ရွမ္းျပည္တပ္မေတာ္ခြဲထြက္ တပ္မဟာ(၇၅၈)မွ အဖြဲ႕ေခါင္းေဆာင္ တစ္ဦး လုပ္ၾကံသတ္ျဖတ္ခံရ

ရွမ္းျပည္တပ္မေတာ္ခြဲထြက္ တပ္မဟာ(၇၅၈)မွ အဖြဲ႕ေခါင္းေဆာင္ တစ္ဦး လုပ္ၾကံသတ္ျဖတ္ခံရ
စက်တင်ဘာ 9, 2016
By Tachileik News Agency

အစိုးရႏွင့္ ၿငိမ္းခ်မ္းေရးယူထားသည့္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕နယ္ ၀မ္ပန္ေက်းရြာအေျခစိုက္ ရွမ္းျပည္တပ္မေတာ္ခြဲထြက္ တပ္မဟာ(၇၅၈)မွ အဖြဲ႕ေခါင္းေဆာင္ တစ္ဦး စက္တင္ဘာ(၈)ရက္ေန႔ ညပိုင္းက လုပ္ၾကံသတ္ျဖတ္ခံလိုက္ရေၾကာင္း လဲခ်ားၿမိဳ႕မရဲစခန္းမွ သိရသည္။

လုပ္ၾကံသတ္ျဖတ္ခံရသူမွာ တပ္မဟာ(၇၅၈)မွ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္မွဴးႀကီး အဆင့္ရွိ ဦးစိုင္းထြဋ္ျဖစ္ၿပီး ၀မ္ပန္ေက်းရြာ အေနာက္ဘက္ရွိ ဦးကာ၀ိန္၏ ေနအိမ္သို႔ သြားေရာက္လည္ပတ္စဥ္ ေျပာက္က်ား၀တ္စံု ၀တ္ဆင္ထားေသာ လက္နက္ကိုင္(၂)ဦးမွ ေသနတ္ျဖင့္  ပစ္ခတ္၍ လုပ္ၾကံသြားျခင္းျဖစ္ေၾကာင္း သိရသည္။

"အိမ္ပိုင္ရွင္ ဦးကာ၀ိန္ရဲ႕ အိမ္ကုိ သူကားနဲ႔သြားလည္တာ ဟိုေရာက္ေတာ့ အိမ္ရွင္လင္မယားနဲ႔ စကားေျပာေနတုန္း ေျပာက္က်ား၀တ္လူ(၂)ေယာက္က၀င္လာၿပီး ပစ္ခတ္တာ အိမ္ပိုင္ရွင္ လင္မယားက ထြက္ေျပးတာလြတ္တယ္ မနက္က်မွျပန္လာေတာ့ ဦးစိုင္းထြဋ္က ေသေနၿပီ အခုေတာ့ ပစ္ခတ္သြားတဲ့သူေတြကို ဆက္လက္စံုစမ္းရွာေဖြေနတုန္းပါ"ဟု လဲခ်ားၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးမွေျပာသည္။

ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ တပ္မဟာ(၇၅၈)မွ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္မွဴးႀကီး စိုင္းထြဋ္မွာ ၀ဲဘက္ရင္အံုတြင္ ေသနတ္ဒဏ္ရာ(၂)ခ်က္၊ ယာဘက္ရင္အံုတြင္ ေသနတ္ဒဏ္ရာ(၁)ခ်က္၊ ၀မ္းဗိုက္တြင္ ေသနတ္ဒဏ္ရာ(၈)ခ်က္၊ ၀ဲေပါင္ရင္းတြင္(၁)ခ်က္၊ ယာဘက္လက္တြင္ (၂)ခ်က္ စုစုေပါင္း ေသနတ္ဒဏ္ရာ(၁၄)ခ်က္ျဖင့္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တပ္မဟာ(၇၅၈)မွ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္မွဴးႀကီး စိုင္းထြဋ္အား ေသနတ္ျဖင့္ ပစ္ခတ္သြားသည့္ ေျပာက္က်ား၀တ္စံု ၀တ္ဆင္ထားသည့္ အမည္မသိ လက္နက္ကိုင္(၂)ဦးအား လဲခ်ားၿမိဳ႕မရဲစခန္းမွ (ပ)၂၃/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ ရွမ္းျပည္တပ္မေတာ္(SSPP/SSA)၊ နယ္ေျမခံျပည္သူ႔စစ္အဖြဲ႕မ်ား၊ ရွမ္းျပည္တပ္မေတာ္မွ ခြဲထြက္အဖြဲ႕ငယ္မ်ားႏွင့္ ပအို၀့္လက္နက္ကိုင္တပ္ဖြဲ႕မ်ားရွိၿပီး ယခုအခင္းျဖစ္ပြားသည့္ ၀မ္ဟိုင္းေက်းရြာအုပ္စု၊ ၀မ္ပန္ေက်းရြာမွာ ရွမ္းျပည္တပ္မေတာ္(ခြဲထြက္) တပ္မဟာ(၇၅၈) အေျခစိုက္နယ္ေျမျဖစ္ေၾကာင္း သိရသည္။

