေဲဝ၍ ဖြန့်ဖြူးပေးနေလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~