မူးယစ္ေဆးဝါးျပႆနာ ေျဖရွင္းေရးကို ရွမ္းျပည္နယ္အစိုးရ လုပ္ေဆာင္မည္ဟု ကတိျပဳ

မူးယစ္ေဆးဝါးျပႆနာ ေျဖရွင္းေရးကို ရွမ္းျပည္နယ္အစိုးရ လုပ္ေဆာင္မည္ဟု ကတိျပဳ
စက်တင်ဘာ 17, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရ အေနျဖင့္ မူးယစ္ေဆးဝါး ျပႆနာေျဖရွင္းေရးအား အထူးစီမံကိန္းအျဖစ္ ရွမ္းျပည္နယ္က ဦးေဆာင္ၿပီး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕က ကတိျပဳ ေျပာၾကားလိုက္သည္။

"ကြ်န္ေတာ္တို႔ နိုင္ငံရဲ႕ အဓိကရန္သူက ဆင္းရဲမြဲေတမႈ မဟုတ္ပါဘူး။ မူးယစ္ေဆးဝါးပါ။ အဲဒီေတာ့ ဒီမူးယစ္ေဆးဝါးကို ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ ရန္သူအျဖစ္ သတ္မွတ္ၿပီးေတာ့  ေခ်မႈန္းရပါလိမ့္မယ္။ ကၽြန္ေတာ္တုိ႔ကလည္း အထူးစီမံခ်က္ေတြနဲ႔ တုိက္ဖ်က္ဖို႔ အကုန္လံုး အစီအစဥ္ ရိွေနပါတယ္။ အဲဒီလို တိုက္ဖ်က္တဲ့ ေနရာမွာ ဖိလစ္ပိုင္လို လုပ္လုိ႔မရဘူး။ ကၽြန္ေတာ္တုိ႔ႏုိင္ငံက ဒီမိုကေရစီစနစ္ကို က်င့္သံုးတဲ့အတြက္ လူတစ္ဦးခ်င္းစီရဲ႕ တန္ဖိုး၊ ရပိုင္ခြင့္နဲ႕ ျပစ္ဒဏ္ဆိုတာ ရိွတယ္။ ျပစ္ဒဏ္သည္ ဥပေဒအရ သြားရမွာျဖစ္တယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ မူးယစ္ေဆးဝါး အထူးစီမံကိန္းကို ရွမ္းျပည္နယ္က ဦးေဆာင္ၿပီးေတာ့ သူမ်ားထက္ ပိုလုပ္ရမွာပါ။ လုပ္လည္း လုပ္မွာပဲဆိုတာ ကတိေပးပါတယ္”ဟု ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က ဆိုသည္။

ၿငိမ္းခ်မ္းေရး မရေသးသည့္ အေျခအေနကလည္း မူးယစ္ေဆးဝါး ျပႆနာႏွင့္ တရားဥပေဒစိုးမိုးမႈ ကင္းမဲ့မႈမ်ား ျဖစ္လာေစသျဖင့္ ျပည္သူလူထု အေနျဖင့္ ပူးေပါင္းေဆာင္ရြက္ၾကရန္ ဝန္ႀကီးက တုိက္တြန္းေျပာၾကား လိုက္သည္။

"တရားဥပေဒ စိုးမိုးမႈ မရွိေတာ့လို႔ပါ။ ဝင္ခ်င္သလိုဝင္ ထြက္ခ်င္သလိုထြက္ ျဖစ္ေနၿပီးေတာ့ ကၽြန္ေတာ္တို႔ တုိင္းျပည္ဟာ ယဥ္ယဥ္ေလးနဲ႔ ပ်က္ေနတာပါ။ မူးယစ္ေဆးဝါးကိစၥက တစ္မ်ိဳးသားလံုးကို အဆိပ္သင့္ေနတာပါ။ မူးယစ္ေဆးဝါး ပေပ်ာက္ေအာင္ တိုက္ဖ်က္ေရးကလည္း အရင္ကထက္ ပိုလုပ္လာပါတယ္။ သို႔ေသာ္လည္း ပိုၿပီး ထိေရာက္ ေအာင္ျမင္ခ်င္တယ္ဆိုရင္ေတာ့ ျပည္သူ႔အင္အားပိုၿပီး ပူးေပါင္း ေဆာင္ရြက္မယ္ဆိုရင္ေတာ့ ျမန္ျမန္ဆန္ဆန္ ခ်ဳပ္ၿငိမ္းသြားမွာပါ"ဟု ဝန္ႀကီးက လားရွိဳးၿမိဳ႕ လူထုေတြ႕ဆံုပြဲတြင္ ေျပာၾကားလိုက္သည္။

