မိုင္းတံု၌ ၿမိဳ႕နယ္အဆင့္ ထူးခြ်န္ပညာေရးဝန္ထမ္း (၉)ဦးေရြးခ်ယ္

မိုင္းတံု၌ ၿမိဳ႕နယ္အဆင့္ ထူးခြ်န္ပညာေရးဝန္ထမ္း (၉)ဦးေရြးခ်ယ္
စက်တင်ဘာ 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ မိုင္းဆတ္ခရိုင္ မိုင္းတံုၿမိဳ႕တြင္ စက္တင္ဘာလ (၂၅) ရက္က ေရြးခ်ယ္လိုက္သည့္ ၿမိဳ႕နယ္အဆင့္ ထူးခြၽန္ဆရာ၊ဆရာမ (၉) ဦးအား ျပည္နယ္အဆင့္ ဆက္လက္ ေရြးခ်ယ္ခံရန္ ေစလႊတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒါ တတိယအႀကိမ္ေျမာက္ ပညာတန္ေဆာင္ႏွင့္ ေတာ္ဝင္ဖြံ႔ၿဖိဳးမႈေဖာင္ေဒး႐ွင္းက ပူးေပါင္း ေဆာင္ရြက္တာပါ။ အထက္တန္းအဆင့္ (၃)ဦး၊ အလယ္တန္း အဆင့္ (၃)ဦးနဲ႔ မူလတန္းအဆင့္ (၃)ဦးစီ ပဏာမ ေရြးခ်ယ္ၿပီး ျပည္နယ္အဆင့္ေျဖဖို႔ ေစလႊတ္ေပးရမွာပါ"ဟု မုိင္းတံုုၿမိဳ႕နယ္ပညာေရးမွဴး ဦးေမာင္ေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းတံုၿမိဳ႕နယ္မွ အထက္တန္းျပ (၁၀)ဦး၊ အလယ္တန္းျပ (၂၂)ဦး၊ မူလတန္းျပ (၁၂) ဦး စုစုေပါင္း(၄၄)ဦး ဝင္ေရာက္ေျဖဆိုခ့ဲျခင္းျဖစ္ၿပီး ေရြးခ်ယ္ခံရသည့္ ဆရာ၊ဆရာမမ်ားသည္ ျပည္နယ္အဆင့္ႏွင့္ ဗဟိုအဆင့္တို႔တြင္ ထပ္မံ အေရြးခ်ယ္ခံရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့တွင် စက်တင်ဘာလ (၂၅) ရက်က ရွေးချယ်လိုက်သည့် မြို့နယ်အဆင့် ထူးချွန်ဆရာ၊ဆရာမ (၉) ဦးအား ပြည်နယ်အဆင့် ဆက်လက် ရွေးချယ်ခံရန် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒါ တတိယအကြိမ်မြောက် ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးမှုဖောင်ဒေးရှင်းက ပူးပေါင်း ဆောင်ရွက်တာပါ။ အထက်တန်းအဆင့် (၃)ဦး၊ အလယ်တန်း အဆင့် (၃)ဦးနဲ့ မူလတန်းအဆင့် (၃)ဦးစီ ပဏာမ ရွေးချယ်ပြီး ပြည်နယ်အဆင့်ဖြေဖို့ စေလွှတ်ပေးရမှာပါ"ဟု မိုင်းတုံမြို့နယ်ပညာရေးမှူး ဦးမောင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းတုံမြို့နယ်မှ အထက်တန်းပြ (၁၀)ဦး၊ အလယ်တန်းပြ (၂၂)ဦး၊ မူလတန်းပြ (၁၂) ဦး စုစုပေါင်း(၄၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသည့် ဆရာ၊ဆရာမများသည် ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့်တို့တွင် ထပ်မံ အရွေးချယ်ခံရမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~