ႏွစ္လံုးထီ ေလာင္းကစား ျပဳလုပ္ေနသူမ်ားကို ၀မ္းတြင္းၿမိဳ႕တြင္ အေရးယူ

ႏွစ္လံုးထီ ေလာင္းကစား ျပဳလုပ္ေနသူမ်ားကို ၀မ္းတြင္းၿမိဳ႕တြင္ အေရးယူ
စက်တင်ဘာ 9, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး ၀မ္းတြင္းၿမိဳ႕နယ္၊ ပင္းတလဲၿမိဳ႕တြင္ ႏွစ္လံုးထီ ေလာင္းကစား ျပဳလုပ္ေနသူ (၂)ဦးအား ေလာင္းကစားဥပေဒပုဒ္မျဖင့္ စက္တင္ဘာ(၈)ရက္ေန႔က မင္းတလဲၿမိဳ႕မရဲစခန္းမွ ဖမ္းဆီးစစ္ေဆးအေရးယူထားေၾကာင္း သိရသည္။

"ေလာင္းကစားလုပ္ေနတဲ့ သူ(၂)ဦးကို သတင္းရရွိလို႔ ဖမ္းဆီးတာ လက္ထဲမွာ ေလာင္းကစားလုပ္တဲ့ေငြ က်ပ္(၁)သိန္းေက်ာ္နဲ႔ ေလာင္းကစားေဘာင္ခ်ာစာရြက္ စာတမ္းေတြကို သိမ္းဆည္းမိတာပါ"ဟု ပင္းတလဲၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးမွ ေျပာသည္။

ေလာင္းကစားျပဳလုပ္ေနေၾကာင္း သတင္းရရွိသျဖင့္ ပင္းတလဲစခန္းမွဴး ရဲအုပ္ေမာင္ေမာင္လြင္ႏွင့္ ခရိုင္ ဒ/နမွ ဒုရဲအုပ္ လွစိုးမိုးတို႔မွ ပူးေပါင္းဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး ေလာင္းကစားမႈႏွင့္ ဖမ္းခံရသူတစ္ဦးမွာ ပညာေရးဌာနတစ္ခုမွ အၿငိမ္းစား ေက်ာင္းဆရာမႀကီးတစ္ဦးပါ၀င္ကာ လုပ္သက္ပင္စင္ယူထားေၾကာင္း ၎ထံမွ သိရသည္။

ေလာင္ကစားသတင္းအရ ပင္းတလဲၿမိဳ႕ ေရႊစာရံဘုရားအေရွ႕ဘက္မုဒ္တြင္ ကိုေအာင္၀င္းႏွင့္ ေဒၚစန္းျမင့္တို႔အား သက္ေသခံ ေလာင္းကစားေငြေၾကး (၁၁၀,၀၀၀)က်ပ္ႏွင့္အတူ ေလာင္းကစား ျပဳလုပ္ရာတြင္ အသံုးျပဳသည့္ စာရြက္စာတမ္းမ်ားအား သိမ္းဆည္းရမိသျဖင့္ ပင္းတလဲၿမိဳ႕မရဲစခန္းမွ (ပ)၃၁/၂၀၁၆ ေလာင္းကစားဥပေဒပုဒ္မ ၁၅(က)/၁၆(က)ျဖင့္ အမႈဖြင့္လွစ္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ကိုလင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲမြို့တွင် နှစ်လုံးထီ လောင်းကစား ပြုလုပ်နေသူ (၂)ဦးအား လောင်းကစားဥပဒေပုဒ်မဖြင့် စက်တင်ဘာ(၈)ရက်နေ့က မင်းတလဲမြို့မရဲစခန်းမှ ဖမ်းဆီးစစ်ဆေးအရေးယူထားကြောင်း သိရသည်။

"လောင်းကစားလုပ်နေတဲ့ သူ(၂)ဦးကို သတင်းရရှိလို့ ဖမ်းဆီးတာ လက်ထဲမှာ လောင်းကစားလုပ်တဲ့ငွေ ကျပ်(၁)သိန်းကျော်နဲ့ လောင်းကစားဘောင်ချာစာရွက် စာတမ်းတွေကို သိမ်းဆည်းမိတာပါ"ဟု ပင်းတလဲမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

လောင်းကစားပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် ပင်းတလဲစခန်းမှူး ရဲအုပ်မောင်မောင်လွင်နှင့် ခရိုင် ဒ/နမှ ဒုရဲအုပ် လှစိုးမိုးတို့မှ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လောင်းကစားမှုနှင့် ဖမ်းခံရသူတစ်ဦးမှာ ပညာရေးဌာနတစ်ခုမှ အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦးပါဝင်ကာ လုပ်သက်ပင်စင်ယူထားကြောင်း၎င်းထံမှ သိရသည်။

လောင်ကစားသတင်းအရ ပင်းတလဲမြို့ ရွှေစာရံဘုရားအရှေ့ဘက်မုဒ်တွင် ကိုအောင်ဝင်းနှင့် ဒေါ်စန်းမြင့်တို့အား သက်သေခံ လောင်းကစားငွေကြေး (၁၁၀,ဝဝဝ)ကျပ်နှင့်အတူ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများအား သိမ်းဆည်းရမိသဖြင့် ပင်းတလဲမြို့မရဲစခန်းမှ (ပ)၃၁/၂၀၁၆ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။

သတင်း - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~