သတင္း - #ဟံႏိုင္
ဓာတ္ပံု - #လဲခ်ားၿမိဳ႕မရဲစခန္း

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~

အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ဝမ်ပန်ကျေးရွာအခြေစိုက် ရှမ်းပြည်တပ်မတော်ခွဲထွက် တပ်မဟာ(၇၅၈)မှ အဖွဲ့ခေါင်းဆောင် တစ်ဦး စက်တင်ဘာ(၈)ရက်နေ့ ညပိုင်းက လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း လဲချားမြို့မရဲစခန်းမှ သိရသည်။

လုပ်ကြံသတ်ဖြတ်ခံရသူမှာ တပ်မဟာ(၇၅၈)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး အဆင့်ရှိ ဦးစိုင်းထွဋ်ဖြစ်ပြီး ဝမ်ပန်ကျေးရွာ အနောက်ဘက်ရှိ ဦးကာဝိန်၏ နေအိမ်သို့ သွားရောက်လည်ပတ်စဉ် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသော လက်နက်ကိုင်(၂)ဦးမှ သေနတ်ဖြင့် ပစ်ခတ်၍ လုပ်ကြံသွားခြင်းဖြစ်ကြောင်း သိရသည်။

"အိမ်ပိုင်ရှင် ဦးကာဝိန်ရဲ့ အိမ်ကို သူကားနဲ့သွားလည်တာ ဟိုရောက်တော့ အိမ်ရှင်လင်မယားနဲ့ စကားပြောနေတုန်း ပြောက်ကျားဝတ်လူ(၂)ယောက်ကဝင်လာပြီး ပစ်ခတ်တာ အိမ်ပိုင်ရှင် လင်မယားက ထွက်ပြေးတာလွတ်တယ် မနက်ကျမှပြန်လာတော့ ဦးစိုင်းထွဋ်က သေနပြေီ အခုတော့ ပစ်ခတ်သွားတဲ့သူတွေကို ဆက်လက်စုံစမ်းရှာဖွေနေတုန်းပါ"ဟု လဲချားမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တပ်မဟာ(၇၅၈)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းထွဋ်မှာ ဝဲဘက်ရင်အုံတွင် သေနတ်ဒဏ်ရာ(၂)ချက်၊ ယာဘက်ရင်အုံတွင် သေနတ်ဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ(၈)ချက်၊ ဝဲပေါင်ရင်းတွင်(၁)ချက်၊ ယာဘက်လက်တွင် (၂)ချက် စုစုပေါင်း သေနတ်ဒဏ်ရာ(၁၄)ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မဟာ(၇၅၈)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းထွဋ်အား သေနတ်ဖြင့် ပစ်ခတ်သွားသည့် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် အမည်မသိ လက်နက်ကိုင်(၂)ဦးအား လဲချားမြို့မရဲစခန်းမှ (ပ)၂၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ နယ်မြေခံပြည်သူ့စစ်အဖွဲ့များ၊ ရှမ်းပြည်တပ်မတော်မှ ခွဲထွက်အဖွဲ့ငယ်များနှင့် ပအိုဝ့်လက်နက်ကိုင်တပ်ဖွဲ့များရှိပြီး ယခုအခင်းဖြစ်ပွားသည့် ဝမ်ဟိုင်းကျေးရွာအုပ်စု၊ ဝမ်ပန်ကျေးရွာမှာ ရှမ်းပြည်တပ်မတော်(ခွဲထွက်) တပ်မဟာ(၇၅၈) အခြေစိုက်နယ်မြဖြေစ်ကြောင်း သိရသည်။

သတင်း - #ဟံနိုင်
ဓာတ္ပံု - #လဲခ်ားၿမိဳ႕မရဲစခန္း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~