Update News

ရွမ္းျပည္နယ္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းသို႔ ခရီးသြားလုပ္ငန္းမ်ား ခရီးသည္နည္းပါး



မိုးတြင္းကာလျဖစ္သျဖင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ခရီးသြားလာမႈ လုပ္ငန္းမ်ားမွာ ခရီးသည္ နည္းပါးလာသျဖင့္ ခရီးသည္တင္ယာဥ္လိုင္းမ်ား ခရီးစဥ္အခ်ိန္အတိုင္း ေျပးဆြဲႏုိင္ေတာ့ျခင္း မရိွေၾကာင္း သိရသည္။

"ေက်ာက္မဲဘက္ကို ျပန္ဆင္းမယ့္ သူတစ္ေယာက္မွမရွိလို႔ မေန႔က ေတာင္ႀကီးကေနျပန္ဆင္းမယ့္ကား နားလိုက္ရတယ္။ မိုးတြင္းလည္းျဖစ္ ဝါတြင္းလည္းျဖစ္ေတာ့ ခရီးသြားတဲ့လူ အရမ္းနည္းတယ္ဗ်။ ခရီးသည္မရွိေတာ့ ကုန္စိမ္းနည္းနည္း လူနည္းနည္းနဲ႕ပဲ ဆြဲေနရတယ္။ ဆီဖိုး၊ ဂိတ္ေၾကးတြက္လိုက္ရင္ ရွံဳးတယ္။ အဓိက ပြင့္လင္းရာသီကို မွီၿပီး ယာဥ္လိုင္းဆြဲေနရတာ" ဟု ေက်ာက္မဲ-ေတာင္ႀကီး ေျပးဆြဲေနသည့္ ယမင္းေရႊစင္ယာဥ္လိုင္း မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ခရီးသည္တင္ယာဥ္လိုင္း အမ်ားဆံုးေျပးဆြဲရသည့္ကာလမွာ ပြင့္လင္းရာသီျဖစ္ၿပီး ဘုရားဖူး အမ်ားအျပားအား ပို႔ေဆာင္ရေသာ္လည္း မိုးရာသီတြင္ စိုက္ပ်ိဳးရာသီျဖစ္သျဖင့္ ခရီးသြားလာမႈ နည္းပါးေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ႏွင့္ ေတာင္ႀကီးၿမိဳ႕သို႔ ေျပးဆြဲေနေသာ ခရီးသည္တင္ကားႀကီး (၁၀)စီးခန္႔ႏွင့္ ကားေလး(၃)စီးခန္႔ ေျပးဆြဲေနျခင္းျဖစ္ေသာ္လည္း ခရီးသည္ႏွင့္ ကုန္စည္မရွိသျဖင့္ ခရီးစဥ္အခ်ိဳ႕ ရပ္နားထားရေၾကာင္း ခရီးသည္ႏွင့္ ကုန္စည္ပို႔ေဆာင္ေရးယာဥ္လိုင္းလုပ္ကိုင္သူမ်ားထံမွ သိရသည္။

ေတာင္ႀကီးၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕သို႔ ေျပးဆြဲေသာ ယာဥ္လိုင္းမ်ားတြင္ လက္မွတ္ခမွာ တစ္ဦးလွ်င္ ကားႀကီး(၁၂၅၀၀)က်ပ္၊ ယာဥ္ငယ္မွာ က်ပ္(၁၅၀၀၀)ရိွေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

 မိုးတွင်းကာလဖြစ်သဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးသွားလာမှု လုပ်ငန်းများမှာ ခရီးသည် နည်းပါးလာသဖြင့် ခရီးသည်တင်ယာဉ်လိုင်းများ ခရီးစဉ်အချိန်အတိုင်း ပြေးဆွဲနိုင်တော့ခြင်း မရှိကြောင်း သိရသည်။

"ကျောက်မဲဘက်ကို ပြန်ဆင်းမယ့် သူတစ်ယောက်မှမရှိလို့ မနေ့က တောင်ကြီးကနပြေန်ဆင်းမယ့်ကား နားလိုက်ရတယ်။ မိုးတွင်းလည်းဖြစ် ဝါတွင်းလည်းဖြစ်တော့ ခရီးသွားတဲ့လူ အရမ်းနည်းတယ်ဗျ။ ခရီးသည်မရှိတော့ ကုန်စိမ်းနည်းနည်း လူနည်းနည်းနဲ့ပဲ ဆွဲနေရတယ်။ ဆီဖိုး၊ ဂိတ်ကြေးတွက်လိုက်ရင် ရှုံးတယ်။ အဓိက ပွင့်လင်းရာသီကို မှီပြီး ယာဉ်လိုင်းဆွဲနေရတာ" ဟု ကျောက်မဲ-တောင်ကြီး ပြေးဆွဲနေသည့် ယမင်းရွှေစင်ယာဉ်လိုင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်တင်ယာဉ်လိုင်း အများဆုံးပြေးဆွဲရသည့်ကာလမှာ ပွင့်လင်းရာသီဖြစ်ပြီး ဘုရားဖူး အများအပြားအား ပို့ဆောင်ရသော်လည်း မိုးရာသီတွင် စိုက်ပျိုးရာသီဖြစ်သဖြင့် ခရီးသွားလာမှု နည်းပါးကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် တောင်ကြီးမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင်ကားကြီး (၁၀)စီးခန့်နှင့် ကားလေး(၃)စီးခန့် ပြေးဆွဲနခြေင်းဖြစ်သော်လည်း ခရီးသည်နှင့် ကုန်စည်မရှိသဖြင့် ခရီးစဉ်အချို့ ရပ်နားထားရကြောင်း ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းလုပ်ကိုင်သူများထံမှ သိရသည်။

တောင်ကြီးမြို့နှင့် ကျောက်မဲမြို့သို့ ပြေးဆွဲသော ယာဉ်လိုင်းများတွင် လက်မှတ်ခမှာ တစ်ဦးလျှင် ကားကြီး(၁၂၅၀၀)ကျပ်၊ ယာဉ်ငယ်မှာ ကျပ်(၁၅၀၀၀)ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »