ရွမ္းျပည္နယ္လႊတ္ေတာ္ေျမေနရာ ကိစၥ ျပည္နယ္အစိုးရမွ ရွင္းလင္း

ရွမ္းျပည္နယ္လႊတ္ေတာ္ေျမေနရာ ကိစၥ ျပည္နယ္အစိုးရမွ ရွင္းလင္း
စက်တင်ဘာ 5, 2016
By Tachileik News Agency

ရွမ္းျပည္နယ္လႊတ္ေတာ္ အေဆာက္အဦ ေျမေနရာအတြက္ ရွင္းလင္းေဆြးေႏြးပြဲကို စက္တင္ဘာလ (၅)ရက္ေန႔၊ ေနလယ္ (၂)နာရီ အခ်ိန္က ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္အစိုးရရံုး အစည္းအေ၀းခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ၾကသည္။

“လက္ရွိ လႊတ္ေတာ္ခန္းမႀကီးဟာ ေနရာမလံုေလာက္ေတာ့တဲ့ အတြက္ ကြ်န္ေတာ္တို႔ စီစဥ္ျခင္းျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ လက္ထက္မွာမွ မဟုတ္ပါဘူး။ ပထမသက္တမ္းမွာ တာ၀န္ထမ္းေဆာင္သြားကတည္းက လြတ္ေတာ္ကို အသစ္ျပန္ေဆာက္ဖို႕ ျပည္ေထာင္စုကို ဘတ္ဂ်က္ ေတာင္းခံခဲ့ပါတယ္။ ကြ်န္ေတာ္တို႔ လက္ထက္မွာ ဘတ္ဂ်က္က်လာခဲ့ပါတယ္။ က်လာတဲ့ အခါမွာ ေျမေနရာေရြးခ်ယ္ဖို႔ ရွမ္းျပည္နယ္အစိုးရက ၁ ၊၂၊၃၊၄၊ အထိ ေရြးခ်ယ္ခဲ့ ပါတယ္။ လႊတ္ေတာ္ ေဆာက္ဖို႔အတြက္ ျပည္သူေတြ အကုန္ႏွစ္ၿခိဳက္ သေဘာက်ေအာင္ စဥ္းစား ေဆာင္ရြက္ခဲ့ပါတယ္။ အၾကမ္းဖ်င္း လ်ာထားခဲ့တဲ့ ေနရာဟာ ျပည္သူလူထုေတြ လက္မခံနိုင္တဲ့ ေနရာကို ဇြတ္တိုးၿပီး ေဆာင္ရြက္ဖို႔မရွိပါဘူး” ဟု ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ မွ အဖြင့္အမွာစကားတြင္ ထည့္သြင္း ေျပာၾကားသည္။

ယခုျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားနွင့္ပင္ လႊတ္ေတာ္အစည္းအေ၀းခန္းမမွာ ေနရာ လံုေလာက္မွဳမရွိ၍ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္အျပည့္ ျဖစ္လာပါက ေနရာ အခက္အခဲ ပို၍ အဆင္မေျပ ျဖစ္လာႏိုင္သျဖင့္ ျပည္နယ္လႊတ္ေတာ္ အစည္းအေ၀းခန္းမ အသစ္ ေဆာက္လုပ္ရန္ မျဖစ္မေန လိုအပ္ေၾကာင္း၊ ၂၀၁၄ - ၂၀၁၅ ခုနစ္မွ စတင္ၿပီး ဘတ္ဂ်က္ေတာင္းခံခဲ့ရာ ယခု ၂၀၁၆ -၂၀၁၇ ဘ႑ာေရးႏွစ္တြင္ ဘတ္ဂ်က္ရရွိခဲ့သျဖင့္ ျပည္နယ္လႊတ္ေတာ္အစည္းအေ၀းခန္းမ ေဆာက္လုပ္ရန္ ေျမေနရာေရြးခ်ယ္ ေဆာင္ရြက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ျပည္နယ္အစိုးရဟာ ပြင့္လင္းျမင္သာမူကို အေျခခံပါတယ္။ အရပ္ဘက္လူမွဳအဖြဲ႕အစည္း cso ေတြ ေျမေနရာေပၚမွာ တန္ဖိုးေလးစားမႈရွိတယ္ဆိုတာျပလိုက္တာပါ။ ဘာပဲလုပ္လုပ္ ရွမ္းျပည္နယ္မွာတစ္ခုခု ျပဳလုပ္သြားမည္ဆိုရင္ျပည္သူ႔အသံက ပထမပါ။ ေနာက္ေနာင္ ကြ်န္ေတာ္တို႔ လုပ္မဲ့ အရာအားလံုးကို အျပန္အလွန္ သံုးသပ္ၿပီး စဥ္းစားပါမယ္။ အားလံုးပူးေပါင္း ေဆာင္ရြက္ၾကပါလ႔ိုလည္း ေျပာခ်င္ပါတယ္” ဟု ျပည္နယ္စီမံကိန္းႏွင့္စီးပြား၀န္ႀကီး ဦးစိုးညြန္႕လြင္က ေျပာသည္။

