မံုရြာၿမိဳ႕နယ္သဘင္အစည္းအရံုးဝင္ သဘင္အႏုပညာရွင္မ်ားမွ သဘာ၀ေဘးသင့္ ျပည္သူမ်ားအတြက္ လွည့္လည္ေဖ်ာ္ေျဖကာ အလွဴခံ

မံုရြာၿမိဳ႕နယ္သဘင္အစည္းအရံုးဝင္ သဘင္အႏုပညာရွင္မ်ားမွ သဘာ၀ေဘးသင့္ ျပည္သူမ်ားအတြက္ လွည့္လည္ေဖ်ာ္ေျဖကာ အလွဴခံ
စက်တင်ဘာ 3, 2016
By Tachileik News Agency

သဘာဝေဘးသင့္ျပည္သူမ်ားအား ကူညီေထာက္ပံ့ရန္ႏွင့္ ငလ်င္ဒဏ္သင့္ ပုဂံေစတီဘုရားမ်ားကို ျပဳျပင္ ထိန္းသိမ္းႏိုင္ေစေရး အတြက္ စက္တင္ဘာလ(၂)ရက္ေန႔က မံုရြာၿမိဳ႕နယ္ သဘင္အစည္းအရံုးဝင္ သဘင္ အႏုပညာရွင္မ်ားက တီးဝိုင္းမ်ားျဖင့္ ၿမိဳ႕တြင္းအနွံ႔ လွည့္လည္ေဖ်ာ္ေျဖကာ အလွဴခံခဲ့ၾကေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ သဘင္အနုပညာရွင္ေတြ အေနနဲ႔ အခုအလွဴခံရတဲ့ ေငြကို သဘာဝေရေဘးဒဏ္သင့္ခဲ့တဲ့ ခ်င္းတြင္းျမစ္တစ္ေၾကာက ဒုကၡသည္ေတြ ျပန္လည္ေထာင္ေရးနဲ႔ ငလ်ွင္ဒဏ္သင့္ခဲ့တဲ့ ပုဂံဘုရားေတြကို အဓိကထား လွဴဒါန္းသြားမွာပါ။ ဒီအတြက္ ကြ်န္ေတာ္တို႔တတ္ထားတဲ႔ အနုပညာနဲ႔ ေဖ်ာ္ေျဖရင္း အလွဴခံေနတာျဖစ္ပါတယ္"ဟု မံုရြာၿမိဳ႕ ေအာင္ပြဲသဘင္ဇာတ္အဖြဲ႕မွ ဇာတ္မင္းသား ကိုရန္နိုင္ေက်ာ္က ေျပာသည္။

ယခုလို မံုရြာၿမိဳ႕လူထု၏ လွဴဒါန္းေငြနွင့္ သဘာဝေဘးဒဏ္ခံခဲ့ရသည့္ အဆိုပါ ေနရာမ်ားတြင္ ျပန္လည္ ထူေထာင္ေရးအတြက္ ပစၥည္းမ်ားအျပင္ ေငြေၾကးပါ ေထာက္ပံ့ရန္ အစီအစဥ္ရိွေၾကာင္း သိရၿပီး ငလ်င္ဒဏ္သင့္ ပုဂံဘုရားေစတီမ်ားအတြက္ လိုအပ္သည့္ ေနရာမ်ားတြင္ ထိန္းသိမ္းျပဳျပင္နိုင္ရန္အတြက္ လွဴဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။

"ပ်က္စီးသြားတဲ့ ဘုရားေတြက ႏွစ္ရာေပါင္းမ်ားစြာက သမိုင္းဝင္ ဘုရားေတြပါ၊ ျမန္မာနိုင္ငံရဲ႕ အေမြအႏွစ္ေတြလို႔ ေျပာလို႔ရပါတယ္၊ ကြ်န္မတို႔ အႏုပညာရွင္ေတြအဖြဲ႕အေနနဲ႔ လွဴဒါန္းတဲ့ ေငြေၾကးက ဒီဘုရားေတြကို ျပဳျပင္ထိန္းသိမ္းဖို႔အတြက္ မလံုေလာက္ေပမယ့္ တစ္ေထာင့္တစ္ေနရာမွာ အေထာက္အကူ ျဖစ္ေစနိုင္ဖို႔ပါပဲ"ဟု သဘင္အစည္းအရံုးအဖြဲ႕ဝင္ မေအးျမင့္ႏြယ္က ေျပာသည္။

