ေငြတိုးေပးသည့္ သူငယ္ခ်င္းအရင္းကို ဓားျဖင့္ ခုတ္ပိုင္းသတ္ကာ ေျမျမဳပ္မႈ (၄)ရက္အလြန္မွ သိရ

ေငြတိုးေပးသည့္ သူငယ္ခ်င္းအရင္းကို ဓားျဖင့္ ခုတ္ပိုင္းသတ္ကာ ေျမျမဳပ္မႈ (၄)ရက္အလြန္မွ သိရ
စက်တင်ဘာ 2, 2016
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္ ေထးငွားလ်ားေက်းရြာမွ ေလးရက္ၾကာေပ်ာက္ဆံုးေနသည့္ အမ်ိဳးသမီးအား ၎၏ သူငယ္ခ်င္းျဖစ္သူမွ ဓားျဖင့္ခုတ္ပိုင္းသတ္ကာ ေနအိမ္တြင္ ေျမျမဳပ္ခံထားရသည္ကို ရဲတပ္ဖြဲ႕က ရွာေဖြေတြ႕ရိွရေၾကာင္း သိရသည္။

ေပ်ာက္ဆံုးေနသည့္ အမ်ိဳးသမီး၏ ခႏၶာကိုယ္ အပိုင္းအစမ်ားႏွင့္ အသံုးအေဆာင္မ်ားအား သူငယ္ခ်င္း အမ်ိဳးသမီး၏ ေနအိမ္ၿခံဝင္းအတြင္း အိမ္သာေဟာင္းတြင္ ျမဳပ္ႏွံထားသည္ကို ရွာေဖြ ေတြ႕ရိွျခင္းျဖစ္ေၾကာင္း သိရသည္။

ေထးငွားလ်ားေက်းရြာမွ ေဒၚပိုးျမာသည္ ၾသဂုတ္လ (၂၈)ရက္တြင္ ေနအိမ္မွ ဆိုင္ကယ္ျဖင့္ ထြက္သြားၿပီးကတည္းက ျပန္လည္ေရာက္ရိွလာျခင္း မရိွသျဖင့္ ေထးငွားလ်ားေက်းရြာမွ ရြာသားမ်ားႏွင့္ အနီးဝန္းက်င္ ေက်းရြာမ်ားမွ သံုးရက္ၾကာ ေတာနင္းရွာေဖြၾကျခင္းျဖစ္သည္။

မႈံျပာေက်းရြာ လယ္ေတာအနီးတြင္ ဆိုင္ကယ္တစ္စီးေတြ႔ရိွ၍ သိမ္းဆည္းေပးထားသည္ဟု လယ္ေတာအနီးေနသည့္ ေဒသခံက စက္တင္ဘာလ (၁)ရက္ေန႔တြင္ အေၾကာင္းၾကားေပးရာမွ အဆိုပါ ဆိုင္ကယ္မွာ ေပ်ာက္ဆံုးေနသည့္ ေဒၚပိုးျမာ၏ ဆုိင္ကယ္ျဖစ္ေၾကာင္း ေက်းရြာသားမ်ားက အတည္ျပဳႏုိင္ခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕က မသကၤာသူ ေမာင္ေဌးရယ္အား ေခၚယူစစ္ေဆးျခင္းျဖစ္သည္။

ယင္းသို႔ စစ္ေဆးရာတြင္ ေမာင္ေဌးရယ္က အဆိုပါဆိုင္ကယ္မွာ ၎၏အေဒၚျဖစ္သူက တြန္းခိုင္း၍ တြန္းေပးခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆိုသျဖင့္ အေဒၚျဖစ္သူ ေဒၚဗ်ားျမာအား ရွာေဖြ စစ္ေဆးခဲ့ရာမွ လူသတ္မႈက်ဴးလြန္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံ ထြက္ဆိုခဲ့ျခင္းျဖစ္သည္။

″သတ္တာကေတာ့ ေတာ္ေတာ္ေလးကို ရက္ရက္စက္စက္ သတ္ထားတာ။ သူ႕ရဲ႕ထြက္ဆိုခ်က္အရ ခႏၶာကိုယ္ကို ႏွစ္ပိုင္း၊ သုံးပိုင္းခုတ္ၿပီး အေနာက္က မီးဖိုထဲမွာ မီးရႈိ႕ပစ္တာ။ လုပ္တာကလည္း ေန႔လယ္ပိုင္းဆိုေပမဲ့ ပတ္ဝန္းက်င္ကလည္း သတိမထားမိဘူးေလ"ဟု စစ္ေဆးမႈလုပ္ေနသည့္ တာဝန္ရွိ သူတစ္ဦးက ေျပာသည္။

