တာခ်ီလိတ္၌ က်င္းပသည့္ ေက်ာင္းေပါင္းစံုေဘာလံုးၿပိဳင္ပြဲတြင္ ပထမဆုမ်ားအား အထက(တာေလ)၊ အထက(ဆန္ဆိုင္း) ႏွင့္ အထက(မိုင္းကိုး)တို႔ ရရွိ

တာခ်ီလိတ္၌ က်င္းပသည့္ ေက်ာင္းေပါင္းစံုေဘာလံုးၿပိဳင္ပြဲတြင္ ပထမဆုမ်ားအား အထက(တာေလ)၊ အထက(ဆန္ဆိုင္း) ႏွင့္ အထက(မိုင္းကိုး)တို႔ ရရွိ
စက်တင်ဘာ 25, 2016
By Tachileik News Agency

အားကစားႏွင့္ကာယပညာဦးစီးဌာန၊ တာခ်ီလိတ္ၿမိဳ႕နယ္အားကစားအေထာက္အကူျပဳေကာ္မတီႏွင့္ အေျခခံပညာဦးစီးဌာနတို႔ ပူးေပါင္းက်င္းပသည့္ အသက္(၁၂)ႏွစ္ေအာက္ အမ်ဳိးသား၊ အသက္(၁၆)ႏွစ္ေအာက္ အမ်ဳိးသား/အမ်ဳိးသမီး  ေက်ာင္းေပါင္းစံုေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲႏွင့္ ဆုေပးပြဲအား စက္တင္ဘာလ(၂၅)ရက္ေန႔က က်င္းပျပဳလုပ္ၿပီး အႏိုင္ရအသင္းမ်ားကို ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

အသက္(၁၆)ႏွစ္ေအာက္ အမ်ဳိးသမီး ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲတြင္ အေျခခံပညာအထက္တန္းေက်ာင္း(တာေလ)ႏွင့္ အေျခခံပညာအထက္တန္းေက်ာင္း (မိုင္းကိုး)တို႔မွ ယွဥ္ၿပိဳင္ကစားရာ အေျခခံပညာအထက္တန္းေက်ာင္း(မိုင္းကိုး)မွ ပထမရရွိသြားသည္။

ဆက္လက္၍ အသက္(၁၆)ႏွစ္ေအာက္ အမ်ဳိးသား ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲအား က်င္းပရာ  အေျခခံပညာအထက္တန္းေက်ာင္း(တာေလ)ႏွင့္ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)တို႔မွ ယွဥ္ၿပိဳင္ကစားရာတြင္ အေျခခံပညာအထက္တန္းေက်ာင္း(တာေလ)မွ ပထမရရွိသြားသည္။

အသက္(၁၂)ႏွစ္ေအာက္ အမ်ဳိးသား ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲအား အထက(ဆန္ဆိုင္း) ႏွင့္  အထက(တာေလ) ယွဥ္ၿပိဳင္ၾကရာ အထက(ဆန္ဆိုင္း)မွ ပထမဆု ရရွိေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕နယ္အားကစားကြင္းတြင္ စက္တင္ဘာလ (၁၀)ရက္ေန႔မွ စက္တင္ဘာလ(၂၅)ရက္ေန႔အထိ က်င္းပျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပံု - #ေအာင္ေက်ာ္၀င္းစိန္

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~

အားကစားနှင့်ကာယပညာဦးစီးဌာန၊ တာချီလိတ်မြို့နယ်အားကစားအထောက်အကူပြုကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသက်(၁၂)နှစ်အောက် အမျိုးသား၊ အသက်(၁၆)နှစ်အောက် အမျိုးသား/အမျိုးသမီး ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား စက်တင်ဘာလ(၂၅)ရက်နေ့က ကျင်းပပြုလုပ်ပြီး အနိုင်ရအသင်းများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

အသက်(၁၆)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(တာလေ)နှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းကိုး)တို့မှ ယှဉ်ပြိုင်ကစားရာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး)မှ ပထမရရှိသွားသည်။

ဆက်လက်၍ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအား ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း(တာလေ)နှင့် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တို့မှ ယှဉ်ပြိုင်ကစားရာတွင် အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ ပထမရရှိသွားသည်။

အသက်(၁၂)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအား အထက(ဆန်ဆိုင်း) နှင့် အထက(တာလေ) ယှဉ်ပြိုင်ကြရာ အထက(ဆန်ဆိုင်း)မှ ပထမဆု ရရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား တာချီလိတ်မြို့နယ်အားကစားကွင်းတွင် စက်တင်ဘာလ (၁၀)ရက်နေ့မှ စက်တင်ဘာလ(၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - #အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~