အင္းေလးေဖာင္ေတာ္ဦးပြဲေတာ္ ေအာက္တိုဘာလ ၂ ရက္တြင္ စတင္မည္

အင္းေလးေဖာင္ေတာ္ဦးပြဲေတာ္ ေအာက္တိုဘာလ ၂ ရက္တြင္ စတင္မည္
စက်တင်ဘာ 23, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) အင္းေလးေဒသ၏ သမိုင္းဝင္ ႀကီးက်ယ္ခမ္းနားေသာ ဘာသာေရး ပြဲေတာ္ျဖစ္သည့္ အင္းေလး ေဖာင္ေတာ္ဦးဘုရား ေဒသစာရီ လွည့္လည္ အပူေဇာ္ခံပြဲေတာ္ႀကီးကို ေအာက္တိုဘာလ(၂) ရက္မွ (၁၉) ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲေတာ္တြင္ ေဖာင္ေတာ္ဦးဘုရား ရုပ္ပြားေတာ္မ်ားအား ကရဝိတ္ေဖာင္ေတာ္ေပၚ ပင့္ေဆာင္၍ အင္းေလး ေဒသ (၂၁) ဌာနသို႔ ႂကြျမန္းရန္ ပင့္ေဆာင္ပူေဇာ္ၾကျခင္းျဖစ္သည္။

"အင္းသူအင္းသားမ်ားဟာ သူတို႔ရဲ႕ ရိုးရာယဥ္ေက်းမႈ မေပ်ာက္ပ်က္ မတိမ္ေကာရေလေအာင္ ရုိးရာဝတ္စုံ ပင္နီဝတ္ဆင္ၿပီး ဆြဲေလွေလွာ္ၾကပါတယ္။ ပင္နီေဘာင္းဘီ၊ ရွပ္အက်ၤ ီျဖဴ၊ ပင္နီေဘာင္းဘီနဲ႔ မိမိတို႔ ဆြဲေလွအား ပံ့ပိုးကူညီေသာ ကုမၸဏီအတြက္ တီရွပ္အျဖဴေပၚတြင္ ယဥ္ေက်းမႈအား မထိခိုက္ေစေသာ ေရးသားေၾကာ္ျငာမႈျပဳၿပီး ဝတ္ဆင္ေလွာ္ခတ္ေပးရမွာပါ”ဟု SAVE THE INLE LAKE(အင္းေလး ေတာင္သူလယ္သမားအဖြဲ႕)မွ အေထြေထြအတြင္းေရးမွဴး ဦးခင္ေမာင္လတ္က ေျပာသည္။

ေအာက္တိုဘာလ (၁၉) ရက္တြင္ အင္းသားအဆိုေတာ္ ေလးျဖဴႏွင့္ အငဲတို႔မွလည္း အခမဲ့ေဖ်ာ္ေျဖပြဲအျဖစ္ ပါဝင္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသ၏ သမိုင်းဝင် ကြီးကျယ်ခမ်းနားသော ဘာသာရေး ပွဲတော်ဖြစ်သည့် အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည် အပူဇော်ခံပွဲတော်ကြီးကို အောက်တိုဘာလ(၂) ရက်မှ (၁၉) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ဖောင်တော်ဦးဘုရား ရုပ်ပွားတော်များအား ကရဝိတ်ဖောင်တော်ပေါ် ပင့်ဆောင်၍ အင်းလေး ဒေသ (၂၁) ဌာနသို့ ကြွမြန်းရန် ပင့်ဆောင်ပူဇော်ကြခြင်းဖြစ်သည်။

"အင်းသူအင်းသားများဟာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု မပျောက်ပျက် မတိမ်ကောရလေအောင် ရိုးရာဝတ်စုံ ပင်နီဝတ်ဆင်ပြီး ဆွဲလှေလှော်ကြပါတယ်။ ပင်နီဘောင်းဘီ၊ ရှပ်အင်္ကျီဖြူ၊ ပင်နီဘောင်းဘီနဲ့ မိမိတို့ ဆွဲလှေအား ပံ့ပိုးကူညီသော ကုမ္ပဏီအတွက် တီရှပ်အဖြူပေါ်တွင် ယဉ်ကျေးမှုအား မထိခိုက်စေသော ရေးသားကြော်ငြာမှုပြုပြီး ဝတ်ဆင်လှော်ခတ်ပေးရမှာပါ”ဟု SAVE THE INLE LAKE(အင်းလေး တောင်သူလယ်သမားအဖွဲ့)မှ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောသည်။

အောက်တိုဘာလ (၁၉) ရက်တွင် အင်းသားအဆိုတော် လေးဖြူနှင့် အငဲတို့မှလည်း အခမဲ့ဖျော်ဖြေပွဲအဖြစ် ပါဝင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~