ရွမ္းျပည္နယ္အတြင္း မူးယစ္ေဆးဝါး အဓိကထြက္ရိွေနၿပီး ျပည္နယ္တြင္း မူးယစ္ေဆးဝါးသံုးစြဲမႈမွာ ျမင့္မားေနသျဖင့္ ၾကပ္မတ္ေဆာင္ရြက္သင့္သည္ဟု လားရွိဳးခရိုင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)အလုပ္အမႈေဆာင္ အတြင္းေရးမွဴးျဖစ္သူ ဦးထြန္းေရႊက ဝန္ႀကီး၏ ေျပာၾကားခ်က္ကို ေထာက္ခံေျပာၾကားလိုက္သည္။။

သတင္း - ေအာင္ျပည့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အစိုးရ အနဖြေင့် မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းရေးအား အထူးစီမံကိန်းအဖြစ် ရှမ်းပြည်နယ်က ဦးဆောင်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ကတိပြု ပြောကြားလိုက်သည်။

"ကျွန်တော်တို့ နိုင်ငံရဲ့ အဓိကရန်သူက ဆင်းရဲမွဲတေမှု မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးပါ။ အဲဒီတော့ ဒီမူးယစ်ဆေးဝါးကို ကျွန်တော်တို့နိုင်ငံရဲ့ ရန်သူအဖြစ် သတ်မှတ်ပြီးတော့ ချေမှုန်းရပါလိမ့်မယ်။ ကျွန်တော်တို့ကလည်း အထူးစီမံချက်တွေနဲ့ တိုက်ဖျက်ဖို့ အကုန်လုံး အစီအစဉ် ရှိနေပါတယ်။ အဲဒီလို တိုက်ဖျက်တဲ့ နေရာမှာ ဖိလစ်ပိုင်လို လုပ်လို့မရဘူး။ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့အတွက် လူတစ်ဦးချင်းစီရဲ့ တန်ဖိုး၊ ရပိုင်ခွင့်နဲ့ ပြစ်ဒဏ်ဆိုတာ ရှိတယ်။ ပြစ်ဒဏ်သည် ဥပဒေအရ သွားရမှာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ မူးယစ်ဆေးဝါး အထူးစီမံကိန်းကို ရှမ်းပြည်နယ်က ဦးဆောင်ပြီးတော့ သူများထက် ပိုလုပ်ရမှာပါ။ လုပ်လည်း လုပ်မှာပဲဆိုတာ ကတိပေးပါတယ်”ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဆိုသည်။

ငြိမ်းချမ်းရေး မရသေးသည့် အခြေအနေကလည်း မူးယစ်ဆေးဝါး ပြဿနာနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုများ ဖြစ်လာစေသဖြင့် ပြည်သူလူထု အနဖြေင့် ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးက တိုက်တွန်းပြောကြား လိုက်သည်။

"တရားဥပဒေ စိုးမိုးမှု မရှိတော့လို့ပါ။ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် ဖြစ်နပြေီးတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ ယဉ်ယဉ်လေးနဲ့ ပျက်နေတာပါ။ မူးယစ်ဆေးဝါးကိစ္စက တစ်မျိုးသားလုံးကို အဆိပ်သင့်နေတာပါ။ မူးယစ်ဆေးဝါး ပပျောက်အောင် တိုက်ဖျက်ရေးကလည်း အရင်ကထက် ပိုလုပ်လာပါတယ်။ သို့သော်လည်း ပိုပြီး ထိရောက် အောင်မြင်ချင်တယ်ဆိုရင်တော့ ပြည်သူ့အင်အားပိုပြီး ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် ချုပ်ငြိမ်းသွားမှာပါ"ဟု ဝန်ကြီးက လားရှိုးမြို့ လူထုတွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး အဓိကထွက်ရှိနပြေီး ပြည်နယ်တွင်း မူးယစ်ဆေးဝါးသုံးစွဲမှုမှာ မြင့်မားနေသဖြင့် ကြပ်မတ်ဆောင်ရွက်သင့်သည်ဟု လားရှိုးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အလုပ်အမှုဆောင် အတွင်းရေးမှူးဖြစ်သူ ဦးထွန်းရွှေက ဝန်ကြီး၏ ပြောကြားချက်ကို ထောက်ခံပြောကြားလိုက်သည်။

သတင်း - အောင်ပြည့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~