အလွဴခံရရိွထားသည့္ ေငြကို ဗဟိုသဘင္အစည္းအရံုး၏ ဦးေဆာင္မႈျဖင့္ လွဴဒါန္းသြားမည္ ျဖစ္ၿပီး၊ အေသးစိတ္ လိုအပ္သည္မ်ားကို သဘင္အနုပညာရွင္မ်ားအားလံုး ညိႇႏိႈင္း တိုင္ပင္ေဆြးေႏြး သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သဘင္အႏုပညာရွင္အဖြဲ႔မွ မံုရြာၿမိဳ႕အႏွံ႔ အလွဴခံရာမွ စုစုေပါင္း (၂၄)သိန္းေက်ာ္ ရရိွထားကာ ထိုအလွဴေငြမ်ားကို အမ်ားသိေစရန္ စာရင္းထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္သဘင္အစည္းအရံုးမွ သိရသည္။

သတင္း/ဓာတ္ပံု - ရန္ႏိုင္စိုး

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

သဘာဝဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရန်နှင့် ငလျင်ဒဏ်သင့် ပုဂံစေတီဘုရားများကို ပြုပြင် ထိန်းသိမ်းနိုင်စေရေး အတွက် စက်တင်ဘာလ(၂)ရက်နေ့က မုံရွာမြို့နယ် သဘင်အစည်းအရုံးဝင် သဘင် အနုပညာရှင်များက တီးဝိုင်းများဖြင့် မြို့တွင်းအနှံ့ လှည့်လည်ဖျော်ဖြေကာ အလှူခံခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ သဘင်အနုပညာရှင်တွေ အနေနဲ့ အခုအလှူခံရတဲ့ ငွေကို သဘာဝရေဘေးဒဏ်သင့်ခဲ့တဲ့ ချင်းတွင်းမြစ်တစ်ကြောက ဒုက္ခသည်တွေ ပြန်လည်ထောင်ရေးနဲ့ ငလျှင်ဒဏ်သင့်ခဲ့တဲ့ ပုဂံဘုရားတွေကို အဓိကထား လှူဒါန်းသွားမှာပါ။ ဒီအတွက် ကျွန်တော်တို့တတ်ထားတဲ့ အနုပညာနဲ့ ဖျော်ဖြေရင်း အလှူခံနေတာဖြစ်ပါတယ်"ဟု မုံရွာမြို့ အောင်ပွဲသဘင်ဇာတ်အဖွဲ့မှ ဇာတ်မင်းသား ကိုရန်နိုင်ကျော်က ပြောသည်။

ယခုလို မုံရွာမြို့လူထု၏ လှူဒါန်းငွေနှင့် သဘာဝဘေးဒဏ်ခံခဲ့ရသည့် အဆိုပါ နေရာများတွင် ပြန်လည် ထူထောင်ရေးအတွက် ပစ္စည်းများအပြင် ငွေကြေးပါ ထောက်ပံ့ရန် အစီအစဉ်ရှိကြောင်း သိရပြီး ငလျင်ဒဏ်သင့် ပုဂံဘုရားစေတီများအတွက် လိုအပ်သည့် နေရာများတွင် ထိန်းသိမ်းပြုပြင်နိုင်ရန်အတွက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

"ပျက်စီးသွားတဲ့ ဘုရားတွေက နှစ်ရာပေါင်းများစွာက သမိုင်းဝင် ဘုရားတွေပါ၊ မြန်မာနိုင်ငံရဲ့ အမွေအနှစ်တွေလို့ ပြောလို့ရပါတယ်၊ ကျွန်မတို့ အနုပညာရှင်တွေအဖွဲ့အနေနဲ့ လှူဒါန်းတဲ့ ငွေကြေးက ဒီဘုရားတွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက် မလုံလောက်ပေမယ့် တစ်ထောင့်တစ်နေရာမှာ အထောက်အကူ ဖြစ်စေနိုင်ဖို့ပါပဲ"ဟု သဘင်အစည်းအရုံးအဖွဲ့ဝင် မအေးမြင့်နွယ်က ပြောသည်။

အလှူခံရရှိထားသည့် ငွေကို ဗဟိုသဘင်အစည်းအရုံး၏ ဦးဆောင်မှုဖြင့် လှူဒါန်းသွားမည် ဖြစ်ပြီး၊ အသေးစိတ် လိုအပ်သည်များကို သဘင်အနုပညာရှင်များအားလုံး ညှိနှိုင်း တိုင်ပင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘင်အနုပညာရှင်အဖွဲ့မှ မုံရွာမြို့အနှံ့ အလှူခံရာမှ စုစုပေါင်း (၂၄)သိန်းကျော် ရရှိထားကာ ထိုအလှူငွေများကို အများသိစေရန် စာရင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့နယ်သဘင်အစည်းအရုံးမှ သိရသည်။

သတင်း/ဓာတ်ပုံ - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~