ေဒၚဗ်ားျမာ၏ ထြက္ဆိုခ်က္အရ ေပ်ာက္ဆုံးသူႏွွင့္ ေဒၚဗ်ားျမာမွာ သူငယ္ခ်င္းမ်ားျဖစ္ၿပီး ေငြေၾကးကိစၥျဖင့္ စကားမ်ားရာမွ အနီးရွိ သနပ္ခါးတုံးျဖင့္ ဦးေခါင္းအား ရိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ သူငယ္ခ်င္းျဖစ္သူအား ဓါးမျဖင့္ အပိုင္းပိုင္း ခုတ္ထစ္ကာ အိမ္ေအာက္ရွိ အရက္ခ်က္ေသာ မီးဖိုတြင္ မီးရႈိ႕ၿပီး အိမ္ေနာက္ေဖးရွိ အိမ္သာက်င္းေဟာင္းထဲတြင္ ျမဳပ္ႏွံလိုက္ျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္။

၎၏ ထြက္ဆိုခ်က္အတိုင္း ရဲတပ္ဖြဲ႕က အိမ္သာက်င္းေဟာင္းအား တူးေဖၚရွာေဖြရာမွ ေပ်ာက္ဆုံးေနသူ ေဒၚပိုးျမာ၏ အသံုးအေဆာင္မ်ားႏွင့္ ခႏၶာကိုယ္အပိုင္းအစမ်ား၊ အရိုးမ်ား၊ ေဒၚပိုးျမာအား ထုသတ္ခဲ့ရာတြင္ အသံုးျပဳသည့္ သနပ္ခါးတုံး အရွည္တစ္ေခ်ာင္း တို႔ကိုပါ ေတြ႔ရိွရသျဖင့္ ေတြ႔ရိွရသည့္ အသားစမ်ားသည္ ေပ်ာက္ဆံုးသူ၏ အသားစမ်ား ဟုတ္မဟုတ္ကို ရဲတပ္ဖြဲ႕က စစ္ေဆးမႈမ်ား ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ေသဆံုးသြားသည့္ ေဒၚပိုးျမာမွာ ေငြအတိုးေခ်းသည့္လုပ္ငန္းကို လုပ္ေဆာင္ေနသူျဖစ္ၿပီး ေဒၚဗ်ားျမာႏွင့္ သူငယ္ခ်င္းအရင္းမ်ား ျဖစ္ၾကသည္ဟု ေသဆံုးသူ၏ ေဆြမ်ိဳးေတာ္စပ္သူတစ္ဦးထံမွ သိရသည္။

" သူတို႔က တကယ့္သူငယ္ခ်င္းအရင္းေတြ အၿမဲအတူသြား၊ အတူလာေနၾကတာ။ သူေပ်ာက္သြားေတာ့ ေဒၚပိုးျမာက အိမ္ကို မလာေတာ့ဘူး။ တကယ္ဆိုသူလာရမယ္။ သတင္းလာေမးရမယ္။ အဲဒီေလာက္ အရင္းႀကီးကို မလာဘူး။ ဖုန္းဆက္ေတာ့လည္း နင့္အကိုကို သနားတယ္ ဒါပဲေျပာေနတယ္။ သူအရမ္း လုပ္ရက္တယ္ တကယ္ဆို သူ႕ေက်းဇူးရွင္ကို ″ ဟု ေသဆံုးသူ၏ ေဆြမ်ိဳးျဖစ္သူက ဆိုသည္။

ေဒၚပိုးျမာ အသတ္ခံရမႈႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ပတ္သက္ေနသည္ဟု ယူဆရေသာ ေဒၚဗ်ားျမာ၏ ေယာက်္ား ျဖစ္သူႏွင့္ တူျဖစ္သူတို႔ကိုလည္း ရဲတပ္ဖြဲ႕မွ စစ္ေဆးမႈမ်ား ျပဳလုပ္ရန္ ထိန္းသိမ္းထားၿပီး လိြဳင္ေကာ္ၿမိဳ႕ ၿမိဳ႕နယ္ရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ထေးငှါးလျားကျေးရွာမှ လေးရက်ကြာပျောက်ဆုံးနေသည့် အမျိုးသမီးအား၎င်း၏ သူငယ်ချင်းဖြစ်သူမှ ဓားဖြင့်ခုတ်ပိုင်းသတ်ကာ နေအိမ်တွင် မြမြေုပ်ခံထားရသည်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ် အပိုင်းအစများနှင့် အသုံးအဆောင်များအား သူငယ်ချင်း အမျိုးသမီး၏ နေအိမ်ခြံဝင်းအတွင်း အိမ်သာဟောင်းတွင် မြုပ်နှံထားသည်ကို ရှာဖွေ တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ထေးငှါးလျားကျေးရွာမှ ဒေါ်ပိုးမြာသည် သြဂုတ်လ (၂၈)ရက်တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားပြီးကတည်းက ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ထေးငှါးလျားကျေးရွာမှ ရွာသားများနှင့် အနီးဝန်းကျင် ကျေးရွာများမှ သုံးရက်ကြာ တောနင်းရှာဖွကြခြေင်းဖြစ်သည်။