အဆိုပါ အေဆာက္အဦအား ေဆာက္လုပ္ရန္အတြက္ အဆိုျပဳ ပံုစံ ၁ အရ ေပ (၃၆၀ x ၃၅၀)ဧရိယာ (၂.၉၆) ဧက၊ အဆိုျပဳပံုစံ ၂ အရ ေပ (၃၆၀ x ၃၅၀) ဧရိယာ (၂.၉၆)ဧက၊ အဆိုျပဳ ပံုစံ ၃ အရ ေပ (၄၀၀x၂၂၈)ဧရိယာ(၂.၃ ) ဧက၊ အဆိုျပဳ ပံုစံ ၄ အရ ေပ (၄၀၀x၂၂၈)ဧရိယာ(၂.၃ ) ဧက ၊ အဆိုျပဳပံုစံ ၅ အရ ေပ (၃၀၅x၁၈၅)ဧရိယာ (၁.၂၉၅) ဧက ရွိေၾကာင္း၊ ၎အဆိုျပဳပံုစံမ်ားထဲတြင္ အဆိုျပဳ ပံုစံ ၅ ေနရာ သည္ အေကာင္းဆံုးေနရာ ျဖစ္ေၾကာင္းႏွင့္ ၎၀န္းထဲတြင္ သစ္ပင္ႀကီး (၃)ပင္နွင့္ အျခားသစ္ပင္ေျခာက္မ်ားသာရွိေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ႏုိႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦ မြေနေရာအတွက် ရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာလ (၅)ရက်နေ့၊ နေလယ် (၂)နာရီ အချိန်က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအေဝးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

“လက်ရှိ လွှတ်တော်ခန်းမကြီးဟာ နေရာမလုံလောက်တော့တဲ့ အတွက် ကျွန်တော်တို့ စီစဉ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ထက်မှာမှ မဟုတ်ပါဘူး။ ပထမသက်တမ်းမှာ တာဝန်ထမ်းဆောင်သွားကတည်းက လွတ်တော်ကို အသစ်ပြန်ဆောက်ဖို့ ပြည်ထောင်စုကို ဘတ်ဂျက် တောင်းခံခဲ့ပါတယ်။ ကျွန်တော်တို့ လက်ထက်မှာ ဘတ်ဂျက်ကျလာခဲ့ပါတယ်။ ကျလာတဲ့ အခါမှာ မြေနေရာရွေးချယ်ဖို့ ရှမ်းပြည်နယ်အစိုးရက ၁၊၂၊၃၊၄၊ အထိ ရွေးချယ်ခဲ့ ပါတယ်။ လွှတ်တော် ဆောက်ဖို့အတွက် ပြည်သူတွေ အကုန်နှစ်ခြိုက် သဘောကျအောင် စဉ်းစား ဆောင်ရွက်ခဲ့ပါတယ်။ အကြမ်းဖျင်း လျာထားခဲ့တဲ့ နေရာဟာ ပြည်သူလူထုတွေ လက်မခံနိုင်တဲ့ နေရာကို ဇွတ်တိုးပြီး ဆောင်ရွက်ဖို့မရှိပါဘူး” ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မှ အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။

ယခုပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်ပင် လွှတ်တော်အစည်းအေဝးခန်းမမှာ နေရာ လုံလောက်မှုမရှိ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အပြည့် ဖြစ်လာပါက နေရာ အခက်အခဲ ပို၍ အဆင်မပြေ ဖြစ်လာနိုင်သဖြင့် ပြည်နယ်လွှတ်တော် အစည်းအေဝးခန်းမ အသစ် ဆောက်လုပ်ရန် မဖြစ်မနေ လိုအပ်ကြောင်း၊ ၂၀၁၄ - ၂၀၁၅ ခုနစ်မှ စတင်ပြီး ဘတ်ဂျက်တောင်းခံခဲ့ရာ ယခု ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ရရှိခဲ့သဖြင့် ပြည်နယ်လွှတ်တော်အစည်းအေဝးခန်းမ ဆောက်လုပ်ရန် မြေနေရာရွေးချယ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်နယ်အစိုးရဟာ ပွင့်လင်းမြင်သာမူကို အခြေခံပါတယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်း cso တွေ မြေနေရာပေါ်မှာ တန်ဖိုးလေးစားမှုရှိတယ်ဆိုတာပြလိုက်တာပါ။ ဘာပဲလုပ်လုပ် ရှမ်းပြည်နယ်မှာတစ်ခုခု ပြုလုပ်သွားမည်ဆိုရင်ပြည်သူ့အသံက ပထမပါ။ နောက်နောင် ကျွန်တော်တို့ လုပ်မဲ့ အရာအားလုံးကို အပြန်အလှန် သုံးသပ်ပြီး စဉ်းစားပါမယ်။ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါလို့လည်း ပြောချင်ပါတယ်” ဟု ပြည်နယ်စီမံကိန်းနှင့်စီးပွားဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

အဆိုပါ အဆောက်အဦအား ဆောက်လုပ်ရန်အတွက် အဆိုပြု ပုံစံ ၁ အရ ပေ (၃၆၀ x ၃၅၀)ဧရိယာ (၂.၉၆) ဧက၊ အဆိုပြုပုံစံ ၂ အရ ပေ (၃၆၀ x ၃၅၀) ဧရိယာ (၂.၉၆)ဧက၊ အဆိုပြု ပုံစံ ၃ အရ ပေ (၄၀၀x၂၂၈)ဧရိယာ(၂.၃ ) ဧက၊ အဆိုပြု ပုံစံ ၄ အရ ပေ (၄၀၀x၂၂၈)ဧရိယာ(၂.၃ ) ဧက၊ အဆိုပြုပုံစံ ၅ အရ ပေ (၃၀၅x၁၈၅)ဧရိယာ (၁.၂၉၅) ဧက ရှိကြောင်း၊၎င်းအဆိုပြုပုံစံများထဲတွင် အဆိုပြု ပုံစံ ၅ နေရာ သည် အကောင်းဆုံးနေရာ ဖြစ်ကြောင်းနှင့်၎င်းဝန်းထဲတွင် သစ်ပင်ကြီး (၃)ပင်နှင့် အခြားသစ်ပင်ခြောက်များသာရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~