မႏၱေလးမွ ဘန္ေကာက္သို႔ ပထမဆံုးအႀကိမ္ တိုက္ရိုက္ေလယာဥ္ပ်ံသန္း

မႏၱေလးမွ ဘန္ေကာက္သို႔ ပထမဆံုးအႀကိမ္ တိုက္ရိုက္ေလယာဥ္ပ်ံသန္း
စက်တင်ဘာ 9, 2016
By Tachileik News Agency

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA)၏ မႏၱေလး-ဘန္ေကာက္ တိုက္ရိုက္ခရီးစဥ္ကို ပထမဆံုးအႀကိမ္ အျဖစ္ စက္တင္ဘာလ (၅)ရက္ေန႔က စတင္ပ်ံသန္းေနၿပီျဖစ္ေၾကာင္း ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ တာ၀န္ရွိသူမ်ားထံက သိရသည္။

“အရင္က ျမန္မာ့ေလေၾကာင္းလိုင္း အခုေတာ့ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းဆိုၿပီး ခရီးသည္ေတြကို ၀န္ေဆာင္မႈေတြေပးေနပါတယ္။ အခုလိုမႏၱေလးကေန ဘန္ေကာက္တိုက္ရိုက္ေျပးဆြဲျခင္းျဖင့္ ခရီးသြားေတြအေနနဲ႔ အခ်ိန္ကုန္သက္သာစြာ ခရီးသြားလို႕ရပါတယ္။ ေစ်းႏႈန္းေတြကိုလည္း ခ်ိဳသာေအာင္၊ ခရီးသည္မ်ား ေဘးကင္းလံုျခံဳေရးအတြက္ ေနာက္ဆံုးေပၚေလယာဥ္အသစ္ေတြနဲ႔ စတင္ေျပးဆြဲေနပါတယ္။”ဟု ျမန္မာေလေၾကာင္းလိုင္းမွ အမႈေဆာင္အရာရွိခ်ဳပ္ ဦးသန္းထြန္းက ဆိုသည္။

ျမန္မာႏိုင္ငံ မႏၱေလးၿမိဳ႕မွ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕သို႔ တိုက္ရိုက္ေျပးဆြဲေနေသာ ေလေၾကာင္းလိုင္း ႏွစ္ခုရွိၿပီး MAI ႏွင့္ MNAတို႔ျဖစ္ၾကၿပီး ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ တစ္ပတ္လွ်င္ တနလာၤ၊ ဗုဒၶဟူးႏွင့္ ေသာၾကာ သံုးရက္ေျပးဆြဲေနျခင္းျဖစ္ေၾကာင္း သိရသည္။

 “စက္တင္ဘာလ (၅) ရက္ မႏၱေလးကေန ဘန္ေကာက္ကို ပထမဆံုးခရီးသည္ (၆၆) ေယာက္နဲ႔ ေျပးဆြဲပ်ံသန္းခဲ့ပါတယ္။ မႏၱေလး-ဘန္ေကာက္-မႏၱေလးခရီးစဥ္ပါ တစ္ေယာက္တည္းဆိုရင္ေတာ့ အေမရိကန္ေဒၚလာ (၁၇၀) က်သင့္မွာျဖစ္ျပီးေတာ့ ႏွစ္ေယာက္၀ယ္တယ္ဆိုရင္ေတာ့ တစ္ေယာက္ကို ေဒၚလာ (၁၄၂) က်ပ္ပဲက်သင့္မွာ ျဖစ္ပါတယ္။ ဒါကလည္း ပထမဆံုး ပ်ံသန္းျခင္းအတြက္ ပရိုးမိုးရွင္းေတြေပးထားတာပါ။ ျပည္တြင္းပ်ံသန္းတာကေတာ့ ၿမိဳ႕ေပါင္း (၂၇) ၿမိဳ႕ကိုေျပးဆြဲေနပါတယ္။”ဟု ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းမွ စီးပြားေရးအရာရွိ ဦးနိုင္ေစာလြင္က ဆိုသည္။

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ ႏိုင္ငံတကာခရီးစဥ္မ်ားအျဖစ္ စကၤာပူႏိုင္ငံ၊ တရုတ္ႏိုင္ငံႏွင့္ ေဟာင္ေကာင္သို႔ ၂၀၁၅ ခုႏွစ္တြင္ စတင္ေျပးဆြဲခဲ့ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီလတြင္ ရန္ကုန္မွ ဘန္ေကာက္သို႔ တိုးခ်ဲ႕ေျပးဆြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏ မန္တလေး-ဘန်ကောက် တိုက်ရိုက်ခရီးစဉ်ကို ပထမဆုံးအကြိမ် အဖြစ် စက်တင်ဘာလ (၅)ရက်နေ့က စတင်ပျံသန်းနပြေီဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူများထံက သိရသည်။

“အရင်က မြန်မာ့လေကြောင်းလိုင်း အခုတော့ မြန်မာအမျိုးသားလေကြောင်းလိုင်းဆိုပြီး ခရီးသည်တွေကို ဝန်ဆောင်မှုတွေပေးနေပါတယ်။ အခုလိုမန္တလေးကနေ ဘန်ကောက်တိုက်ရိုက်ပြေးဆွဲခြင်းဖြင့် ခရီးသွားတွေအနေနဲ့ အချိန်ကုန်သက်သာစွာ ခရီးသွားလို့ရပါတယ်။ ဈေးနှုန်းတွေကိုလည်း ချိုသာအောင်၊ ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် နောက်ဆုံးပေါ်လေယာဉ်အသစ်တွေနဲ့ စတင်ပြေးဆွဲနေပါတယ်။”ဟု မြန်မာလေကြောင်းလိုင်းမှ အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက ဆိုသည်။

မြန်မာနိုင်ငံ မန္တလေးမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တိုက်ရိုက်ပြေးဆွဲနေသော လေကြောင်းလိုင်း နှစ်ခုရှိပြီး MAI နှင့် MNAတို့ဖြစ်ကြပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ သုံးရက်ပြေးဆွဲနခြေင်းဖြစ်ကြောင်း သိရသည်။

 “စက်တင်ဘာလ (၅) ရက် မန္တလေးကနေ ဘန်ကောက်ကို ပထမဆုံးခရီးသည် (၆၆) ယောက်နဲ့ ပြေးဆွဲပျံသန်းခဲ့ပါတယ်။ မန္တလေး-ဘန်ကောက်-မန္တလေးခရီးစဉ်ပါ တစ်ယောက်တည်းဆိုရင်တော့ အမေရိကန်ဒေါ်လာ (၁၇၀) ကျသင့်မှာဖြစ်ပြီးတော့ နှစ်ယောက်ဝယ်တယ်ဆိုရင်တော့ တစ်ယောက်ကို ဒေါ်လာ (၁၄၂) ကျပ်ပဲကျသင့်မှာ ဖြစ်ပါတယ်။ ဒါကလည်း ပထမဆုံး ပျံသန်းခြင်းအတွက် ပရိုးမိုးရှင်းတွေပေးထားတာပါ။ ပြည်တွင်းပျံသန်းတာကတော့ မြို့ပေါင်း (၂၇) မြို့ကိုပြေးဆွဲနေပါတယ်။”ဟု မြန်မာအမျိုးသား လေကြောင်းလိုင်းမှ စီးပွားရေးအရာရှိ ဦးနိုင်စောလွင်က ဆိုသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နိုင်ငံတကာခရီးစဉ်များအဖြစ် စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဟောင်ကောင်သို့ ၂၀၁၅ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မှ ဘန်ကောက်သို့ တိုးချဲ့ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~