မှုံပြာကျေးရွာ လယ်တောအနီးတွင် ဆိုင်ကယ်တစ်စီးတွေ့ရှိ၍ သိမ်းဆည်းပေးထားသည်ဟု လယ်တောအနီးနေသည့် ဒေသခံက စက်တင်ဘာလ (၁)ရက်နေ့တွင် အကြောင်းကြားပေးရာမှ အဆိုပါ ဆိုင်ကယ်မှာ ပျောက်ဆုံးနေသည့် ဒေါ်ပိုးမြာ၏ ဆိုင်ကယ်ဖြစ်ကြောင်း ကျေးရွာသားများက အတည်ပြုနိုင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က မသင်္ကာသူ မောင်ဌေးရယ်အား ခေါ်ယူစစ်ဆေးခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးရာတွင် မောင်ဌေးရယ်က အဆိုပါဆိုင်ကယ်မှာ၎င်း၏အဒေါ်ဖြစ်သူက တွန်းခိုင်း၍ တွန်းပေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသဖြင့် အဒေါ်ဖြစ်သူ ဒေါ်ဗျားမြာအား ရှာဖွေ စစ်ဆေးခဲ့ရာမှ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

″သတ်တာကတော့ တော်တော်လေးကို ရက်ရက်စက်စက် သတ်ထားတာ။ သူ့ရဲ့ထွက်ဆိုချက်အရ ခန္ဓာကိုယ်ကို နှစ်ပိုင်း၊ သုံးပိုင်းခုတ်ပြီး အနောက်က မီးဖိုထဲမှာ မီးရှို့ပစ်တာ။ လုပ်တာကလည်း နေ့လယ်ပိုင်းဆိုပေမဲ့ ပတ်ဝန်းကျင်ကလည်း သတိမထားမိဘူးလေ"ဟု စစ်ဆေးမှုလုပ်နေသည့် တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဒေါ်ဗျားမြာ၏ ထွက်ဆိုချက်အရ ပျောက်ဆုံးသူနှင့် ဒေါ်ဗျားမြာမှာ သူငယ်ချင်းများဖြစ်ပြီး ငွေကြေးကိစ္စဖြင့် စကားများရာမှ အနီးရှိ သနပ်ခါးတုံးဖြင့် ဦးခေါင်းအား ရိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် သူငယ်ချင်းဖြစ်သူအား ဓားမဖြင့် အပိုင်းပိုင်း ခုတ်ထစ်ကာ အိမ်အောက်ရှိ အရက်ချက်သော မီးဖိုတွင် မီးရှို့ပြီး အိမ်နောက်ဖေးရှိ အိမ်သာကျင်းဟောင်းထဲတွင် မြုပ်နှံလိုက်ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

၎င်း၏ ထွက်ဆိုချက်အတိုင်း ရဲတပ်ဖွဲ့က အိမ်သာကျင်းဟောင်းအား တူးဖော်ရှာဖွေရာမှ ပျောက်ဆုံးနေသူ ဒေါ်ပိုးမြာ၏ အသုံးအဆောင်များနှင့် ခန္ဓာကိုယ်အပိုင်းအစများ၊ အရိုးများ၊ ဒေါ်ပိုးမြာအား ထုသတ်ခဲ့ရာတွင် အသုံးပြုသည့် သနပ်ခါးတုံး အရှည်တစ်ချောင်း တို့ကိုပါ တွေ့ရှိရသဖြင့် တွေ့ရှိရသည့် အသားစများသည် ပျောက်ဆုံးသူ၏ အသားစများ ဟုတ်မဟုတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

သေဆုံးသွားသည့် ဒေါ်ပိုးမြာမှာ ငွေအတိုးချေးသည့်လုပ်ငန်းကို လုပ်ဆောင်နေသူဖြစ်ပြီး ဒေါ်ဗျားမြာနှင့် သူငယ်ချင်းအရင်းများ ဖြစ်ကြသည်ဟု သေဆုံးသူ၏ ဆွေမျိုးတော်စပ်သူတစ်ဦးထံမှ သိရသည်။

" သူတို့က တကယ့်သူငယ်ချင်းအရင်းတွေ အမြဲအတူသွား၊ အတူလာနကြေတာ။ သူပျောက်သွားတော့ ဒေါ်ပိုးမြာက အိမ်ကို မလာတော့ဘူး။ တကယ်ဆိုသူလာရမယ်။ သတင်းလာမေးရမယ်။ အဲဒီလောက် အရင်းကြီးကို မလာဘူး။ ဖုန်းဆက်တော့လည်း နင့်အကိုကို သနားတယ် ဒါပဲပြောနေတယ်။ သူအရမ်း လုပ်ရက်တယ် တကယ်ဆို သူ့ကျေးဇူးရှင်ကို ″ ဟု သေဆုံးသူ၏ ဆွေမျိုးဖြစ်သူက ဆိုသည်။

ဒေါ်ပိုးမြာ အသတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသော ဒေါ်ဗျားမြာ၏ ယောကျာ်း ဖြစ်သူနှင့် တူဖြစ်သူတို့ကိုလည်း ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ရန် ထိန်းသိမ်းထားပြီး လွိုင်ကော်မြို့ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~