ရွမ္းျပည္နယ္လႊတ္ေတာ္၏ တတိယပံုမွန္ အစည္းအေ၀း (၄)ရက္ တိတိ က်င္းပၿပီး ေဒသဖြံ႕ၿဖိဳးေရးအတြက္ ေဆြးေႏြးမည္

ရွမ္းျပည္နယ္လႊတ္ေတာ္၏ တတိယပံုမွန္ အစည္းအေ၀း (၄)ရက္ တိတိ က်င္းပၿပီး ေဒသဖြံ႕ၿဖိဳးေရးအတြက္ ေဆြးေႏြးမည္
စက်တင်ဘာ 13, 2016
By Tachileik News Agency

စက္တင္ဘာလ (၁၉)ရက္ေန႔တြင္ ျပန္လည္စတင္မည့္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္၏  တတိယပံုမွန္ အစည္းအေ၀းမ်ားတြင္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ အဓိကထား ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္လႊတ္ေတာ္ ညႊန္ၾကားေရးမွဴးရံုးမွ သိရသည္။

"တတိယပံုမွန္ အစည္းအေ၀းမွာေတာ့ ေဒသဖြံ႕ၿဖိဳးေရးအေၾကာင္းေတြ ေဆြးေႏြးၾကမွာပါ။ ၂၀၁၃ ခုႏွစ္ လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒနဲ႔ အညီ သူတို႔ေမးျမန္းလိုတဲ့ အခ်က္ေတြကို ကၽြန္ေတာ္တို႔ လႊတ္ေတာ္ရံုးကို ပို႔ပါတယ္။ ဒါေတြကို ကၽြန္ေတာ္တို႔ လႊတ္ေတာ္ရံုးက စိစစ္ၿပီးမွ သက္ဆိုင္ရာ ျပည္နယ္အစိုးရအဖြဲ႕ကို ေမးျမန္းဖို႔ ေမးခြန္းေတြကို ပို႔ပါတယ္။ ကိုယ္စားလွယ္ေတြကလည္း အသစ္ေတြဆိုေတာ့ ေဒသဖြံ႕ၿဖိဳးေရးကိစၥ ဦးစားေပးေမးတဲ့ ေမးခြန္းေတြမ်ားပါတယ္။” ဟု ရွမ္းျပည္နယ္ လႊတ္ေတာ္ရံုးမွ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ တတိယပံုမွန္ အစည္းအေ၀းအား စက္တင္ဘာလ (၁၉)ရက္ေန႔မွ စက္တင္ဘာလ (၂၂)ရက္ေန႔အထိ (၄)ရက္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ကိုယ္စားလွယ္(၃၂)ဦး၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(က်ားေခါင္း)မွ (၂၄)ဦး၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီမွ (၂၁)ဦး၊ တအာင္း (ပေလာင္) အမ်ိဳးသားပါတီမွ (၇)ဦး၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီမွ (၆)ဦး၊ ‘ဝ’ ဒီမိုကရက္တစ္ပါတီမွ(၁)ဦး၊ ‘ဝ’ အမ်ိဳးသား စည္းလံုးညီၫြတ္ေရးပါတီမွ (၁)ဦး၊ လားဟူ အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီမွ (၁)ဦး၊ ကိုးကန္႔ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီမွ (၁)ဦး၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ(က်ားျဖဴ)မွ (၁)ဦး၊ တုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး(၇)ဦး ႏွင့္ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ (၃၄)ဦး၊ စုစုေပါင္း လႊတ္ေတာ္ကိုယ္စားလွယ္(၁၃၅)ဦးရိွေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
စက်တင်ဘာလ (၁၉)ရက်နေ့တွင် ပြန်လည်စတင်မည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၏ တတိယပုံမှန် အစည်းအေဝးများတွင် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကထား ဆွေးနွေးကြမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

"တတိယအကြိမ်ပုံမှန် အစည်းအေဝးမှာတော့ ဒေသဖွံ့ဖြိုးရေးအကြောင်းတွေ ဆွေးနွေးကြမှာပါ။ ၂၀၁၃ ခုနှစ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေနဲ့ အညီ သူတို့မေးမြန်းလိုတဲ့ အချက်တွေကို ကျွန်တော်တို့ လွှတ်တော်ရုံးကို ပို့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လွှတ်တော်ရုံးက စိစစ်ပြီးမှ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ကို မေးမြန်းဖို့ မေးခွန်းတွေကို ပို့ပါတယ်။ ကိုယ်စားလှယ်တွေကလည်း အသစ်တွေဆိုတော့ ဒေသဖွံ့ဖြိုးရေးကိစ္စ ဦးစားပေးမေးတဲ့ မေးခွန်းတွေများပါတယ်။” ဟု ရှမ်းပြည်နယ် လွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်သူဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအေဝးအား စက်တင်ဘာလ (၁၉)ရက်နေ့မှ စက်တင်ဘာလ (၂၂)ရက်နေ့အထိ (၄)ရက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်(၃၂)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ကျားခေါင်း)မှ (၂၄)ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ (၂၁)ဦး၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ (၇)ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ (၆)ဦး၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီမှ(၁)ဦး၊ ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီမှ (၁)ဦး၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၁)ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ (၁)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ (၁)ဦး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး(၇)ဦး နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၃၄)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်(၁၃၅)ဦးရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~