ရွမ္းႏွင့္တအာင္း(ပေလာင္) လူမ်ိဳးေရးပဋိပကၡ ေျဖေလ်ာ့နိုင္ေရး လူငယ္အဖြဲ႔မ်ား ပူးေပါင္း အေျဖရွာမည္

ရွမ္းႏွင့္တအာင္း(ပေလာင္) လူမ်ိဳးေရးပဋိပကၡ ေျဖေလ်ာ့နိုင္ေရး လူငယ္အဖြဲ႔မ်ား ပူးေပါင္း အေျဖရွာမည္
စက်တင်ဘာ 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS/SSA)ႏွင့္ တအာင္းလြတ္ေျမာက္ေရးတပ္ (TNLA/PSLF)တို႔အၾကား ႏွစ္ဖက္တိုက္ပြဲမ်ားေၾကာင့္ ျဖစ္ပြားေနသည့္ ပဋိပကၡမ်ားကို ေျဖေလ်ာ့ႏုိင္ေရး လူငယ္အဖြဲ႕မ်ား ပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

"နွစ္ဖက္စစ္တပ္ကျဖစ္လာတဲ႔ တိုက္ပြဲကေနၿပီးမွ ျဖစ္ေပၚလာတဲ႔ မဟုတ္မမွန္ သတင္းေတြ၊ ဝါဒျဖန္႔တဲ့ သတင္းေတြကို လူမႈကြန္ရက္မွာ page အတုေတြနဲ႔ေရးေနတာ ေတြ႔ရတယ္။ လူမ်ိဳးေရးမုန္းတီးေရး ဝါဒျဖန္႔တာေတြေပါ့။ သတင္းအခ်က္အလက္ တစ္ခုခု ရၿပီဆိုရင္ အျပန္အလွန္ ဖလွယ္ၿပီးမွ အဲဒီသတင္းရင္းျမစ္ကို မွန္ကန္မႈ ရိွ/မရိွ စစ္ေဆးမယ္။ ကၽြန္ေတာ္တုိ႔ ဘယ္လိုေျဖရွင္းမယ္ဆိုတာေတြကို ညိႇႏိႈင္းအေျဖရွာမယ္။"ဟု တအာင္းေက်ာင္းသားနွင့္လူငယ္အဖြဲ႔မွ ကိုမိုင္းမ်ိဳးေအာင္က ေျပာသည္။

ရွမ္းနွင့္တအာင္း(ပေလာင္)တိုင္းရင္းသားမ်ားအၾကား လူမ်ိဳးေရးမုန္းတီးေရး ဝါဒျဖန္႔ေနသည့္ လူမႈကြန္ရက္မွ သတင္းအမွားမ်ားကို ပူးေပါင္းေစာင့္ၾကည့္ အေျဖရွာသြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

"တအာင္းလူမ်ိဳးနဲ႔ ရွမ္းလူမ်ိဳးၾကားထဲမွာ လက္နက္ကိုင္ပဋိပကၡျဖစ္တာကေနစၿပီး အခုလိုျပည္သူလူထုဆီကို ျပန္ၿပီးေတာ့မွ ကူးစက္လာတာ ေတြ႔ရတာေပါ့။ အဲဒီအေၾကာင္းရင္းကို ေဖာ္ထုတ္ၾကမယ္။ အတူတကြ ပူးေပါင္းေျဖရွင္းၾကမွာပါ” ဟု ျမန္မာနိုင္ငံလံုးဆိုင္ရာ ရွမ္းလူငယ္ကြန္ရက္မွ အတိုင္ပင္ခံ စိုင္းဆိုင္မိန္းက ေျပာသည္။

လူငယ္အဖြဲ႕မ်ား အေနျဖင့္ ယင္းကဲ့သို႔လုပ္ေဆာင္ျခင္းအား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ႀကိဳဆိုလိုက္သည္။

"နွစ္ဖက္ပူးေပါင္းၿပီး ဒီလိုမ်ိဳးလုပ္လိုက္တဲ့ အတြက္ေၾကာင့္ ေနာင္လာမယ့္ ေသြးထိုးလံႈ႔ေဆာ္မႈေတြ နည္းသြားမယ္။ တိုင္းရင္းသားနွစ္ဖက္ၾကားမွာ ေသြးတိုးနႈိးေဆာ္မႈေတြ မဟုတ္မမွန္ သတင္းေတြ ေလွ်ာ့ခ်နိုင္သြားမယ္။ ရလဒ္ေကာင္းေတာ့ ရလာမွာေပါ့။ ႏွစ္ဖက္စလံုးညိႇနႈိင္းၿပီးေတာ့ လုပ္ေဆာင္သြားမယ္ဆိုရင္ ဒီအာဃာတတရားေတြပိုၿပီး ေလွ်ာ့ခ်သြားနိုင္မယ္"ဟု သီေပါ မဲဆႏၵနယ္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းစန္းစန္းေအးက ေျပာသည္။

