ရွမ္းျပည္နယ္၀န္ႀကီးမ်ားမွ နယ္စပ္ဂိတ္မ်ား၏ အခြန္ေကာက္ခံျခင္း စိစစ္ၿပီးေနာက္ အခြန္ေငြသိသိသာသာတိုးလာ

ရွမ္းျပည္နယ္၀န္ႀကီးမ်ားမွ နယ္စပ္ဂိတ္မ်ား၏ အခြန္ေကာက္ခံျခင္း စိစစ္ၿပီးေနာက္ အခြန္ေငြသိသိသာသာတိုးလာ
စက်တင်ဘာ 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္းရွိ နယ္စပ္ဂိတ္မ်ားအား အခြန္ေငြေကာက္ခံျခင္းဆုိင္ရာ စစ္ေဆးမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ နယ္စပ္ဂိတ္မ်ားမွ အခြန္ေငြမ်ား သိသိသာသာ တိုးတက္လာေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) နယ္စပ္ဂိတ္ေပါက္ေတြကို ၾသဂုတ္လ အစကတည္းက အခြန္ေငြ အျပည့္အ၀ ရရွိဖို႔အတြက္ သြားေရာက္ စိစစ္ေနတာပါ။ အခုစက္တင္ဘာလမွာေတာ့ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ဘက္ကို သြားပါတယ္။ ကၽြန္ေတာ္တို႔ ခရီးစဥ္သြားခဲ့တဲ့ အေရွ႕ဘက္အေပါက္(နယ္စပ္ဂိတ္)မွာေတာ့ တစ္ခါမွ အခြန္ေငြမရဖူးတဲ့ မိုင္းယုနယ္စပ္ေပါက္ဆိုရင္ တစ္ပတ္အတြင္း က်ပ္သိန္းေလးေထာင္ ၀န္းက်င္ရတယ္။ ဒီလိုပဲ က်န္တဲ့ တာခ်ီလိတ္၊ က်ိဳင္းတံုေပါက္ေတြလည္း ရလာတယ္"ဟု ရွမ္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ခရီးစဥ္မ်ားအၿပီးတြင္ တာခ်ီလိတ္နယ္စပ္ဂိတ္ေပါက္မွ အခြန္ေငြ(၅)ဆခန္႔ တက္လာၿပီး တရုတ္ႏိုင္ငံႏွင့္ နယ္စပ္ဂိတ္ျဖစ္သည့္ မိုင္းယုမွ က်ပ္သိန္းေပါင္းေလးေထာင္ခန္႔ ရရွိလာျခင္းျဖစ္ေၾကာင္း သိရသည္။

နယ္စပ္ဂိတ္မ်ားတြင္ အခြန္စည္းၾကပ္မႈႏွင့္အတူ လီတာ(၃၉,၀၀၀)ဆန္႔ ေလာင္စာဆီသယ္ေဆာင္သည့္ ေဘာက္ဆာကားမ်ားအား လီတာ(၂၁,၀၀၀)ဆံ့အျဖစ္ အခြန္ေရွာင္သည့္ကိစၥကို စည္းၾကပ္လိုက္သျဖင့္ အခြန္ေငြအျပည့္အဝ စတင္ရရိွလာေၾကာင္း သိရသည္။

တစ္ႏိုင္ငံလံုး၏ နယ္စပ္ကုန္သြယ္မႈ ပမာဏ(၇၀) ရာခိုင္ႏွဳန္းခန္႔ရွိသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္နယ္စပ္ဂိတ္အား စက္တင္ဘာလအတြင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕က သြားေရာက္ စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားအျဖစ္ ျပည္နယ္(အေရွ႕ပိုင္း)တြင္ တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုနယ္စပ္ကုန္သြယ္ေရးစခန္း (၂)ခုႏွင့္ ျပည္နယ္(ေျမာက္ပိုင္း)တြင္ မူဆယ္ႏွင့္ ခ်င္းေရႊေဟာ္ နယ္စပ္ဂိတ္မ်ားရိွေနျခင္းျဖစ္သည္။

သတင္း - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အတွင်းရှိ နယ်စပ်ဂိတ်များအား အခွန်ငွေကောက်ခံခြင်းဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် နယ်စပ်ဂိတ်များမှ အခွန်ငွေများ သိသိသာသာ တိုးတက်လာကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

"ကျွန်တော်တို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဂိတ်ပေါက်တွေကို သြဂုတ်လ အစကတည်းက အခွန်ငွေ အပြည့်အဝ ရရှိဖို့အတွက် သွားရောက် စိစစ်နေတာပါ။ အခုစက်တင်ဘာလမှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ဘက်ကို သွားပါတယ်။ ကျွန်တော်တို့ ခရီးစဉ်သွားခဲ့တဲ့ အရှေ့ဘက်အပေါက်(နယ်စပ်ဂိတ်)မှာတော့ တစ်ခါမှ အခွန်ငွေမရဖူးတဲ့ မိုင်းယုနယ်စပ်ပေါက်ဆိုရင် တစ်ပတ်အတွင်း ကျပ်သိန်းလေးထောင် ဝန်းကျင်ရတယ်။ ဒီလိုပဲ ကျန်တဲ့ တာချီလိတ်၊ ကျိုင်းတုံပေါက်တွေလည်း ရလာတယ်"ဟု ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရီးစဉ်များအပြီးတွင် တာချီလိတ်နယ်စပ်ဂိတ်ပေါက်မှ အခွန်ငွေ(၅)ဆခန့် တက်လာပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ်ဖြစ်သည့် မိုင်းယုမှ ကျပ်သိန်းပေါင်းလေးထောင်ခန့် ရရှိလာခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ဂိတ်များတွင် အခွန်စည်းကြပ်မှုနှင့်အတူ လီတာ(၃၉,ဝဝဝ)ဆန့် လောင်စာဆီသယ်ဆောင်သည့် ဘောက်ဆာကားများအား လီတာ(၂၁,ဝဝဝ)ဆံ့အဖြစ် အခွန်ရှောင်သည့်ကိစ္စကို စည်းကြပ်လိုက်သဖြင့် အခွန်ငွေအပြည့်အဝ စတင်ရရှိလာကြောင်း သိရသည်။

တစ်နိုင်ငံလုံး၏ နယ်စပ်ကုန်သွယ်မှု ပမာဏ(၇၀) ရာခိုင်နှုန်းခန့်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်နယ်စပ်ဂိတ်အား စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က သွားရောက် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများအဖြစ် ပြည်နယ်(အရှေ့ပိုင်း)တွင် တာချီလိတ်နှင့် ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်း (၂)ခုနှင့် ပြည်နယ်(မြောက်ပိုင်း)တွင် မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များရှိနခြေင်းဖြစ်သည်။

သတင်း - ကိုဇက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~