ပဋိပကၡမ်ားကို အတူတကြ ပူးေပါင္းေျဖရွင္းနိုင္ရန္ နွစ္ဦးနွစ္ဖက္ ပူးေပါင္းညႇိနႈိင္းေရးေကာ္မတီဖြဲ႕စည္းျခင္း၊ လူမ်ိဳးနွစ္ခုၾကား ယဥ္ေက်းမႈဖလွယ္ပြဲမ်ား၊ စကားဝိုင္းမ်ား၊ လူ႔အခြင့္အေရးနွင့္ပတ္သက္သည့္သင္တန္းမ်ား၊ ၿငိမ္းခ်မ္းေရးနွင့္ ပတ္သက္သည့္ သင္တန္းမ်ားအား ပူးေပါင္းပါဝင္ေဆာင္ရြက္ေရးအပါအဝင္ လုပ္ငန္းစဥ္(၆)ရပ္ခ်မွတ္ျခင္း၊ လုပ္ငန္းစဥ္မ်ားအား ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္နိုင္ေရးအတြက္ ပူးတြဲေကာ္မတီဖြဲ႔စည္းၿပီး ၿမိဳ႕နယ္အဆင့္၊ ေက်းရြာအဆင့္အထိ လုပ္ေဆာင္သြားရန္ရွိေၾကာင္း သိရသည္။

သတင္း - ေအာင္ျပည့္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းလွတ်မြောက်ရေးတပ် (TNLA/PSLF)တို့အကြား နှစ်ဖက်တိုက်ပွဲများကြောင့် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေလျော့နိုင်ရေး လူငယ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

"နှစ်ဖက်စစ်တပ်ကဖြစ်လာတဲ့ တိုက်ပွဲကနပြေီးမှ ဖြစ်ပေါ်လာတဲ့ မဟုတ်မမှန် သတင်းတွေ၊ ဝါဒဖြန့်တဲ့ သတင်းတွေကို လူမှုကွန်ရက်မှာ page အတုတွေနဲ့ရေးနေတာ တွေ့ရတယ်။ လူမျိုးရေးမုန်းတီးရေး ဝါဒဖြန့်တာတွေပေါ့။ သတင်းအချက်အလက် တစ်ခုခု ရပြီဆိုရင် အပြန်အလှန် ဖလှယ်ပြီးမှ အဲဒီသတင်းရင်းမြစ်ကို မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမယ်။ ကျွန်တော်တို့ ဘယ်လိုဖြေရှင်းမယ်ဆိုတာတွေကို ညှိနှိုင်းအဖြေရှာမယ်။"ဟု တအာင်းကျောင်းသားနှင့်လူငယ်အဖွဲ့မှ ကိုမိုင်းမျိုးအောင်က ပြောသည်။

ရှမ်းနှင့်တအာင်း(ပလောင်)တိုင်းရင်းသားများအကြား လူမျိုးရေးမုန်းတီးရေး ဝါဒဖြန့်နေသည့် လူမှုကွန်ရက်မှ သတင်းအမှားများကို ပူးပေါင်းစောင့်ကြည့် အဖြေရှာသွားကြမည်ဖြစ်ကြောင်း သိရသည်။

"တအာင်းလူမျိုးနဲ့ ရှမ်းလူမျိုးကြားထဲမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်တာကနေစပြီး အခုလိုပြည်သူလူထုဆီကို ပြန်ပြီးတော့မှ ကူးစက်လာတာ တွေ့ရတာပေါ့။ အဲဒီအကြောင်းရင်းကို ဖော်ထုတ်ကြမယ်။ အတူတကွ ပူးပေါင်းဖြေရှင်းကြမှာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်မှ အတိုင်ပင်ခံ စိုင်းဆိုင်မိန်းက ပြောသည်။

လူငယ်အဖွဲ့များ အနဖြေင့် ယင်းကဲ့သို့လုပ်ဆောင်ခြင်းအား လွှတ်တော်ကိုယ်စားလှယ်များက ကြိုဆိုလိုက်သည်။

"နှစ်ဖက်ပူးပေါင်းပြီး ဒီလိုမျိုးလုပ်လိုက်တဲ့ အတွက်ကြောင့် နောင်လာမယ့် သွေးထိုးလှုံ့ဆော်မှုတွေ နည်းသွားမယ်။ တိုင်းရင်းသားနှစ်ဖက်ကြားမှာ သွေးတိုးနှိုးဆော်မှုတွေ မဟုတ်မမှန် သတင်းတွေ လျှော့ချနိုင်သွားမယ်။ ရလဒ်ကောင်းတော့ ရလာမှာပေါ့။ နှစ်ဖက်စလုံးညှိနှိုင်းပြီးတော့ လုပ်ဆောင်သွားမယ်ဆိုရင် ဒီအာဃာတတရားတွေပိုပြီး လျှော့ချသွားနိုင်မယ်"ဟု သီပေါ မဲဆန္ဒနယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစန်းစန်းအေးက ပြောသည်။

ပဋိပက္ခများကို အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရန် နှစ်ဦးနှစ်ဖက် ပူးပေါင်းညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်း၊ လူမျိုးနှစ်ခုကြား ယဉ်ကျေးမှုဖလှယ်ပွဲများ၊ စကားဝိုင်းများ၊ လူ့အခွင့်အရေးနှင့်ပတ်သက်သည့်သင်တန်းများ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သင်တန်းများအား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးအပါအဝင် လုပ်ငန်းစဉ်(၆)ရပ်ချမှတ်ခြင်း၊ လုပ်ငန်းစဉ်များအား ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးတွဲကော်မတီဖွဲ့စည်းပြီး မြို့နယ်အဆင့်၊ ကျေးရွာအဆင့်အထိ လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

သတင်း - အောင်ပြည့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~